ကော့သောင်းခရီးသွားပွဲတော်လာသူများ ဒေသတွင်းကျွန်းစုများသို့ ဈေးနှုန်းသက်သာစွာ လည်ပတ်နိုင်ရန် စီစဉ်ပေးမည်ဟုဆို

နွေရာသီတွင် ကမ်းခြေဒေသများသို့ ခရီးသွားဝင်ရောက်မှု နှစ်စဉ်များပြားဆဲဖြစ်သည်။ ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ကော့သောင်းမြို့၌ ကျင်းပ မည့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲ တော်သို့ လာရောက်လေ့လာမည့် သူများ ဒေသတွင်းရှိ ကျွန်းစုများ သို့ လည်ပတ်လိုပါက ဈေးနှုန်း သက်သာစေရန် ညှိနှိုင်းဆောင် ရွက်ပေးမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖိတ် ခေါ်ထားသည်။ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ကော့သောင်းမြို့ သီရိမင်္ဂလာပြည်သူ့ရင်ပြင် ၃ မိုင်ကွင်းတွင် မတ်လ ၂၄ ရက်မှ ၂၅ ရက်ထိကျင်းပမည်ဖြစ်သည်။


ပွဲတော်၌ ဒေသတွင်းနှင့် သက်ဆိုင်သည့် ပြခန်းမျိုးစုံ ပြသမည့်အပြင် ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များလည်း ပြခန်းလာရောက် ပြသမည်ဟု ဝန်ကြီးဌာနက မတ်လ ၈ ရက်တွင် ကြေညာထားသည်။

ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဟောပြောပွဲများကို ကော့ သောင်းမြို့ Victoria Cliff ၌ မတ်လ ၂၅ ရက် ညနေတွင် ပြုလုပ်မည်ဖြစ်သည်။

မတ်လအတွင်း ၂၆ ရက် တစ်ရက်သာ ကြားခံ၍ ၂၄၊ ၂၅၊ ၂၇ ရက်တို့တွင် အစိုးရရုံးပိတ်ရက် ရှိကြောင်း၊ အဆိုပါရုံးပိတ်ရက် တွင် ပြည်တွင်းခရီးသွား ပို့ဆောင် ရေးလုပ်ငန်းများက ကော့သောင်း ခရီးသွား ရင်းနှီးမြှုပ်နှံမှုပွဲတော်နှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးရန် ပြင်ဆင်နေကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်း ဥပဒေအကြံပေးဦးမျိုးကြီး က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ ၂၀၁၈ အတွင်း ခရီးသည်ဦးရေ အများအပြားပါဝင်သော အပျော် စီးသင်္ဘောများ အကြိမ်ကြိမ် ဝင် ရောက်ခဲ့ပြီး နောက်ဆုံးအနေဖြင့် Super Star Libra အမည်ရှိ အပျော်စီးသင်္ဘောသည် နိုင်ငံ တကာ ခရီးသွားဧည့်သည် ၄၀၉ ဦးနှင့် သင်္ဘောအမှုထမ်း ၆၃၉ ဦး တင်ဆောင်၍ ဖေဖော်ဝါရီ ၉ ရက်တွင် ခက်ရင်းခွကျွန်းသို့ ဆိုက် ကပ်ခဲ့သည်။