အကယ်ဒမီအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါ၀ါဝင်းရွှေနှင့် တွေ့ဆုံခြင်း

‘‘ဒီနေရာကို လုပ်တယ်ဆိုတဲ့ အချိန်မှာ အန်တီဝါတို့က အစွဲတွေ ဖြုတ်ရတယ်။ ချစ်ခြင်း၊ မုန်းခြင်း မထားဘူး။ အနုပညာသက်သက်ကိုပဲ ကြည့်ပါတယ်’’

ဝါရင့်အနုပညာရှင် အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေသည် ‘လရောင်ဖြာတဲ့အင်းလေးမှာ’ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးပြီးနောက် ‘ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး’ ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးနေသည်။ ထို့ပြင် ယခုလအတွင်း ကျင်းပမည့် အကယ်ဒမီပေးပွဲ၌ အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုအကဲဖြတ်ပေးနေသည်။ ထို့ကြောင့် အကယ်ဒမီအမှတ်ပေးမှု၊ ရုပ်ရှင်ရုံတင်စနစ်နှင့် အနုပညာလှုပ်ရှားမှုများအကြောင်းကို ၎င်းနှင့် တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။ 


ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ဇာတ်ကားကို ဘယ်လိုကနေ ဘယ်လိုရိုက်ဖြစ်ဖို့ စိတ် ကူးခဲ့တာလဲ။

အန်တီဝါရဲ့ လူမှန်းသိတတ် စအရွယ်ကတည်းက ရှင်ဥပဂုတ္တ ရဟန္တာကြီးကို မိဘလက်ထက်က တည်းက ကိုးကွယ်ခဲ့တယ်။ အဲဒီကတည်းက ရှင်ဥပဂုတ္တရဟန္တာကြီးက အန်တီဝါရင်ထဲမှာ ကိန်းအောင်း နေပါတယ်။ အမြဲပူဇော်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က တည်းက ရဟန္တာမြတ်ကြီးရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ဖို့ မှန်ကန်တဲ့ဟာကို စုစည်းရတယ်။ တညင်ကဆရာတော်ကြီးနဲ့ တိုင်ပင်တယ်။ အခုရိုက်နေတဲ့ ဇာတ်ကားကြီးကအန်တီဝါရဲ့ ရင်ထဲကဖြစ်ပေါ်နေတဲ့ပူဇော်ချင်တဲ့၊ စိတ်ကူးအိပ်မက်တစ်ခုပါ။ အဲဒါကို အချိန်အခါရောက် လာတဲ့အခါမို့လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကွမ်းခြံကုန်းဘက်က ကမ်းခြေတစ်ခုမှာ စရိုက်ခဲ့တယ်။

အခုခေတ်ကားတွေတောင် ရုံတင်ရင် အမြတ်အစွန်းက မသေချာဘူးဆိုတော့ ဒီကားက ပရိသတ်အတွက် အန်တီဝါပေးဆပ်တဲ့ ကားတစ်ကားလို့ ပြောလို့ရလား။

မှန်မှန်ကန်ကန်ပဲ ပြောရမယ် ဆိုရင် အန်တီဝါ ဒီကားက ရဟန္တာ အရှင်မြတ်ကြီးကို အနုပညာပူဇော် တဲ့အနေနဲ့ပဲ ပူဇော်ပါတယ်။ ရုံ တွေတန်းစီရတယ်။ ရုံရက်တွေ မရကြဘူး။ ရတဲ့နေ့ပြမယ်။ 

ဒီကားလေးကကော ဒါရိုက် တာအနေနဲ့ အန်တီဝါရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ သမိုင်းမှတ် တိုင်အနေနဲ့ ဘယ်လိုကျန်ခဲ့မလဲ။

အန်တီဝါရဲ့ ရုပ်ရှင်အနုပညာသက်တမ်းမှာ ဒီကားကတော့ သမိုင်းတစ်ခုအနေနဲ့ အန်တီဝါ ကျန်ရစ်ခဲ့မယ့်ကားပါ။ ဒီကားက အန်တီဝါတို့ ရုပ်ရှင်လောကထဲ ရောက်ခါစတုန်းက အဖြူ၊ အမည်း ခေတ်က ဒါရိုက်တာကြီးဦးချစ်ဖေ က တစ်ခါရိုက်ဖူးပါတယ်။ နောက် ပြီးတော့ အခုလည်းပဲ ဒါကိုပြန်ပြီး  ဒီဘက်ခေတ်မှာ Digital System နဲ့ အကုန်လုံးပြန်ပြီး ရိုက်တယ်။ အန် တီဝါက ဘာသာလဲဆိုတော့ ဒီကားထဲမှာ Animation 3D တွေ၊ အထူးပြုလုပ်ချက်တွေ အဲဒါတွေ တန်ခိုးပြိုင်တဲ့အခန်းတွေဆို စိတ် တိုင်းကျ ပြုလုပ်နိုင်တဲ့အတွက် ကြောင့်မို့လို့ ဒါကိုလာကြည့်တာကို ဖူးကြတာလို့ပဲ ပြောချင်ပါတယ်။

ခေါင်းအတော်စားရတဲ့ အကယ်ဒမီအကဲဖြတ်ဥက္ကဋ္ဌရာထူးကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့ တာလဲ။

ခေါင်းစားတယ်။ ပြီးခဲ့တဲ့ နှစ် တွေ၊ နှစ်တွေကတော့ အန်တီဝါ အဖွဲ့ဝင် အနေနဲ့ပါတယ်။ ဒီနှစ်မှာတော့ အန်တီဝါ ကျန်းမာရေးအရ အထူး သဖြင့် အန်တီဝါ မျက်စိသွေး ကြောပေါက်ထားတဲ့အတွက် ကြောင့် ဒီနှစ်တော့ မလုပ်တော့ ဘူးလို့ အန်တီဝါဆုံးဖြတ်ထားတဲ့ အချိန်မှာ ဥက္ကဋ္ဌကြီးဦးဌေး(ဇင် ၀ိုင်း)ရော၊ မောင်ခန့်စည်သူရော အဖွဲ့ဝင်တွေအားလုံးက အန်တီ ၀ါရဲ့ အနုပညာသမ္ဘာအရ၊ အနု ပညာသက်တမ်းအရ ဒါကို ဥက္ကဋ္ဌ အနေနဲ့ ကူညီပေးပါဆိုလို့ပါ။

ဒီနေရာကို လုပ်တယ်ဆိုတဲ့ အချိန်မှာ အန်တီဝါတို့က အစွဲတွေ ဖြုတ်ရတယ်။ ချစ်ခြင်း၊ မုန်းခြင်း မထားဘူး။ အနုပညာသက်သက် ကိုပဲ ကြည့်ပါတယ်။ မျှတတဲ့ အနု ပညာရှင်ကို အန်တီဝါတစ်ယောက် တည်းမဟုတ်ဘူး။ နာယကကြီး များအားလုံး၊ အဖွဲ့ဝင်အားလုံးက အမှန်ကန်ဆုံးဖြစ်အောင် လုပ်မှာ ပါ။ ဒါပေမဲ့လို့ နှစ်တိုင်းနှစ်တိုင်း မှာ မောင်ကကြီးရရင်တော့ မောင် ခခွေးက စိတ်မကောင်းဖြစ်တယ်။ ဒါတွေကိုလည်း ကိုယ်က အနု ပညာရှင်ဖြစ်တဲ့အတွက် သိပြီး သားပါ။ ကိုယ့်လိပ်ပြာ ကိုယ်သန့် ပါတယ်။

ဇာတ်ကားတွေရဲ့ အရည်အ သွေးနဲ့ပတ်သက်ပြီး အားရတဲ့အ ချက်တွေ၊ အားမရတဲ့ အချက် တွေ ရှိရင်လည်း သုံးသပ်ပေးပါဦး။

တော်တော်လေး အားရတယ်။ကြည့်သမျှထဲမှာ သရုပ်ဆောင် တွေ အပြိုင်အဆိုင်ပဲ အထူးကောင်း ကြပါတယ်။ အိုက်တင်ကိုလည်း ပေါ့ပေါ့တန်တန် ဘယ်သူမှ မလုပ်ကြဘူး။

အနုပညာကိုဖော်ထုတ်တဲ့နေရာမှာ တော်တော်ကို ကြိုးစားကြတာတွေ့ရတယ်။ ၀မ်းသာစရာပါပဲ။ ဒါရိုက်တာအဖွဲ့ဆိုလည်းပဲ ကားတစ်ကားကို ကောင်းကောင်း ဖန်တီးထားကြတယ်။ 

အန်တီဝါတို့နှစ်မှာ အားလုံးရဲ့ သဘောတူညီမှုဆန္ဒအရ ထူးထူးခြားခြားဆုတွေ အားလုံးပေးမယ်လို့ သတ်မှတ်ထားတယ်။ တချို့ကျတော့လည်း ဆုတွေအားလုံးပေးတာထက်စာရင် ထူးချွန်တဲ့သူမရှိရင် ဆုကိုချန်လှပ်ထားပါပေါ့။ စစ်အစိုးရလက်ထက်တုန်းကဆိုရင် အဲဒီလိုထားခဲ့တာမျိုးရှိတယ်လေ။ အန်တီဝါအနေနဲ့ကော ဘယ်ဟာကို ပိုသဘောကျလဲ။

ဒီနှစ်ကို အန်တီဝါတို့ ဆု ၁၁ ဆုလုံးပေးဖို့ အကုန်လုံးဆုံးဖြတ် ထားတယ်။ ဘာလို့လဲဆိုတော့ ဒါတွေဟာ သူ့ကဏ္ဍနဲ့ သူအရေး ပါတယ်။ ဒီထဲမှာ အကောင်းဆုံး တွေလည်း ရှိတယ်။ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးဟာကို ရွေးထုတ် တာပေါ့။ အဲဒါကြောင့် ၁၁ ဆုလုံး ပေးမှာပါ။

အကယ်ဒမီနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကကော မူ ဟောင်းအတိုင်းပဲ ပေးတာလား။အသစ်ထပ်တိုးတာတွေကောရှိ လား။

မူဟောင်းအတိုင်းပေးတာပါ။ 

အန်တီဝါပြောသလို ကိုယ်ကစိတ် ရှည်ရှည်ထားပေမယ့် ရတဲ့သူက ရသလို၊ မရတဲ့သူက မရသလို ခံ စားချက်တွေရှိတော့ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားသလဲ။

အဲဒါကတော့ ခံနိုင်ရည်ရှိလို့ ဒီနေရာကိုလုပ်တာပါ။ အန်တီဝါ ကတော့ အပြုံးလေးနဲ့ပဲပေါ့ သမီး ရယ်။ အားလုံးက ကိုယ့်သမာဓိနဲ့ ကိုယ်လုပ်ကြမယ်။ အမှန်ဆုံးဖြစ် အောင်ကြိုးစားကြပါတယ်။ ဒီနှစ် မဟုတ်တော့လည်း နောက်နှစ်တွေ Chance တွေ ရှိပါတယ်။ 

နောက်နှစ်တွေ ဆက်ကမ်းလှမ်းရင်ကော လုပ်ဖြစ်ဦးမလားရှင့်။

ဒီနှစ်တော့ အန်တီဝါအကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ဒီနှစ် ပြီးရင်တော့ အန်တီဝါနားပါရစေ တော့လို့ ကြိုပြောထားပါတယ်။ 

ဒီနှစ်မှာ အကယ်ဒမီတစ်သက်တာဆုကို ဘာကြောင့်ပေးဖြစ်တာလဲ။ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သွားမလဲ။

တစ်သက်တာဆုက လက်ရှိ လည်းပဲ ရုပ်ရှင်လောကထဲမှာ ရှိနေရမယ်။ အနုပညာကိုလည်း ဆက်လက်ဖန်တီးနေတဲ့လူလည်း ဖြစ်ရမယ်ဆိုတဲ့ မူလေးတော့ အန်တီဝါတို့ အစည်းအဝေးမှာ ချမှတ် ထားပါတယ်။

ဆု ၁၁ ဆုစလုံးမှာ အတတ်ပညာပိုင်းဆိုင်ရာဆုတွေအတွက် ပါဝင်အကဲဖြတ်မယ့် လူတွေအပေါ်မှာ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ယုံကြည်မှုရှိလား။

အနုပညာ၊ အတတ်ပညာနှစ် ခုပေါ့။ အနုပညာပိုင်းဆိုင်ရာတွေ က အကဲဖြတ်သလို အတတ်ပညာ ပိုင်းဆိုင်ရာတွေကလည်း သူတို့ ဆိုင်ရာဆိုင်ရာ အကဲဖြတ်ကြ တယ်။ အန်တီဝါက ဥက္ကဋ္ဌဆိုပေ မယ့် အန်တီဝါတစ်ယောက်တည်း မဟုတ်ပါဘူး။ CEC ခုနစ်ဦးရှိပါ သေးတယ်။ နာယကကြီးတွေ လည်း ရှိပါသေးတယ်။ သူတို့တင် ပြထားတဲ့အပေါ်မှာ အန်တီဝါတို့ က သရုပ်ဆောင်ကို CEC ခုနစ်ဦး နဲ့ ပြန်ပြီးသုံးသပ်ကြမှာပေါ့။

ဒီနှစ်က တခြားနှစ်တွေထက်ကားအရေအတွက်ပိုများသလို ကားကောင်းတွေလည်းပါတယ် ဆိုတော့ ပြိုင်ဆိုင်မှုအရမ်းပြင်းထန်မယ်ဆိုပြီး ရုပ်ရှင်ချစ်သူတွေကော၊ ပရိသတ်တွေကော၊ မီဒီယာတွေကော ခန့်မှန်းထားကြတော့ ပရိသတ်အားပေးတဲ့လူလည်းဖြစ် အောင် ပညာရပ်ပိုင်းဆိုင်ရာမှာ အရည်အချင်းရှိတဲ့သူလည်းဖြစ် အောင် အဲဒီလို ဆုကိုရွေးချယ်ရ တာ အခက်အခဲရှိလား။

အန်တီဝါတို့ကတော့ စော စောက ပြောသလိုပဲ။ ဒီဟာတွေ အားလုံးက အန်တီဝါတို့ရဲ့ အနု ပညာမိသားစုတွေပဲ။ စပြောက တည်းက အားလုံးကအစွဲတွေ ဖြုတ်ကြရတယ်။ ကိုယ့်မိတ်ဆွေ၊ သူ့မိတ်ဆွေ၊ ကိုယ်ခင်တဲ့သူ၊ ကိုယ်မခင်တဲ့သူ မရှိတော့ဘူး။ သာမန်ပဲ။ ပါဝင်တဲ့အနုပညာမျက် စိနဲ့ပဲ ဝေဖန်ဆုံးဖြတ်ကြမှာပါ။

အခုလက်ရှိ ကျင့်သုံးနေတဲ့ ရုံပြိုင် ရုံတွဲစနစ်တွေကို အန်တီဝါ နားလည်သလောက် ရှင်းပြပေး ပါ။ အဲဒီစနစ်က သာမန်လူတွေအ တွက် နည်းနည်းရှုပ်ထွေးနေသေး တော့ ဒီစနစ်ကို ရှင်းရှင်းလင်းလင်း နဲ့ အမှန်တကယ်ရုံပြိုင်စနစ်လည်း ဖြစ်အောင် ရုံပိုင်ရှင်တွေအပေါ်ကိုပဲ အမြဲတမ်းအားကိုးမနေရအောင် ဘယ်လိုစနစန်နဲ့ သွားသင့်သလဲ။  အန်တီဝါတို့ခေတ်က ရုပ်ရှင်ရုံတွေ ရုံတင်ပြသတဲ့ အခြေနေနဲ့ နှိုင်း ယှဉ်ပြီး ပြောပြပေးလို့ရမလား။

ရုံစနစ်ကတော့ နည်းနည်း ကျယ်ပြန့်လွန်းပါတယ်။ အန်တီ ၀ါတို့ ကိုယ်၌လည်း ကိုယ်လည်း မတတ်နိုင်တဲ့ ကိစ္စကြီးတစ်ခုပေါ့။ အစည်းအဝေးတွေ သူတို့ခေါ်ကြ တယ်။ ရုံရှင်တွေနဲ့ ကားရှင်တွေ ညှိနှိုင်းကြတယ်။ အခုတော့ ခါ တိုင်းထက် ပိုပြီး ဇာတ်ကားပြတဲ့အ ရေအတွက် ပိုများလာတယ်လို့ ထင်တယ်။ ပရိသတ်ကလည်း သူ့ ဟာနဲ့ သူကြိုက်ကြပါတယ်။ အခု က အသစ်၊ အဟောင်းရယ် မဟုတ် တော့ပါဘူး။ မျက်နှာသစ်လည်း လက်ခံကြတယ်။ အဟောင်းတွေ ကိုလည်း အားပေးကြတယ်။ အဲဒီ သဘောလေးတော့ ရှိပါတယ်။ ရုံ မရှိရင်လည်း ကားထုပ်တွေကပြ လို့ မရဘူး။ ရုံရှင်တွေကလည်းပဲ ပြတော့ပေးနေတယ်။ ကားထုပ်ရှင်တွေကလည်းပဲ ပိုပိုများလာတယ်။ အန်တီဝါစိတ်ထဲမှာ မှန်းတာတော့ တစ်ချိန်ကြာလာရင် လိပ်ပတ် လည်သွားလိမ့်မယ် ထင်တယ်။ ဥက္ကဋ္ဌကြီး မောင်ဌေးကလည်း အဲဒါကို အတတ်နိုင်ဆုံး ညှိနှိုင်းနေပါ တယ်။ အန်တီဝါတို့ခေတ်က တစ်နှစ်ကို ကားတစ်ရာကျော် ထွက် တယ်။ တစ်ရာကျော်ထွက်တော့ ဒီဘက်က သမ္မတရုံမှာတစ်ကားပြတယ်။ နောက်အပတ်ရှေ့ဆောင် မှာ အသစ်ပြတာပဲ။ တိုက်တာပဲ။ တစ်ခါတစ်လေကျ များလွန်းအား ကြီးရင် ရှေ့ဆောင်နဲ့ နေပြည်တော်ကို ဟိုဘက်တစ်ကားပြ၊ ဒီဘက် တစ်ကားပြနဲ့ အဲဒီလိုလည်း တိုက်ခဲ့ဖူးတယ်။

အရင်ခေတ်က ရုပ်ရှင်တစ်ကား ရိုက်ရင် ပြင်ဆင်ရတဲ့အချိန်ကာလ၊ ရိုက်ကူးရတဲ့စရိတ်၊ ပြန်ရတဲ့အကျိုးအမြတ်နဲ့ အခုခေတ်က ပြင်ဆင်တာလည်း အားနည်းတယ်။ ပြီးတော့ အဓိကမင်းသား၊ မင်းသမီးကိုပဲ ကောင်းကောင်းသုံးပြီး ကျန်တာတွေက သုံး၊လေးဦးနဲ့ပဲ  တည်ရိုက်တယ်။အချိန်ကာလလည်း  နည်းနည်းပဲယူတယ်။ ပြန်ရတဲ့အကျိုး အမြတ်ကျတော့ တော်တော်လေးများတယ်။ အဲဒီတော့ ပရိသတ်ပေါ် ဒီထက်ပို စေတနာထားပြီးတော့ ဘယ်လိုပုံစံမျိုးတွေ ရိုက်ကူးတင်ပြသင့်လဲ။

အန်တီဝါ အခုရိုက်တာကို တော့ သမီးမြင်တဲ့အတိုင်းပဲ။ ဒီနေ့တစ်နေကုန် တစ်ဆင်းန်ပဲပြီးတယ်။ ခံယူချက်ချင်းတော့ မတူကြဘူးပေါ့သမီးရယ်။ ဖန်တီးတဲ့နေရာမှာ လည်း မကောင်းကောင်းအောင် ၀တ်စားဆင်ယင်မှုကအစ အချိန်ယူပြီး ချုပ်တယ်။ လုပ်တယ်။ ၀တ် တဲ့အချိန်ရှိတယ်။ မိတ်ကပ်အချိန် ရှိတယ်။ အန်တီဝါရိုက်တာက ရိုး ရိုးဇာတ်လည်းမဟုတ်တော့ မနက် ၈ နာရီ ဒေါင်ဆို ရှုတင်စတဲ့ကား မဟုတ်တော့ နေ့လယ်လောက်မှ ရှုတင်စတယ်။ ပြင်ဆင်တယ်။ လုပ်တယ်။ ကိုင်တယ်။ အလုပ်ရှုပ် တယ်။ ရိုက်ပြီးတော့လည်း ငါးနာရီ တော်ပြီ။ တစ်ဆင်းန်ရတယ်။ များ ဖို့ထက်ကောင်းဖို့ကို အချိန်ယူရိုက် တယ်။ အခုရိုက်နေတဲ့ကားဆိုရင် လည်း ပြီးချင်တဲ့အချိန်ပြီး မှန်းလို့ တောင်မရဘူး။

ကွာလတီ Movie အရည်အသွေးရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်နိုင်အောင် ဘယ်သူတွေမှာ တာဝန်ရှိလဲ။ ဘာကြောင့်လဲ။

အရည်အသွေးရှိဖို့ဆိုရင် အားလုံးမှာတာဝန်ရှိတယ်။ စပြီး ဇာတ်ရှာကတည်းက ပရိုဂျူဆာက အရည်အသွေးပြည့်တဲ့ဇာတ်ကို သူရှာမလား။ တော်ရုံတန်ရုံ ဇာတ် သူရှာမလား။ အက်တာတွေက လည်း အရည်အသွေးပြည့်တဲ့ ဇာတ်အပေါ်မှာ ဘယ်လိုအကောင်း ဆုံးဖြစ်အောင် ဖန်တီးမလဲ။ အ ရည်အသွေးအများဆုံးကောင်း အောင် ဘယ်လိုဖန်တီးမလဲ။ အနု ပညာရှင်ရော၊ အတတ်ပညာရှင် ရော ဘယ်လိုမျိုးအကောင်းဆုံး ဖြစ်အောင် လုပ်မလဲ။ ကင်မရာဆို လည်း ကင်မရာသမား ဘယ်လို အကောင်းဆုံးဖြစ်အောင် တီထွင် ပြီးရိုက်မလဲ။ အကုန်လုံးအပေါ်မှာ တာဝန်ရှိပါတယ်။

အန်တီဝါရဲ့ လက်ရှိကျန်းမာရေးအနေအထားကကော ဘယ်လိုရှိလဲ။

နှလုံသွေးကျော တစ်ချောင်းကို စတက်ဖ်ထည့်ထားတယ်။ တစ်ချောင်းက ချဲ့ထားပြီးပြီ။ ဆရာဝန်ကို မေးကြည့်တော့ အလုပ်လုပ်လို့ ရလားဆိုတော့ ရတယ်တဲ့။ နည်းနည်းပါးပါး မောတယ်လို့ ပြော လိုက်တော့ မောရင်တော့ နားလိုက်ပေါ့တဲ့။ မောအောင်ကိုယ်က ကိုယ့်ဟာကိုယ် လုပ်တာလေ။ ဟိုသွား လိုက်၊ ဒီလျှောက်လိုက်နဲ့လေ။ အကယ်ဒမီကြည့်ရင်လည်း နည်း နည်းမောတယ်။ မျက်လုံးက လည်း  သက်တော့သက်သာတယ်။ မီးတွေထိုးရင် သိပ်မရလို့ မျက်မှန်ပါးပါးလေးတော့ တပ်ထားတယ်။ ဖုန်ဝင်မှာစိုးလို့ပေါ့။

အန်တီဝါကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်လဲ။

ပရိသတ်ကြီးကတော့လေ အမြဲချစ်ကြတယ်။ အန်တီဝါက လည်း အမြဲတမ်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူတယ်။ အန်တီဝါတို့တင်လိုက်တဲ့ ပုံတွေ မှာလဲ like တွေ၊ ကွန်မန့်တွေအများ ကြီးပဲ။ ဆက်ပြီးတော့ ချစ်ကြပါ လို့။ ပရိသတ်တွေက အန်တီဝါရဲ့ ရုပ်ကိုပြန်မြင်ချင်တယ်ဆိုလို့ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ကြီး ကားထဲမှာ အန်တီဝါ၊ မောင် ရန်လေးနဲ့ တွဲပြီးပါပေးပါမယ်။ ကျေနပ်ပါလို့ ပြောချင်ပါတယ်။ 
 

More in Interview Section