ကရင်ပြည်နယ် အိန္ဒုရွာအနီး ထုံးကျောက်ဂူအသစ်တစ်ခုရှာဖွေတွေ့ရှိ

ကရင်ပြည်နယ် ဆန္ဒဂူနှင့် သုံးမိုင် အကွာတွင် ထုံးကျောက်ဂူအသစ် တစ်ခု ယခု နှစ်ဆန်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အိန္ဒုအပျော်တမ်းတောင်တက်အဖွဲ့ဝင် ကိုခွန်ထူးပိုင်ဌေးက ပြောသည်။ 


အဆိုပါဂူအနီးတွင် တောင် ယာစိုက်ပျိုးသူများရှိသော်လည်း မည်သူမျှ ဝင်ရောက်ဖူးခြင်း မရှိ ကြောင်း ၎င်းက ပြောသည်။ 

‘‘ကျွန်တော်တို့လည်း တောင် တက်ရင်းနဲ့ မမျှော်လင့်ဘဲ ရောက် သွားတာ။ ဂူရှိမှန်း အနီးက ရွာသားတွေတောင် မသိပါဘူး။ ကျွန်တော်တို့ရောက်တော့ အရင်လူရောက် ဖူးတယ်ဆိုတဲ့ လက္ခဏာတစ်ခုမှ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်း အဲဒီအနီးအနား ရွာကပဲ’’ဟု ကိုခွန်ထူးပိုင်ဌေးက ပြောသည်။ 

၂၀၁၈ ဇန်နဝါရီ ၂၅ ရက် တွင် ဂူအသစ်ကို ရှာဖွေတွေ့ရှိပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် နိုင်ငံ ခြားသားသုံးဦးကမ်းလှမ်းချက်အရ ဂူအတွင်းသို့ လိုက်ပါပို့ဆောင်ပေး ခဲ့ကြောင်း ၎င်းက ပြောသည်။ 

‘‘ဂူက ကျယ်တယ်။ ဘယ် လောက်ကျယ်လဲဆိုတာတော့ ကျွန်တော်တို့လည်း မီးအလင်း မလုံလောက်တော့ မသိဘူး။ ပေ ၅၀၀ လောက်ဆင်းသွားရင် ရေ ကန်ရှိတယ်။ အဲဒီနောက်ကိုတော့ ရေတွေရှိနေလို့ ဆက်မသွားဖြစ် ခဲ့ဘူး’’ဟု ကိုခွန်ထူးပိုင်ဌေးက ပြောသည်။ 

အသစ်ရှာဖွေ တွေ့ရှိသည့် ဂူသည် ကရင်ပြည်နယ် အိန္ဒုကျေးရွာအနီးတည်ရှိပြီး ဆဒ္ဒန်ဂူနှင့် သုံးမိုင်အကွာတွင် တည်ရှိသည်။ 

‘‘ကျွန်တော်တို့ နိုင်ငံခြားသား သုံးယောက်ကို လိုက်ပို့ပြီးတဲ့ နောက်ပိုင်းမှ ဒီဂူကို လူတွေသိလာ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့အ ပြင် ဘယ်သူမှတော့ ထပ်မသွား သေးဘူး’’ဟု ၎င်းက ပြောသည်။ 

 ကရင်ပြည်နယ်တွင် ထုံး ကျောက်ဂူပေါများပြီး ဆဒ္ဒန်ဂူ၊ ကော့ကသောင်ဂူ၊ ကော့ကွန်းဂူ၊ ဘုရင့်ညီဂူ စသည့် ထုံးကျောက်ဂူများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား များ သွားရောက်လေ့ရှိသည်။