ကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် ရာထူးမှ ထုတ်ပယ်ခံရ

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်သို့ ရောက်ရှိလာသော ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − အီးပီအေ)

ရန်ကုန် - အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တီလာဆန်ကိုသမ္မတ ဒေါ်နယ်ထရန့်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း မတ်လ ၁၃ ရက် CNN သတင်းတွင် ဖော်ပြသည်။

၎င်း၏နေရာတွင် အမေရိ ကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုကို အစားထိုးခန့်အပ်မည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

 ရက်စ်တီလာဆန်သည် ယမန်နှစ် နိုဝင်ဘာ ၁၅ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၎င်း၏ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ မျိုးနွယ်စုရှင်းလင်းမှု (Ethnic Cleansing) ၊ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) စသည့် စကားလုံးများကို သုံးစွဲခြင်းမရှိဘဲ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင်မှ Ethnic Cleansing ဟု သုံးနှုန်းခဲ့သည်။ ထိုသို့သုံးနှုန်းခဲ့မှုနှင့် ပတ်သက်၍ ၎င်းကို ဝေဖန်မှုများရှိခဲ့သည်။တပ်မတော်၊ လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် ဒေသခံအချို့၏ ဥပဒေချိုးဖောက်မှုအချို့ကြောင့် လူထောင်ပေါင်းများစွာသည် မြန် မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက် ပြေးခိုလှုံရကြောင်းနှင့် ရရှိထား သော အချက်အလက်များကို ဂရု တစိုက်စိစစ်လေ့လာပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေ အနေသည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု သုံးနှုန်း)များအပေါ် မျိုးနွယ်စုရှင်းလင်းမှုကို ဖော်ပြနေ ကြောင်း ရက်စ်တီလာဆန်၏  နိုဝင်ဘာ ၂၂ ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

More in News Section

Top News