လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းနေဆဲဟု NMSP ပြော

NCA လက်မှတ်ရေးထိုးပွဲအပြီး NMSPကိုယ်စားလှယ်များနှင့်အစိုးရအဖွဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲ ကျင်းပနိုင် ရေးညှိနှိုင်းနေဆဲ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

မကြာမီက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်ထိုး ထားသည့် NMSP က ၎င်းတို့ထိန်း ချုပ်နယ်မြေအတွင်း လူထုတွေ့ဆုံပွဲကျင်းပရန် အစီအစဉ်ကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က လူဦး ရေကန့်သတ်မှုပြုလုပ်၍ လူထု တွေ့ဆုံပွဲကျင်းပမည့် အစီအစဉ် များရပ်ဆိုင်းထားဟု NMSP က ဆိုသည်။

‘‘တိုင်းက ကျွန်တော်တို့ကို လူများများနဲ့ မပေးလုပ်စေချင်ဘူး ဆိုတဲ့ သဘောပေါ့။ အခု ကျွန် တော်တို့ညှိနေတုန်း’’ ဟု နိုင် အောင်မငေးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ညှိနှိုင်း ပြေလည်မှုရရှိပြီဟု မတ်လ ၁၀ ရက်က ပြောသည်။

အစိုးရကိုယ်စားလှယ်၏ ပြောဆိုမှုနှင့် ပတ်သက်၍ နိုင် အောင်မငေးက ‘‘ပြေလည်တယ် ဆိုပေမယ့် ကျွန်တော်တို့က တရား ဝင်စာကို စောင့်နေတာ။ တရား ဝင်စာမရောက်ဘူးဆိုရင် လုပ်ဖို့ နည်းနည်းခက်တာပေါ့။ အရင်က ပြောတာက ၂၀၊ ၃၀ ဦးဆိုတော့ ဘယ်လိုမှ မဖြစ်ဘူးပေါ့။ အခုက ဘယ်လိုရေးလာမလဲဆိုတာ မသိ သေးလို့ပေါ့’’ဟု ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ ကော့ဘိန်းဒေသတွင် NMSP က လူဦးရေ ၂၅၀ ခန့်ဖြင့် မတ်လ ၁၀ ရက်တွင် လူထုတွေ့ ဆုံပွဲပြုလုပ်ရန် စီစဉ်ခဲ့ရာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က လူ ဦးရေကန့်သတ်မှုပြုလုပ်ခဲ့သည်။ NMSP သည် မွန်လူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မွန်ပြည်နယ်ရေးမြို့ နယ်တွင် ဧပြီ ၆ ရက်မှ ၉ ရက်အ ထိ ကျင်းပရန် စီစဉ်ထားသည်။ ယင်းဆွေးနွေးပွဲမတိုင်မီ လူထု တွေ့ဆုံပွဲများကို NMSP ထိန်းချုပ် နယ်မြေအတွင်း နေရာငါးနေရာ၌ ကျင်းပရန် စီစဉ်ထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လူထုတွေ့ဆုံပွဲပြုလုပ်ခွင့်ရှိသော် လည်း ပါဝင်မည့် လူဦးရေပြဿ နာကို အသေးစိတ်လိုက်ကြည့် သည့်သဘောဖြစ်နေဟု အပစ်ရပ် အဖွဲ့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

‘‘အဲဒီလို အခက်အခဲရှိရင် နောက်ထိုးမယ့် အဖွဲ့တွေ ရှိရင် လည်း မထိုးခင်ကတည်းက ဆွေး နွေးပွဲဘယ်မှာလုပ်မယ်၊ လုပ်မယ့် နေရာသဘောတူရုံမက လုပ်တဲ့ အချိန်မှာ တက်ရောက်ရမယ့်လူ ဦးရေပါ ထည့်သဘောတူရမလို ဖြစ်လာတာပေါ့။ တဖြည်းဖြည်း အသေးလိုက်စိတ်လာတာပေါ့’’ ဟု ၎င်းက ပြောသည်။

NMSP အနေဖြင့် NCA မထိုးခင်ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊  တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့နှင့်တွေ့ဆုံ ကာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ လူထုတွေ့ဆုံဆွေး နွေးပွဲများ အဆင်ပြေစွာ ကျင်းပ နိုင်ရေး အကူအညီတောင်းခံထား သည်။

အပစ်ရပ်အဖွဲ့ RCSS က ဦး ဆောင်ပြီး လင်းခေးမြို့၌ ကျင်းပ မည့် ရှမ်းအမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲအကြို လူထုတွေ့ ဆုံပွဲများကို တပ်မတော်က တား ဆီး၍ လင်းခေးဆွေးနွေးပွဲကို  ရွှေ့ ဆိုင်းထားရပြီး ပြန်လည်ကျင်းပ နိုင်ရေး ညှိနှိုင်းနေသည်။

More in News Section

Top News