အနားမရသည့် နွေရာသီနှင့် ကလေးများ၏ အနာဂတ်

နွေကျောင်းပိတ်ရက်တွင် ဘောလုံးကန်ခြင်းဖြင့်ပျော်ရွှင်နေသည့် ကလေးများအားတွေ့ရစဉ် (ဓာတ်ပုံ−နစ်ကီ)

တစ်နှစ်ပတ်လုံး ကျောင်းစာ၊  ကျူရှင်စာများ ဖြင့် ပင်ပန်းနေသည့် ကလေးများအတွက်  နွေရာသီ ကျောင်းပိတ်ရက်သည် အနား ယူရမည့် အချိန်ဖြစ်သော်လည်း ကလေး   အချို့အတွက်တော့ အနားမရနိုင်သည့် နွေရာသီဖြစ် သည်။

ပညာရေးနှင့်ပတ်သက်ပြီး မိမိရင်သွေးအပေါ် ဖြစ်စေချင် သည့်စိတ်ကြောင့် လာမည့်စာ သင်နှစ်အတွက် ဘာသာရပ် အချို့ကို နွေရာသီအားလပ်ရက် တွင် သင်ယူနိုင်ရန် မိဘများက ကြိုတင်ပြင်ဆင်ထားသည်။

‘‘သမီးက ဒီနှစ်ကိုးတန်း တက်မှာ။ စာမေးပွဲဖြေပြီးတာနဲ့ အနားမပေးတော့ဘူး။ ကျူရှင်ပို့ ထားတယ်။ ကိုးတန်း၊ ဆယ်တန်း က အရေးကြီးတော့ အခုကတည်း က စာကျေထားမှဖြစ်မှာ’’ဟု သာကေတမြို့နယ်နေ အငှား ယာဉ်မောင်း ကိုကျော်စွာက သား သမီးပညာရေးအတွက် စီမံထားပုံ ကို ပြောသည်။

ထို့အပြင် နွေကျောင်းပိတ် ရက်တွင် တက်ရောက်နိုင်သည့် ဘာသာစကားသင်တန်းများ၊ နေ့ အထူးဘော်ဒါများ၊ စာကျက်ဝိုင်း များ၊ ကျူရှင်ကြော်ငြာများက လည်း အတန်းတင်စာမေးပွဲ မပြီး ဆုံးမီကတည်းကပင် မြို့ပြနေရာ အနှံ့၌ ပုံစံမျိုးစုံဖြင့် ကြော်ငြာနေ သည်။

နွေရာသီအားလပ်ရက်များ ကို ကျောင်းစာဖြင့်သာ အချိန် ကုန်စေပြီး ပြင်ပဗဟုသုတရရှိ စေမည့် လှုပ်ရှားထိတွေ့မှုများ၊ သင်ယူမှုများ မရှိသည့် ကလေး တစ်ဦး၏ ကြီးပြင်းရှင်သန်မှုသည် မည်သို့ဖြစ်လာနိုင်သနည်း။

ကလေးများကို  နွေကျောင်း ပိတ်ရက်တွင် အနားမယူစေဘဲ ကျောင်းစာကိုသာဖိ၍ အချိန်ပေး နေခြင်းသည် ကလေး၏ ကိုယ် ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုအပိုင်း တွင် အားနည်းသွားစေသည်ဟု စိတ်ပညာပါမောက္ခ (အငြိမ်းစား) ဒေါက်တာခင်မြင့်က သုံးသပ် ပြောကြားသည်။

‘‘ငယ်ငယ်ကတည်းက စာပိ နေတော့ ကြာတဲ့အခါ ကလေးက စာကို အရမ်းငြီးငွေ့သွားတယ်။ ကြောက်သွားတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ပြန်ကြည့်ရင် တခြား စိတ်ဝင်စားမှုနယ်ပယ်တွေအား လုံး ကျဆုံးသွားတယ်။ ကလေး တွေမှာ ကိုယ်ရည်ကိုယ်သွေး ဖွံ့ ဖြိုးမှု၊ ဆက်ဆံရေး၊ အားကစား၊ အနုပညာ ဒါတွေက ငယ်ငယ် လေးကတည်းက တောက် လျှောက် ဖွံ့ဖြိုးလာရမှာ။ စာတွေ နဲ့ပဲ နပန်းလုံးနေရတော့ တစ်ဖက် မှာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ညှိုးနွမ်း သွားစေတယ်’’ဟု ဒေါက်တာ ခင်မြင့်က ပြောသည်။

ဘဝတိုးတက်အောင်မြင်ရန် ယနေ့ခေတ်တွင် ကလေးတစ်ဦး အတွက် စာတော်ရုံနှင့်မပြီးဘဲ ပေါင်းသင်း ဆက်ဆံရေး၊ ခန္ဓာ ကိုယ်ကြံ့ခိုင်မှုနှင့် လူမှုရေးလုပ် ငန်းများ၌ ထိတွေ့မှုများရှိရန် လိုအပ်လာသည်။ ထို့ကြောင့် နွေရာသီတွင် ကလေးများကို ဘက်စုံလေ့လာ လှုပ်ရှားမှုများဖြင့် ဖြတ်သန်းနိုင်ရန် မိဘများက စီစဉ်ပေးသင့်သည်။

‘‘နွေရာသီကျောင်းပိတ်ရက် မှာ ကလေးတွေကို ခရီးထွက်ပေး တာ၊ စာဖတ်စေတာ၊ သူငယ်ချင်း တွေစုပြီး လူမှုရေးပရဟိတတွေ လုပ်ကိုင်တာ။ ဒါတွေကို မိဘတွေ က နားလည်ခွင့်ပြုပေးဖို့လိုတယ်။ ဒီခေတ်မှာ စာတော်ရုံနဲ့ မပြီးတော့ ဘူး။ ပေါင်းသင်းဆက်ဆံရေးတွေ ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်မှု တွေလိုလာပြီ။ မိဘတွေက ဒါတွေကို နားလည်ပေးဖို့၊ အား ပေးဖို့လိုလာပြီ။ နောက် ကလေး က လုပ်ချင်နေရင်တောင် မိဘက ဒါတွေအရေးမကြီးဘူးဆိုပြီး ပိတ် ပင်နေပြန်ရင် မဖြစ်တာမို့ မိဘ တွေကိုယ်တိုင်ကလည်း သား သမီးကို စာတော်မှဆိုပြီး ပြုစုပျိုး ထောင်နေတာမျိုးတွေ ပြောင်းလဲ သင့်ပြီ’’ဟု လူငယ်များအတွက် စိတ်ခွန်အားဖြစ်စေသည့် စာပေ များ ရေးသားသူ ဆရာဝန်၊ စာရေးဆရာ ဒေါက်တာဖြိုးသီဟ က ပြောသည်။

နွေရာသီတွင် မိမိကလေး များ ဝါသနာပါပြီး စိတ်ပျော်ရွှင် စေသည့် အားကစား သင်တန်း များ၊ ဂီတသင်တန်း၊ ရေကူးသင် တန်း၊ ပန်းချီသင်တန်းများ တက် ရောက်သင့်သည်။ ကလေး၏ အသက် အရွယ်အလိုက် ကိုယ် ခန္ဓာဖွံ့ဖြိုး တိုးတက်ရေး၊ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးရေးကို မိဘများက သတိပြုလမ်းညွှန်ပေးရန် လိုအပ် သည်။

‘‘ကလေးတွေကို စာတင် မကဘဲ ကျန်းမာရေးကောင်း အောင် အားကစားလိုက်စားခိုင်း တာ၊ ကိုယ်ချင်းစာတရားရှိ အောင်၊ ခံစားနားလည်နိုင်စွမ်းမြင့် အောင် ပန်းချီတို့၊ ဂီတတို့လို အနု ပညာတွေကို လေ့လာခိုင်းတာမျိုး လုပ်စေချင်တယ်။ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်ဖို့ ကိုယ်ခံ ပညာ သင်ပေးတာလည်း ဒီခေတ် အခါမှာ ပိုလိုအပ်တယ်လို့ ထင် တယ်။ နောက် ကလေးတွေကို ငယ်စဉ်ကတည်းက စာဖတ်ကျင့် ရအောင် မွေးစေချင်တယ်။ စာ ဖတ်တာကို စိတ်ဝင်စားလာ အောင်၊ စာအုပ်တွေကနေ ပေး တဲ့ ရသ၊ သုတတွေကို ငယ်ငယ် ကတည်းက ခံစားတတ်လာ အောင် မိဘက သတိထားလမ်း ကြောင်းပေးစေချင်တယ်’’ ဟု Active English သင်တန်းကို တည်ထောင်သူ ကိုဇင်ဇေလွင်က ပြောသည်။

ယခုနေ့ခေတ်တွင် ဉာဏ် ရည်ဉာဏ်သွေး ကောင်းမွန်ရုံ သာမက မိမိကိုယ်ကိုယ် စီမံခန့်ခွဲ နိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်း မွန်ခြင်း၊ ပညာတစ်ခုကို စိတ်ပါ လက်ပါ သင်ယူခြင်း စသည့် အရည်အချင်း  များကလည်း အရေးကြီးလာသည်ဟု ဆိုသည်။

‘‘စာနဲ့ပတ်သက်လို့ သင် တန်းတွေထားမယ်ဆိုရင်လည်း ကျောင်းစာကိုပဲ တိုက်ရိုက်သင် နေတာထက် ကျောင်းစာသင်ရာ မှာ အထောက်အကူပြုနိုင်မယ့် ဟာမျိုးကို ရွေးသင်ပေးနိုင်ရင် ပို ကောင်းပါတယ်။ ဥပမာ အင်္ဂလိပ် စာဆိုရင် ပြဋ္ဌာန်းစာအုပ်ကတည်း က စာတွေကြိုသင်၊ ကြိုကျက် ခိုင်းတာမျိုးထက် သဒ္ဒါအခြေခံ ကောင်းရအောင်၊ စကားလုံး ကြွယ်ဝပြီး အသုံးချတတ်အောင်၊ ပြောရဲဆိုရဲရှိအောင် ဦးစားပေး သင်ပေး လေ့ကျင့်တာမျိုးလုပ် သင့်တယ်။ မဟုတ်ရင် ကလေး က စာကြောက်၊ စာပျင်းဖြစ်သွား လိမ့်မယ်’’ဟု ကိုဇင်ဇေလွင်က ပြောသည်။

ထို့အပြင် သင်ပေးသမျှ အသိပညာ၊ အတတ်ပညာတိုင်း ၏ တန်ဖိုးနှင့် အကျိုးရှိပုံကို ကလေးများ၏ ရင်ထဲရောက် အောင် တတ်နိုင်သမျှ ထည့်ပေး ရန်လိုအပ်သည်။ အရာရာတွင် မိဘနှင့်ဆရာကိုသာ အားကိုးခြင်း မျိုးမဟုတ်ဘဲ ကိုယ်တိုင်ဖြေရှင်း နိုင်အောင် လေ့ကျင့်သင်ကြား ပေးသင့်သည်ဟုဆိုသည်။

အချုပ်အားဖြင့် ဆိုသော် ကလေးများ၏ ခေါင်းဆောင်မှု စွမ်းရည်၊ လှုပ်ရှားမှုစွမ်းရည်များ တိုးတက်စေရန် ကျောင်းပြင်ပ လှုပ်ရှားမှုများက ပိုအရေးကြီးပြီး နွေရာသီကျောင်းပိတ်ရက်များက အကောင်းဆုံး  အသုံးချချိန်ဖြစ် သင့်သည်။