ဒုတိယစစ်အေးခေတ်

Alexei Nikolsky/TASS via Getty Images

စစ်အေးခေတ်သည် ဆယ်စုနှစ် လေးခုကြာမြင့်ခဲ့ပြီး အများအား ဖြင့် ဘာလင်တွင် စတင်ခဲ့ကာ ဘာလင်၌ အဆုံးသတ်ခဲ့သည်။ သတင်းကောင်းသည် ယခင်က အင်အားကြီးနိုင်ငံကြီးများကြား ပြိုင်ဆိုင်မှုများတွင် မရှိခဲ့သော နျူ ကလီးယားလက်နက်များ ကျေးဇူး ကြောင့် စစ်အေးအဖြစ် ရှိနေခြင်း ဖြစ်သည်။ ယင်းစစ်အေးတိုက်ပွဲ တွင် အမေရိကန်နှင့် ဥရောပ၊ အာရှမှ မဟာမိတ်များက နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေး ရေရှည် ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ခြင်း ကြောင့် အနိုင်ရခဲ့ပြီး ဗျူရိုကရက် များဖြင့် လေးလံနေသော ဆိုဗီ ယက်ယူနီယံ မယှဉ်နိုင်ခဲ့ပေ။


ပထမစစ်အေးခေတ်ပြီးဆုံး ပြီးနောက် ၂၅ နှစ်အကြာတွင် ကျွန်တော်တို့ ဒုတိယစစ်အေး ခေတ်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ ရသည်။ ပထမစစ်အေးခေတ်နှင့် ဆင်တူသလို ခြားလည်းခြားနား သည်။ ရုရှားသည် စူပါပါဝါအင် အားကြီး နိုင်ငံမဟုတ်တော့။ ယင်း အစား ရေနံနှင့် သဘာဝဓာတ်ငွေ့ အပေါ် မှီခိုသော စီးပွားရေးနှင့် ကမ္ဘာကြီးကို ပေးအပ်စရာ နိုင်ငံ ရေးဝါဒမရှိသော လူ ၁၄၅ သန်း နေထိုင်သည့် နိုင်ငံဖြစ်လာသည်။ သို့ဆိုသော်ငြား နျူကလီးယား လက်နက်အင်အားကြီး နှစ်နိုင်ငံ အနက် တစ်နိုင်ငံဖြစ်နေဆဲဖြစ် သည်။ ကုလသမဂ္ဂလုံခြုံရေး အမြဲ တမ်းအဖွဲ့ဝင်နေရာနှင့် ဗီတိုအာ ဏာပိုင်ဆိုင်ထားသည်။ အိမ်နီးချင်းများနှင့် ရန်သူများကို အားနည်းအောင်လုပ်ရန်၊ မိတ်ဆွေများကို ကူညီထောက်ပံ့ရန် ၎င်းတို့၏ စစ်ရေး၊ စွမ်းအင်နှင့် ဆိုက်ဘာ စွမ်းရည်များကို အသုံးချရန် စိတ် အားထက်သန်သည်။

ထိုအခြေအနေများ ဖြစ်ပေါ် ခြင်းသည် မလွှဲသာမရှောင်သာ ပေ။ စစ်အေးခေတ် ကုန်ဆုံးပြီး နောက် အမေရိကန်၊ ဥရောပနှင့်ရုရှားနိုင်ငံကြားရင်းနှီးသော ဆက် ဆံရေးခေတ် ဖြစ်လာမည်ဟု မျှော် လင့်ခဲ့သည်။ ကွန်မြူနစ်ခေတ်လွန် ရုရှားသည် စီးပွားရေးနှင့် နိုင်ငံ ရေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက် လာမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့သည်။ ကူဝိတ်နိုင်ငံအား ဆက်ဒ်ဒန်ဟူစိန် ကြွေးကြော်မှုကို တွန်းလှန်ရာတွင် ရုရှားသည် ၎င်း တို့၏ ရေရှည်ဖောက်သည် အီရတ်ဘက် ရပ်တည်မည့်အစား အမေ ရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ သဖြင့် စစ်အေးခေတ်လွန် အစ ကောင်းခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော် နှစ်ဖက်သင့်မြတ်မှု ကြာရှည်မခံခဲ့။ အဘယ်ကြောင့် ကြာရှည်မခံသနည်းဆိုသည်မှာမူ သမိုင်းပညာရှင်များ ဆယ်စုနှစ် များစွာ ဆက်လက်ငြင်းခုံဆွေးနွေး ရမည့်ကိစ္စဖြစ်သည်။ စစ်အေး ခေတ်လွန် ရုန်းကန်နေခဲ့ရသော ရုရှားကို စီးပွားရေးအကူအညီပေး ရန် ပျက်ကွက်ခဲ့ခြင်းအတွက် လေ့လာသူအချို့က အမေရိကန် သမ္မတ အဆက်ဆက်ကို အပြစ် တင်လိမ့်မည်။ နေတိုးအဖွဲ့ ချဲ့ထွင်ခြင်းကိုလည်း ပို၍ အပြစ်တင်ကြ ဖွယ်ရှိသည်။ နေတိုးအဖွဲ့က အနာဂတ်တွင် ရန်သူဖြစ်လာနိုင်သူအ ဖြစ် သဘောထားခဲ့သဖြင့် ရန်သူ ဖြစ်နိုင်ခြေ အလားအလာကို ပို၍ မြင့်တက်စေခဲ့သည်။

၁၉၉၀ ပြည့်နှစ်များက ဈေးကွက်စီးပွားရေးစနစ်သို့ ကူး ပြောင်းနေချိန် ရုရှားအတွက် ခက်ခဲသောအချိန်များတွင် အမေရိကန်က ရုရှားကို ပိုမိုအကူအညီပေး ခဲ့သင့်သည်ဆိုခြင်းမှာ အမှန်ဖြစ်သည်။ ထို့အပြင် နေတိုးအဖွဲ့ ချဲ့ထွင်မှုသည် ရုရှားနိုင်ငံပါဝင် သော အခြားဥရောပအတွက် လုံခြုံရေးအစီအစဉ်များထက် ပိုကောင်း ခဲ့သည်လား ဆိုသည်မှာလည်း မရှင်းလင်းပေ။

သို့သော် ဒုတိယစစ်အေး ခေတ် ဖြစ်ပေါ်လာခြင်းအတွက် အခြင်းအရာအများစုတွင် ရုရှား နိုင်ငံ၌ တာဝန်ရှိသည်။ အားလုံး ထက် မစ္စတာပူတင်တွင် ပို၍ တာဝန်ရှိသည်။ ၎င်း၏ ရှေ့မှ ဆိုဗီယက်ခေါင်းဆောင်အများအ ပြားကဲ့သို့ပင် အမေရိကန်လွှမ်းမိုး ထားသော ကမ္ဘာကြီးသည် ၎င်း၏ အုပ်ချုပ်မှုအပေါ် ခြိမ်းခြောက်မှု၊ ရုရှားနိုင်ငံ၏ ကမ္ဘာပေါ်တွင် ရှိသင့်ရှိထိုက်သောနေရာဟု ၎င်းယူဆ သော ရပ်တည်မှုအပေါ် ခြိမ်း ခြောက်မှုဟု ပူတင်က ယူဆ သည်။

မကြာသေးမီနှစ်များက ရုရှားသည် ခရိုင်းမီးယားဒေသကို ၎င်း တို့ပိုင်နက်ထဲ သွတ်သွင်းရန် လက် နက်ကိုင်တပ်ဖွဲ့ကို အသုံးပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရင်း နယ်စပ်မျဉ်း များကို လက်နက်အင်အားဖြင့် မပြောင်းလဲရဟူသော အခြေခံ နိုင်ငံတကာ စည်းမျဉ်းကို ချိုး ဖောက်ခဲ့သည်။ ယူကရိန်းအရှေ့ ပိုင်း ဂျော်ဂျီယာနှင့် ဘော်လကန် ဒေသအချို့တွင် မတည်မငြိမ်ဖြစ် စေရန် စစ်တပ်အင်အား (သို့ မဟုတ်) ဖုံးကွယ်ထားသော စစ် တပ်အင်အားကို ဆက်လက်အသုံး ပြုခဲ့သည်။

ထို့အပြင် ဘာရှားအယ်လ် အာဆတ်၏ ဩချလောက်သော အစိုးရကို ထောက်ခံပေးထားသော ရုရှားနိုင်ငံက ဆီးရီးယားတွင် စစ် အင်အားအသုံးပြုခဲ့သည်။

ပူတင်အုပ်ချုပ်သော ရုရှား သည် အမေရိကန်အထူးအစိုးရ ရှေ့နေ ရောဘတ်မူလာ၏ စကား အရဆိုလျှင် ‘၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲအပါအဝင် အမေရိကန်၏ နိုင်ငံရေးနှင့် မဲပေး သော လုပ်ငန်းစဉ်တွင် ပါဝင်စွက် ဖက်ရေး ရည်ရွယ်ချက်ဖြင့် လိမ် လည်လှည့်ဖြားမှုများ’ ဆောင်ရွက်ခဲ့သည်။ နောက်ထပ်လည်း ထိုသို့ နှောင့်ယှက်မှုများရှိမည်ဟု အမေ ရိကန် ထောက်လှမ်းရေးအဖွဲ့များ က မျှော်လင့်ထားသည်။

ရုရှားနိုင်ငံသည် ခေတ် နောက်ပြန်ဆွဲလာပြီး လက်ရှိ ‘ပိုနေမြဲ၊ ကျားနေမြဲ’ အခြေအနေကို ပြောင်းလဲရေးလိုအပ်သည်ဟု ၎င်းယူဆသော နည်းလမ်းများကို အသုံးပြုရန် လက်မရွံ့ခြင်းအ တွက် ဥရောပ၏ ကာကွယ်ရေးကို မြှင့်တင်ပြီး ယူကရိန်းအား လက် နက်ကြီးများ ထောက်ပံ့ခြင်းသည် ဖြစ်သင့်သော တုံ့ပြန်မှုဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံရေးတွင် နိုင်ငံခြားမှ ဩဇာလွှမ်းမိုးမှုကို ကာ ကွယ်ရေး နည်းပညာကုမ္ပဏီများ ကို ကိုင်တွယ်နိုင်ခြင်းနှင့် မဲပေးစက်များ၏ အားနည်းချက်များကို ပြုပြင်ခြင်းအပြင် အမေရိကန်က နောက် ထပ် ဘာလုပ်သင့်ပါသနည်းဟု မေးစရာရှိသည်။

ပထမဆုံး အမေရိကန်များ အသိအမှတ်ပြုသင့်သောအချက် သည် ကာကွယ်ခြင်းသက်သက်မှာ မလုံလောက်ဟူသော အချက်ဖြစ် သည်။ ရုရှားနိုင်ငံအပေါ် နောက် ထပ်ပိတ်ဆို့အရေးယူမှုများ ချမှတ် ရေး အမေရိကန်လွှတ်တော်က တောင်းဆိုခြင်းသည် အလွန်မှန်ပါ သည်။ သို့သော် လွှတ်တော်က ချမှတ်ပြီးသား ပိတ်ဆို့တားဆီးမှု များ အကောင်အထည်ဖော်ရေး ဒေါ်နယ်ထရန့်က ငြင်းဆန်နေခြင်း သည် မှားယွင်းနေသည်။

အမေရိကန်အနေဖြင့် ၎င်း တို့၏ ရပ်တည်ချက်ကို ပြန်လည် ရှာဖွေရန်လိုအပ်ပြီး အတိုက်အခံ များကို ဖမ်းဆီးပြီး ဂျာနယ်လစ် များကို 

သတ်ဖြတ်နေသည်ဆို သော ရုရှားအစိုးရကို ဝေဖန်ရန်လို အပ်သည်။ မည်သည့်အကြောင်း အချက်ကြောင့်ဖြစ်စေ ဒေါ်နယ် ထရန့်က ရုရှားကို ခယနေမည်ဆိုပါက အမေရိကန်လွှတ်တော်၊ မီဒီယာနှင့် ဖောင်ဒေးရှင်းအဖွဲ့များ နှင့် ပညာရှင်များက ပူတင်၏ အုပ်ချုပ်မှု အမှတ်လက္ခဏာဖြစ် သော အဂတိလိုက်စားမှုများကို လူသိရှင်ကြား ဖော်ထုတ်သင့် သည်။ ထိုကဲ့သို့ သတင်းအချက် အလက်များ ဖြန့်ချိခြင်းသည် ပူတင်၏ အုပ်ချုပ်မှုအပေါ် ရုရှားနိုင်ငံအတွင်းမှာပင် ဆန့်ကျင်မှုပို များလာပြီး ထိုမှတစ်ဆင့် အမေရိကန်နှင့် ဥရောပနိုင်ငံရေး၌ ခြေရှုပ်မှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကာ ရုရှားနိုင်ငံမှ တာဝန်ယူမှုရှိသော အင်အားစုများကို ကျားကန်ပေး နိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပထမ စစ်အေးကာလ အချိန်အများစု ထက်ပင် အခြေအနေဆိုးရွားနေပြီ ဖြစ်သော အမေရိကန်-ရုရှား ဆက်ဆံရေး အကြွင်းအကျန်များ ကိုလည်း မဖြတ်တောက်သင့်ပေ။ အမေရိကန်၏ အကျိုးစီးပွားအ တွက် နှစ်ဖက်သံတမန်ဆက်ဆံ ရေးကို ဖြစ်နိုင်ခြေရှိသော နေရာ အားလုံးတွင် ရှာဖွေသင့်သည်။ ပိတ်ဆို့တားဆီးမှုများ အတိုင်းအ တာတစ်ခုအထိ လျှော့ချပေးခဲ့ပါ က ရုရှားသည် ယူကရိန်း အရှေ့ ပိုင်း၌ ပါဝင်စွက်ဖက်မှုများ ရပ်တန့် ရေး စိတ်အားထက်သန်ဖွယ်ရှိ သည်။

တစ်ချိန်တည်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့တားဆီး မှုများ တင်းကျပ်ရာတွင် ရုရှား၏ ထောက်ခံမှု ပိုမိုလိုအပ်လာသည်။ လက်နက်ထိန်းချုပ်ရေး သဘော တူညီချက်များကို ဆက်လက်ထိန်း သိမ်းထားပြီး နျူကလီးယားလက် နက်ပြိုင်ပွဲအသစ်ကို ရှောင်လွဲခြင်း က နှစ်နိုင်ငံစလုံးအတွက် အကျိုး ရှိသည်။

ထို့ကြောင့်ပင် ပုံမှန်သံတမန် ရေး အစည်းအဝေးများ၊ ယဉ်ကျေး မှုအဖွဲ့နှင့် ပညာရှင်အပြန်အလှန် လည်ပတ်မှုများနှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များ ရုရှား နိုင်ငံသို့ လည်ပတ်ခြင်းများသည်အကျိုးယုတ်မည်မဟုတ်ပေ။ ယင်းသည် ရုရှားအနေဖြင့် ချုပ်တည်းမှု ဖြင့် ပို၍လုပ်ကိုင်ဆောင်ရွက်လျှင် အမေရိကန်နိုင်ငံသားအများအ ပြားက ပိုမိုပွင့်လင်းသော ဆက်ဆံ ရေးအတွက် လမ်းဖွင့်ထားကြောင်း ရှင်းလင်းစွာ ပြသရန်ဖြစ်သည်။ ပူတင်အာဏာရရှိထားစဉ် ပိုမိုချုပ် တည်းမှုပြသသော ရုရှားနိုင်ငံတွင် အမေရိကန်နှင့် မဟာမိတ်များအ တွက် ကြီးမားသော အလောင်းအ စား ပါဝင်နေပြီး ပူတင်ဆင်းသွား ပါက ပူတင်ဝါဒအဖြစ် အခြား ဝိဂြိုဟ်ပြုမှုရှိလာမည့် ရုရှားနိုင်ငံ ၌လည်း ယင်းအလောင်းအစား များ ရှိနေပါသေးသည်။

—Ref: Cold War II