သမိုင်းကို သင်ခန်းစာယူ၍ အားလုံးစုစည်းညီညွတ်ရန် တံတားနီ နှစ်(၃၀)ပြည့်တွင် ဦးကိုကိုကြီးတိုက်တွန်း

တံတားနီ အရေးအခင်း နှစ်(၃၀)ပြည့် အမှတ်တရဂုဏ်ပြုပန်းများ ချထားစဉ် (ဓာတ်ပုံ − နစ်ကီ)

တံတားနီအရေးအခင်း နှစ်(၃၀)ပြည့် အခမ်းအနားကို ယမန်နေ့က အင်းလျားကန်ပေါင်တွင်ပြုလုပ်ပြီး စစ်အာဏာရှင် များ၏ အကြမ်းဖက်နှိမ်နင်းခံရသည့် ကျောင်းသားများအတွက် အမှတ်တရ ဂုဏ်ပြုပန်းစည်းများ ချခြင်း၊ ဆီမီးထွန်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။

၈၈ ကျောင်းသား ခေါင်း ဆောင်များက တံတားနီအရေးအခင်းဟု နာမည်ကျော်ခဲ့သော သမိုင်းဖြစ်စဉ်အတွက် ကန်ပေါင် တွင် သမိုင်းမှတ်တမ်းတစ်ခုထား ရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူများ၏ နိုင်ငံရေးရေချိန်ကို မြှင့်ပေးရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကနိုင်ငံ တစ်နိုင်ငံတွင် ဖြစ်ခဲ့သည့်အဖြစ် အပျက်များကို ဖျောက်ဖျက်ပစ်၍ မရကြောင်း၊ ထိုအဖြစ်ဆိုးမျိုး နောက်နောင်မဖြစ်အောင် သင် ခန်းစာယူ၍ မတူကွဲပြားသည့် အ ယူအဆ၊ အဖွဲ့အစည်းများစုစည်း ညီညွတ်ပြီး ပူးပေါင်းဆောင်ရွက် နိုင်သည့် စနစ်မျိုးတည်ဆောက် ရန် ဆုံးဖြတ်ချက်ချ၍ ကြိုတင်ကာ ကွယ်ရမည်ဖြစ်ကြောင်း ပြော သည်။

‘‘ဒါဟာ လက်စားချေတာ မဟုတ်ဘူး။ တစ်ခါတလေကျရင် ကျွန်တော်တို့ ဒီလိုအထိမ်းအမှတ် တွေ၊ အခမ်းအနားတွေ လုပ်တာ ကိုပဲ အမြင်လွဲတာတွေ၊ နားလည် မှုလွဲတာတွေ ဖြစ်နိုင်တယ်။ တ ကယ်က နိုင်ငံတစ်နိုင်ငံမှာ ဖြစ်ခဲ့ တဲ့အဖြစ်အပျက်တွေက ဖျောက် ဖျက်ပစ်လို့မရဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒါတွေဖြစ်ခဲ့ တယ်။ အဲဒီလိုအနိဋ္ဌာရုံတွေ၊ အ ဖြစ်ဆိုးတွေ နောက်နောင်မဖြစ် အောင် ဘယ်လိုနိုင်ငံရေးစနစ်မျိုး တည်ဆောက်ကြမလဲ။ သင်ခန်း စာတွေ ယူကြမလဲ။ ပြုပြင်ကြမလဲ။ ပြီးရင် နိုင်ငံတော်မှာ မတူကွဲပြားတဲ့ အယူအဆတွေ၊ အဖွဲ့အစည်းတွေအားလုံးကို စုစည်းညီညွတ်ပြီးတော့ ပူးပေါင်းဆောင် ရွက်နိုင်တဲ့စနစ်မျိုး ဘယ်လိုတည် ဆောက်ကြမလဲဆိုတဲ့ ဆုံးဖြတ် ချက်တွေချနိုင်မယ်’’ဟု ဦးကိုကို ကြီးက သတိပေးပြောကြားသည်။

၁၉၈၈ မတ်လ ၁၃ ရက်က စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ပြီးနောက် မတ်လ ၁၆ ရက်တွင် ရန်ကုန် တက္ကသိုလ်နှင့် စက်မှုတက္ကသိုလ် ကျောင်းသားများစုဝေး၍ ပြည် လမ်းမပေါ်ဖြတ်ကာ ရန်ကုန်တက္က သိုလ် လှိုင်နယ်မြေသို့ ချီတက် လာစဉ် တံတားဖြူအနီးအရောက် စစ်တပ်နှင့် လုံထိန်းများက အ ကြမ်းဖက်နှိမ်နင်းခဲ့ရာ ကျောင်း သားများစွာ သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည်။

အဆိုပါအကြမ်းဖက်နှိမ်နင်း မှုများသည် အင်းလျားကန်ဘေးရှိ တံတားဖြူမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့သော်လည်း ကျောင်းသားများ သွေးမြေကျခဲ့သော နေရာဖြစ်သောကြောင့် တံတားနီအရေး အခင်းဟု ခေါ်တွင်ခဲ့သည်။

More in News Section