သဘာဝဘေး မမှန်သတင်းလွှင့်သူကို ဥပဒေအရ အရေးယူနိုင်ကြောင်း အသိပေး

သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်သူကို ဥပဒေ အရ ထောင်ဒဏ်နှင့်ငွေဒဏ်ချ မှတ်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ၀န်ကြီးဌာနက အသိပေးကြေညာသည်။

နေပြည်တော်တွင် မတ်လ ၁၁ ရက် ညက ငလျင်လှုပ်မည် ဟူသော ကောလာဟလများ ကြောင့် ဒေသခံများ စိုးရိမ်ထိတ် လန့်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၁၂ ရက်တွင် အထက်ပါ ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ် သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ‘‘လှုပ်မလားဆိုပြီး စိုးရိမ်နေကြ တာကို နားလည်ပါတယ်။ ဒါပေမဲ့ လုံးဝကြိုသိနိုင်တာ မဟုတ်တဲ့အတွက်ကြောင့် ဖြစ်ရင်ဘယ်လို လုပ်ရမယ်ဆိုတာပဲ သတိထားဖို့ လိုတယ်။ သတင်းအမှားတွေကို သင်ခန်းစာယူဖို့ လိုတယ်။ သတင်း အမှားထုတ်သူတွေလည်း ဥပဒေ ကိုသိဖို့၊ လေးစားလိုက်နာဖို့လို တယ်’’ဟု ပြောသည်။

သတင်းအမှားများကို မယုံ ကြည်မိစေရန် အစိုးရနှင့် သတင်း မီဒီယာများက ထုတ်ပြန်သည့် ငလျင်ဆိုင်ရာသတင်းများ စောင့်ကြည့်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။

ဝန်ကြီးဌာန ထုတ်ပြန် ချက်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အခန်း (၈) ပုဒ်မ  ၂၇ အရ ‘မည်သူမဆို အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ် လျဉ်း၍ မဟုတ်မမှန်သတင်းလွှင့် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို တစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်ရမည်’ဟု ပါရှိသည်။

နေပြည်တော်တွင် မတ်လ ၈ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အင်အား အသင့်အတင့်ရှိ သည့် ငလျင်လှုပ်ခတ်ပြီး မတ်လ ၁၁ ရက်တွင် ရစ်ခ်ျတာစကေး ၃ ဒသမ ၈ အဆင့် ငလျင်ထပ်မံလှုပ် ခတ်ခဲ့သည်။ ယင်းညတွင် ငလျင် လှုပ်မည်ဟူသော ကောလာဟလ များပျံ့နှံ့နေသဖြင့် အစိုးရ၀န်ထမ်း အချို့တိုက်ခန်းပေါ်တွင်မအိပ်ရဲ ဘဲ အောက်ဆင်းနေခဲ့သည်။