ကာဂျစ္စတန်နှင့် ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထွက်ပေါ်

ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ခဲ့သည့် အာရှဖလားခြေစစ်ပွဲ ပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အာရှဖလားခြေစစ်ပွဲ ကာဂျစ္စတန်အသင်းနှင့် ပွဲအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းတွင် လူငယ်ကစားသမားသစ် လေးဦးပါဝင်လာသည်။

မတ်လ ၁၃ ရက်က ထုတ်ပြန် သည့် လက်ရွေးစင်အပြီးသတ် ကစားသမားစာရင်းတွင် ရန်ကုန် အသင်းမှ အီစိုးနှင့် ကျော်ဇင်ဦး၊ အားကာသိပ္ပံ အသင်းမှ လွင်မိုး အောင်၊ မကွေးအသင်းမှ ကျော် စွာလင်းတို့ ပထမအကြိမ် ပါဝင် လာသည်။ ထို့အတူ ထိုင်းလိဂ် တွင် သွားကစားနေသည့် ကျော်ကိုကို(ချင်းရွိုင်) နှင့် အောင်သူ (Poli -ce Tero) တို့လည်း ပါဝင်သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် မတ်လ ၁၄ ရက်တွင် အသင်းစတင်စုဖွဲ့ပြီး မတ်လ ၁၅ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ ထွက်ခွာမည် ဖြစ် သည်။ ထိုင်းလိဂ်တွင်သွားရောက် ကစားနေသည့် ကျော်ကိုကိုနှင့် အောင်သူတို့သည် မတ်လ ၁၉ ရက်တွင် အသင်းနှင့်လာရောက် ပူးပေါင်းမည် ဖြစ်သည်။

       လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ပွဲကို မတ်လ ၂၂ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အားစားကွင်း၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါပွဲကိုမြန်မာ့ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

မြန်မာအသင်း ပါဝင်သည့် ၂၀၁၉ အာရှဖလားတတိယအ ဆင့် ခြေစစ်ပွဲအုပ်စု(က) တွင် အိန္ဒိယ အသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန်ခြေစစ် ပွဲအောင် တစ်နေရာအတွက် ကာ ဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းသည် ခြေစစ် ပွဲနောက်ဆုံးပွဲအဖြစ် မကာအိုအ သင်းနှင့် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အပြီးသတ်ကစားသမားစာရင်း

ဂိုး-သီဟစည်သူ၊ ကျော်ဇင်ထက်၊ဆန်းဆက်နိုင်

နောက်တန်း-ဇော်မင်းထွန်း၊ ၀င်း မင်းထွဋ်၊ ကျော်ဇင်လွင်၊ ဒေးဗစ် ထန်း၊ ထိုက်ထိုက်အောင်၊ ကျော် စွာလင်း

အလယ်တန်း- သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ ရန် နိုင်ဦး၊ တင်ဝင်းအောင်၊ ကျော်ဇင် ဦး၊ ရန်အောင်ကျော်၊ ကြည်လင်း၊ မောင်မောင်လွင်၊ လွင်မိုးအောင်

ရှေ့တန်း- ကျော်ကိုကို၊ အောင် သူ၊ ဇင်မင်းထွန်း၊ အီစိုး

Top News