ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်

ဒေါ်အောင်ဆန်းစုကြည် ဇန်န၀ါရီလက အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့စဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျနိုင် ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျ ဓနသဟာယ နိုင်ငံဝန်ကြီးချုပ် မဲလ်ကွန်တန် ဘဲလ်၏ဖိတ်ကြားချက်အရ တရား ဝင်ချစ်ကြည်ရေးခရီးသွားရောက် ရန်နှင့် ဆစ်ဒနီမြို့တွင် ကျင်းပ မည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး တက် ရောက်ရန် မကြာမီ သြစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း အတိုင်ပင်ခံရုံး၏ယမန် နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျခရီးစဉ်တွင် အခြား နိုင်ငံ့ခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်  ဦးဇော် ဌေးက ပြောသည်။

‘‘အာဆီယံအစည်းအဝေး သွားမယ့်ရက်ကိုတော့ ထပ်မံ ထုတ်ပြန်ပေးမှာပါ။ နိုင်ငံ့ခေါင်း ဆောင်တွေနဲ့ တွေ့ဖို့ရာက ဟိုကျ မှ သေချာပြောနိုင်မယ်။ တွေ့ဖို့ စီစဉ်ထားတာတော့ရှိတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ပသို့ နောက်ဆုံးသွား ရောက်ခဲ့သည့်   ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ   နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်အ ထိ လေးရက်ကြာ ကျင်းပခဲ့သော အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေး (၂၅)နှစ်မြောက်အ ထိမ်းအမှတ်ထိပ်သီးအစည်းအ ဝေးနှင့် (၆၉)နှစ်မြောက် အိန္ဒိယ အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၁၁ ရက်က တရုတ်ပြည်သူ့သမ္မတနိုင် ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဘေဂျင်းမြို့၌    ပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပ နိုင်ငံရေးပါတီများ၏ အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည် ။

ဒေါ်အောင်ဆန်းစုကြည် သည် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း သြစ တြေးလျနိုင်ငံသို့ ပထမအကြိမ် သွားရောက်ခဲ့သည်။ ယခင်အစိုးရ လက်ထက် အတိုက်အခံခေါင်း ဆောင်အဖြစ် ရပ်တည်စဉ် ၂၀၁၃နိုဝင်ဘာက သြစတြေးလျအစိုးရ ၏ဖိတ်ကြားချက်အရ သွားရောက် ခဲ့ပြီး ဆစ်ဒနီ၊ ကန်ဘာရာနှင့် မဲလ်ဘုန်းမြို့တို့တွင် မြန်မာအသိုင်း အဝိုင်းများနှင့် တွေ့ဆုံမှုများပြု လုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ကျော့ ပြန် ဘင်္ဂါလီအရေး စတင်ပြီး နောက် သြစတြေးလျနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် ပထမ ဆုံးသွားရောက်မည့် နိုင်ငံများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်ပြီး ဘင်္ဂါလီ အကျပ်အတည်းနှင့် ပတ်သက်၍ နှုတ်ဆိတ်နေသည်ဟု ၎င်းကို ဝေ ဖန်သူများက ဒေါ်အောင်ဆန်းစု ကြည်အား သြစတြေးလျအစိုးရ အနေဖြင့် ကြိုဆိုမှု မပြုသင့် ကြောင်း ငြင်းခုန်မှုများရှိလာနိုင် ကြောင်း The Sydney Morning Herald သတင်းဌာနက ရေးသား ထားသည်။

သို့သော် သြစတြေးလျအစိုး ရက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အာဆီယံထိပ်သီးအစည်းအ ဝေးတွင် အဆိုပါအကျပ်အတည်း ကို အဖြေရှာရန် ဒေသတွင်း ခေါင်း ဆောင်များနှင့် မြန်မာခေါင်း ဆောင်တို့အတူ ထိတွေ့ညှိနှိုင်း ရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး အိမ်ရှင်   သြစတြေးလျနိုင်ငံအ နေဖြင့် ခေါင်းဆောင်မှုကို ပြသ ရန်လည်း    အထူးတာဝန်ရှိရာ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ် ခေါ်မှုသည် မှန်ကန်သည့်လုပ်ရပ် ဖြစ်ကြောင်း အဆိုပါသတင်းက ဆက်လက်ဖော်ပြထားသည်။

လက်ရှိ သြစတြေးလျအစိုး ရ၏နိုင်ငံခြားရေးမူဝါဒသည် လုံခြုံ ပွင့်လင်းမှုနှင့် သာယာဝပြော သော အင်ဒိုပစိဖိတ်ဒေသတွင်း အခြေအနေကို ထိန်းသိမ်းစောင့် ရှောက်ရန်နှင့် တရားမျှတမှုနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင်ရေးဖြစ်သည်။

လတ်တလောတွင် နိုင်ငံတ ကာ ပါလီမန်များအဖွဲ့ ညီလာခံကလည်း ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) များအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို အဆုံးသတ်၍ မြန်မာနိုင်ငံရှိ ၎င်းတို့၏ မူလနေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး  ဆုံးဖြတ်ချက်ကို  အ တည်ပြုခဲ့သည်။

More in News Section

Top News