မိုးကုတ်နှစ် (၈၀၀) ပြည့်ပွဲတော်ကာလတွင် နိုင်ငံခြားသားများ ခွင့်ပြုချက်တောင်းခံပြီး လည်ပတ်နိုင်

မိုးကုတ်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ − စည်သူလင်း)

 မိုးကုတ်နှစ် (၈၀၀) ပြည့်ပွဲတော်ကာလအတွင်း နိုင်ငံ ခြားသားခရီးသွားဧည့်သည်များကိုလည်ပတ်ခွင့်ပြုထားပြီး သွား ရောက်လိုသည့်ဧည့်သည်များနှင့် ခရီးသွားကုမ္ပဏီများသည် ၀န် ကြီးဌာနတွင် ခွင့်ပြုချက်ရယူကာ လည်ပတ်နိုင်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။


‘‘ပွဲတော်ကာလအတွင်း သွားရောက်လည်ပတ်နိုင်ဖို့အ တွက် ၀န်ကြီးဌာနနဲ့ပြည်ထဲရေးတို့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ သွားရောက် လည်ပတ်လိုတဲ့ခရီးသွားများအ နေနဲ့ ၀န်ကြီးဌာနက ထုတ်ပြန် ထားတဲ့လမ်းကြောင်းအတိုင်း ခွင့် ပြုချက်တောင်းခံပြီးတော့ လည် ပတ်နိုင်မှာဖြစ်ပါတယ်’’ ဟု ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦး စီးဌာန (အထက်မြန်မာပြည်ရုံးခွဲ) ညွှန်ကြားရေးမှူးဦးစန်းယုကပြော သည်။

မတ်လ ၂၉ ရက်မှ ၃၁ ရက် အထိသုံးရက်ကြာပြုလုပ်မည့် မိုး ကုတ်နှစ် (၈၀၀) ပြည့်ပွဲတော်ကာ လအတွင်း လည်ပတ်လိုသည့်နိုင် ငံခြားသားဧည့်သည်များသည် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ်လမ်းကြောင်းမှ သွား ရောက်နိုင်ပြီး ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန သတင်း နှင့်ပြန်ကြားရေးဌာနသို့ ဆက် သွယ်ကာ ခွင့်ပြုချက်တောင်းခံနိုင် ကြောင်း ထုတ်ပြန်ထားသည်။

‘‘နိုင်ငံခြားသားတွေက ပထ မပြီးခဲ့တဲ့ငါးလလောက်ကတည်း က တောင်းခံခဲ့တာ။ အခုခွင့်ပြု ချက်တွေချပေးတာတော့ နှစ်ရက် ပဲရှိနေသေးတယ်။ သိရသ လောက်မိုးကုတ်မှာရှိတဲ့ ဟိုတယ် တွေ၊မိုတယ်တွေက အကုန်ပြည့် နေပြီဖြစ်တဲ့အတွက် နောက်မှ ချိတ်တဲ့လူတွေ၊ အခုမှဝင်ခွင့်ရလို့ လာမယ့်လူတွေအတွက်တော့ အ ဆင်မပြေဘူး။ ဒီကရိပ်သာတို့၊ စာသင်ကျောင်းတို့မှာတော့တည်း နိုင်အောင် စီစဉ်ပေးထားပါတယ်’’ ဟု ပွဲကျင်းပရေးကော်မတီ ပြန် ကြားရေးတာဝန်ခံဦးမင်းသူရက ပြောသည်။

 နှစ်(၈၀၀)ပြည့်ပွဲကိုကျောက် မျက်ရတနာနှင့် ခရီးသွားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရန်၊ မိုးကုတ် ဒေသ၏ အလှအပနှင့်မိုးကုတ်ဒေ သတွင် နေထိုင်သည့်တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှုများ ကို မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာကသိရှိရန်နှင့် မျိုးဆက်သစ် များကို သမိုင်းအမွေလက်ဆင့် ကမ်းပေးနိုင်ရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဦးသန်းဝင်းကပြော သည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီ ဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့်တိုင်းရင်းသားများ နေထိုင် ပြီး ကမ္ဘာကျော်ပတ္တမြားအပါအ ၀င် အဖိုးတန်ကျောက်မျက်ရတ နာမျိုးစုံထွက်ရှိမှုကြောင့် ထင်ရှား သည့်မြို့ဖြစ်သည်။ မိုးကုတ်မြို့ သည် တောတောင်များပတ်လည် ၀ိုင်းကာ အေးမြသောရာသီဥတု နှင့် သမိုင်းဝင်စေတီပုထိုးမြောက် မြားစွာတည်ရှိသော မြို့ဖြစ် သည်။

More in News Section