တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မာဟွာတန်

မာဟွာတန် (သို့မဟုတ်) ပိုနီမား သည် တရုတ်လူမျိုး အဓိပတိ စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ် နှံသူ၊ အလှူအတန်းရက်ရောသူ၊ အင်ဂျင်နီယာ၊ အင်တာနက်နှင့် နည်းပညာလုပ်ငန်းရှင်တစ်ဦးဖြစ် သည်။


အာရှ တန်ဖိုးအရှိဆုံးကုမ္ပဏီ တစ်ခု၊ အင်တာနက်နှင့် နည်းပညာလုပ်ငန်းကုမ္ပဏီတစ်ခု၊ အကြီးမား ဆုံးရင်းနှီးမြှုပ်နှံမှု၊ ဂိမ်းနှင့် ဖျော်ဖြေရေးကုမ္ပဏီ အုပ်စုကြီးဖြစ်သော Tencent ကို တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သည်။

ယင်းကုမ္ပဏီသည် တရုတ် နိုင်ငံ၏ အကြီးဆုံးမက်ဆေ့ခ်ျဝန် ဆောင်မှုကို ထိန်းချုပ်ထားပြီး ၎င်း ၏ လက်ခွဲကုမ္ပဏီများသည် တစ် ကမ္ဘာလုံးတွင် မီဒီယာဖျော်ဖြေ ရေး၊ စမတ်ဖုန်း၊ ငွေပေးချေမှု၊ အင်တာနက်နှင့် ဆက်စပ်သော ဝန်ဆောင်မှုများ၊ အွန်လိုင်းကြော် ငြာများ ဝန်ဆောင်မှုပေးနေသည်။

မာဟွာတန်သည် ကန်ဒေါ် လာ ၅၂ ဒသမ ၅ ဘီလီယံခန့် ချမ်း သာကြွယ်ဝပြီး တရုတ်နိုင်ငံတွင် အချမ်းသာဆုံးနှင့် ကမ္ဘာပေါ်တွင်  ၁၄ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

မာဟွာတန်ကို ဂွမ်ဒေါင်းပြည် နယ် ရှန်ကောင်းဒေသ ချောင်ယန်းခရိုင်တွင် ၁၉၇၂ အောက်တို ဘာ ၂၉ ရက်က မွေးဖွားခဲ့သည်။

ဖခင်ဖြစ်သူ မာချန်ရှူ ဟောင်ကောင်ဒေသအနီး ရှန်ဇန်မြို့တွင် ဆိပ်ကမ်းမန်နေဂျာ အလုပ်ရသော အခါ မာဟွာတန် လိုက်ပါခဲ့ပြီး ရှန်ဇန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ ကာ ၁၉၉၃ တွင် ကွန်ပျူတာသိပ္ပံ ဘွဲ့ရရှိခဲ့သည်။

မာဟွာတန်သည် ပထမဆုံး အလုပ်အဖြစ် China Motion Telecom Development တွင် ဝင်ရောက်လုပ်ကိုင်ပြီး Pager များ အတွက် ဆော့ဖ်ဝဲထုတ်လုပ် မှု ကြီးကြပ်ရပြီး တစ်လလျှင် ၁၇၆ ဒေါ်လာ လစာရရှိသည်။

ယင်းနောက် Shenzhen Runxun ဆက်သွယ်ရေးကုမ္ပဏီ တွင် အလုပ်ဝင်ခဲ့ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ လုပ် ကိုင်ခဲ့သည်။

မာဟွာတန်သည် ၁၉၉၈ တွင် အခြားအတန်းဖော်လေးဦးနှင့်အ တူ Tencent ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့သည်။

၁၉၉၆ တွင် တည်ထောင်ခဲ့ သော အစ္စရေးကုမ္ပဏီတစ်ခုက ပြုလုပ်သော ကမ္ဘာ့ပထမဆုံး အင်တာနက်မက်ဆေ့ခ်ျပို့ခြင်း ဝန် ဆောင်မှုအကြောင်း မိတ်ဆက်ပွဲ၌ ပါဝင်ပြီးနောက် Tencent ကုမ္ပဏီ ၏ ပထမဆုံးထုတ်ကုန် ထွက်ပေါ် လာသည်။

မာနှင့် အဖွဲ့က ၁၉၉၉ တွင် အလားတူမက်ဆေ့ခ်ျပေးပို့ခြင်း ဆော့ဖ်ဝဲထုတ်လုပ်ခဲ့ပြီး အလွန်လူကြိုက်များလာကာ ၁၉၉၉ ကုန်ဆုံးချိန်၌ သုံးစွဲသူ တစ်သန်းရရှိလာ သည်။

ယင်းအတွက် တရုတ်နိုင်ငံ တွင် လူသုံးအများဆုံး မက်ဆေ့ခ်ျ ဝန်ဆောင်မှုတစ်ခုဖြစ်လာသည်။

၂၀၀၄ သို့ ရောက်သောအခါ Tencent သည် တရုတ်မက်ဆေ့ခ်ျ ဝန်ဆောင်မှု ဈေးကွက် ၇၄ ရာခိုင် နှုန်းကို သိမ်းပိုက်ခဲ့ပြီး မာဟွာတန် က ၎င်း၏ ကုမ္ပဏီကို ဟောင်ကောင် စတော့ဈေးကွက်တွင် စာရင်းသွင်း ခဲ့သည်။ 

ယင်းနောက် မာသည် တရုတ်ဆက်သွယ်ရေးလုပ်ငန်းတွင် အ  ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

ယင်းနှစ်မှာပင် Tencent က ဂိမ်းပလက်ဖောင်းတစ်ခု စတင်ခဲ့ ပြီး ဂိမ်းများတွင် အသုံးပြုသော ပစ္စည်း၊ လက်နက်၊ ပါဝါ အစရှိ သည်တို့ကို ရောင်းချခဲ့သည်။

မာဟွာတန်သည် မိုက်ခရို ဆော့ဖ်မှ ဘီလ်ဂိတ်ကဲ့သို့ ၂၀၁၀ တွင် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ရမည့် အင်ဂျင်နီယာအဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တစ်ဖွဲ့က အင်တာ နက်မှ မက်ဆေ့ခ်ျပို့သော အက် ပလီကေးရှင်းကို တီထွင်ခဲ့ပြီး ယင်း မှတစ်ဆင့် မာဟွာတန်က ၂၀၁၁ တွင် Weixin (Wechat) အက်ပလီ ကေးရှင်း စတင်ခဲ့ကာ ယင်းမှာ ကမ္ဘာပေါ်တွင် ယခုအသုံးအများ ဆုံး မက်ဆေ့ခ်ျပလက်ဖောင်းဖြစ် လာသည်။