သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို ကန့်ကွက်ပွဲပြုလုပ်မည်

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံ ကိန်းများကို ရပ်ဆိုင်းပေးရန် အ ပြည်ပြည်ဆိုင်ရာ ရေကာတာဆန့် ကျင်ရေးနေ့ဖြစ်သော ယနေ့(မတ် လ ၁၄ ရက်)တွင် ကရင်ပြည်နယ် ဒေသခံ ၂,၀၀၀ က ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ကရင်ပြည်နယ်မြစ် ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်သည်။

ကန့်ကွက်ပွဲကို ဖာပွန်မြို့ နယ်ရှိ ဟတ်ကြီးရေကာတာစီမံ ကိန်းအနီး၌ ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး သံလွင်မြစ်တစ် လျှောက် နေထိုင်သော တိုင်းရင်း သားများ၏ သဘောထားများ ထုတ်ပြန်ခြင်း၊ ရွှေ့ပြောင်းခံရသူ များ၏ အတွေ့အကြုံကို မျှဝေ မည့် အစီအစဉ်လည်းပါဝင်သည်။

သံလွင်မြစ်ပေါ်တွင် ကွမ်းလုံ ဆည်၊ နောင်ဖာဆည်၊ တာဆန်းဆည်၊ ရွာသစ်ဆည်၊ ဝဲကြီးဆည်၊  ဒက်ဝင်းဆည်၊ ဟတ်ကြီးဆည်တို့ကို တည်ဆောက်ရန် ဆောင်ရွက်နေမှုအပေါ် ဒေသခံများက ကန့်ကွက်နေသော်လည်း လက်ရှိ အချိန်ထိ ယင်းစီမံကိန်းများကို အကောင်အထည်ဖော်မှုများ ရှိနေကြောင်း ကရင်ပြည်နယ်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ စောဟဲ စေးက ပြောသည်။

‘‘ကျွန်တော်တို့ ကရင်ပြည် နယ် ဟတ်ကြီးဆည်စီမံကိန်းမှာ ဆို လမ်းဖောက်တာတွေ လုပ်နေ တယ်။ တပ်စခန်းတွေ ချထား တယ်။ နယ်မြေစိုးမိုးမှုအတွက် အရင်လုပ်နေကြပြီ’’ဟု ၎င်းက ဆိုသည်။

ယင်းဆည်များအနက် ရှမ်း ပြည်နယ်ရှိ ကွမ်းလုံဆည်တည် ဆောက်ရေးစီမံကိန်းတွင် ဆောက် လုပ်ရေးပစ္စည်းများ ရောက်ရှိနေ ပြီးဖြစ်၍ စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

‘‘ကျွန်တော်တို့ အခုလို ကန့် ကွက်မှုတွေလုပ်နေတာကြာပြီ။ ဒါကိုမှ အစိုးရက ဆက်လုပ်မယ် ဆို ကျွန်တော်တို့ ဆန္ဒဖော်ထုတ် မှုတွေ လုပ်မယ်’’ဟု စောဟဲစေး က ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း ခြောက်ခု သည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅,၄၆၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ သံလွင် မြစ်သည် စတုရန်းကီလိုမီတာ ၃၂၄,၀၀၀ ရှည်လျားပြီး တရုတ် နိုင်ငံတွင် ၅၃ ရာခိုင်နှုန်း၊ မြန်မာ နိုင်ငံတွင် ၄၂ ရာခိုင်နှုန်းနှင့် ထိုင်း နိုင်ငံတွင် ၅ ရာခိုင်နှုန်းဖြတ်သန်း စီးဆင်းကာ ယင်းမြစ်ပေါ်တွင် လူဦးရေ ခုနစ်သန်းနေထိုင်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကဲ့သို့ပင် အထက်ရဲ ရွာရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် တာလုံ ကျေးရွာရှိ မြစ်ငယ်မြစ်(ခေါ်)နမ္မ တူမြစ်ကမ်း၌ မတ်လ ၁၄ ရက် နံနက် ၉ နာရီတွင် ဒေသခံများက ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ် ကြောင်း တာလုံကျေးရွာဒေသခံ နန်းလောဝ်ခမ်းက ပြောသည်။

Top News