Samsung Galaxy S9+ ကို ၀န်ထမ်းများအား အရစ်ကျရောင်းမည်

Samsung ၏ နောက်ဆုံးပေါ် စမတ်ဖုန်း Galaxy S9+ ကို မြန်မာနိုင်ငံသားများ ဘဏ်ဖြင့် ချိတ်ဆက်ကာ ၀န်ထမ်းများအား အပေါင်ပစ္စည်းမလိုဘဲ ဧပြီကစ၍ အရစ်ကျ ရောင်းချမည်ဖြစ် ကြောင်း ဆမ်ဆောင်းမြန်မာ မို ဘိုင်းဌာနအကြီးအကဲ ဦးဇာနည် ၀င်းထက်က ပြောသည်။


‘‘အရင် အရစ်ကျရောင်းတဲ့ ဟာက ဘဏ်ထဲမှာ ပိုက်ဆံရှိရ တယ်။ အဲဒီပိုက်ဆံကို ဘဏ်ထဲမှာ ထိန်းထားပြီးတော့ ရောင်းပေးတာ ပေါ့။ အခုစနစ်က ၀န်ထမ်းတွေရဲ့ လစာပေါ်မူတည်ပြီး ချေးငွေထုတ် ပေးမယ်။ ဥပမာ လစာကသုံးသိန်း ရမယ်ဆိုရင် လေးသိန်းခွဲအထိ ချေးမယ်။ လိုတာကိုတော့ စိုက်ပြီး တော့ ၀ယ်ရမှာမျိုးပေါ့’’ဟု ဦးဇာ နည်ဝင်းထက်က ပြောသည်။

မြန်မာနိုင်ငံသားများ ဘဏ် နှင့် ချိတ်ဆက် ရောင်းချရာတွင် ခြောက်လအရစ်ကျစနစ်ဖြင့်သာ ရောင်းချမည်ဖြစ်ပြီး ဖုန်းဝယ်ထား သူက သတ်မှတ်ထားသည့် ကာလ အတွင်း ငွေလာမသွင်းပါက သတိ ပေးစာပေးပို့ခြင်းနှင့် လုံးဝငွေလာ မသွင်းသည့် ဖုန်းကိုဆက် အသုံး မပြုနိုင်သည်အထိ ပိတ်ပစ်နိုင်မည့် Knox Security ဆော့ဖ်ဝဲ ထည့် သွင်းကာ ထိန်းချုပ်မည်ဖြစ်သည်။

‘‘မြန်မာပြည်က ဘဏ်တွေ က အာမခံမပါဘဲနဲ့ မရောင်းဘူး လေ။ အဲဒီတော့ ဆမ်ဆောင်းက နေ Knox Security ဆိုတဲ့ ဆော့ဖ် ၀ဲလေး ထည့်ပေးထားတယ်။ အ ရစ်ကျပေးမယ့်လူက သတ်မှတ် ထားတဲ့ အတိုင်းမပေးရင် သတိ ပေးချက်လှမ်းပြီး ပို့လို့ရတယ်။ တကယ်လို့ လုံးဝမပေးတော့ဘူး ဆိုရင် ကိုယ်ကလည်း ဖုန်းကို အဝေးကနေ  လှမ်းပြီးသုံးလို့မရ အောင် Lock ချလိုက်လို့ရတယ်။ အဲဒါထည့်ပေးတဲ့အတွက် ဘဏ် က ယုံကြည်မှုရပြီးတော့ အပေါင် ပစ္စည်းမတောင်းတော့ဘူးပေါ့’’ ဟု ဦးဇာနည်ဝင်းထက်က ပြော သည်။

မြန်မာနိုင်ငံသားများ ဘဏ် အနေဖြင့် ဆမ်ဆောင်းနှင့် ပူး ပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းချရန် ကျပ်သိန်းပေါင်း  သုံးသိန်းအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ 

ဧပြီလဆန်းကစ၍  နိုင်ငံ တစ်ဝန်းရှိ Samsung Brand Shop  များ အားလုံးတွင် လျှောက် လွှာဖြည့်သွင်းကာ  အချက်အ လက်ပြည့်စုံပါက  နှစ်ရက်အတွင်း ဖုန်းရရှိမည်ဖြစ်သည်။