မန္တလေးတိုင်းတွင် ဆင်စခန်းနှစ်ခုဖွင့်မည်

မန္တလေးတိုင်းဒေသကြီး တွင် ဆင်စခန်းနှစ်ခုဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမန္တလေးတိုင်းမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောသည်။


ညောင်ဦးမြို့မှ ငါးမိုင်ခန့်အ ကွာ ညောင်ဦး-မြင်းခြံလမ်း မြောက်ဘက်ပလင်းကျေးရွာအနီး ဧရာဝ တီမြစ်ဘေးရှိ ပလင်းကမ်းသာယာ ဆင်စခန်းကို မတ်လ ၂၈ ရက်တွင် လည်းကောင်း၊ ပြင်ဦးလွင်ခရိုင်ရဲ ရွာရေအားလျှပ်စစ်စီမံကိန်း လမ်း ၅ မိုင် ၅ ဖာလုံရှိ ၀ါးနက်အပန်းဖြေဆင်စခန်းကို မတ်လ ၃၀ ရက်တွင် လည်းကောင်း ဖွင့်လှစ်မည် ဖြစ် သည်။

ဝါးနက်အပန်းဖြေဆင်စခန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အ ထက်မြန်မာပြည်ဓာတ်ပုံအသင်း နှင့် ပူးပေါင်းကာ မတ်လ ၂၅ ရက်တွင် ဓာတ်ပုံပြိုင်ပွဲပြုလုပ်ရန်ရှိကြောင်း ဦးအောင်မြင့်ဌေးက ပြောကြားသည်။

‘‘ဆင်စခန်းက ဆင်တွေနဲ့ ဓာတ်ပုံပြိုင်ပွဲလုပ်ဖို့ရှိတယ်။ ဆု ကြေးပေးမယ်’’ဟု ဦးအောင်မြင့် ဌေးက ဆိုသည်။

မြန်မာ့သစ်လုပ်ငန်းသည် သစ်ထုတ်လုပ်မှု လျှော့ချခဲ့ပြီး နောက် ၀န်တင်ဆင်များကို အများ ပြည်သူကြည့်ရှုလေ့လာရန် မြန်မာနိုင်ငံအနှံ့ဆင်စခန်းများဖွင့်လှစ်နေသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံးဆင်စခန်းအဖြစ် ပြင်ဦး လွင်မြို့နယ် ရဲရွာ-ကျောက်ချော ကားလမ်း ဒီးဒုတ်ကြိုးပြင်ကာ ကွယ်တောအတွင်း ၀ှက်ကားရေ တံခွန်အနီး ဒီးဒုတ်အပန်းဖြေဆင်စခန်းကို ဇန်န၀ါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။