ငပလီကမ်းခြေရှိဟိုတယ်အချို့ ၀န်ကြီးဌာနလိုင်စင်မရှိဘဲ ဖွင့်လှစ်နေဟုဆို

နာမည်ကျော် ငပလီကမ်းခြေကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

 ငပလီကမ်းခြေဒေသ တွင် ဖွင့်လှစ်ထားသည့် The Lodge Blue Ocean ဟိုတယ်၊ BT Bay Hotelဟိုတယ်နှင့် Pris- tine Mermaid Resort တို့ကို လုပ်ငန်းလိုင်စင်ချထားပေးခြင်း မရှိကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းမျိုးညွှန့်က ပြောသည်။


ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနထံမှ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင် ရယူထား ခြင်းမရှိသည့် ဟိုတယ်များသည် ဥပဒေအရနိုင်ငံခြားသားတည်းခို မှု လက်ခံခွင့်မရှိကြောင်း ၎င်းက ပြောသည်။

‘‘The Lodge Blue Ocean ဟိုတယ်ကတော့ ကျွန်တော်တို့ ဆီမှာ လိုင်စင်လျှောက်ထားဆဲပဲ။  လိုအပ်တဲ့ အချက်အလက်လေး တွေရှိလို့ ပြန်တောင်းထားတယ်။ ကျန်တဲ့နှစ်ခုကတော့ ကျွန်တော် တို့ မှတ်တမ်းထဲမှာမရှိပါဘူး’’ ဟု ဦးဝင်းမျိုးညွှန့်ကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စည်ပင်သာယာမှ လိုင်စင်ရယူ၍ ဖွင့်လှစ်ထားသည့် တည်းခိုခန်း အများအပြားရှိပြီး အဆိုပါတည်းခိုခန်း များအနေဖြင့် နိုင်ငံခြားသား တည်းခိုမှုကို လက်ခံလိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင် ထပ်မံရယူရမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနတွင် လိုင်စင်ရယူ ထားခြင်းမရှိဘဲ ဖွင့်လှစ်ထား သည့်အဆိုပါ ဟိုတယ်သုံးခုသို့ ဆက်သွယ်ရာ နိုင်ငံခြားသား ခရီးသည်တည်းခိုမှုကို လက်ခံ သည်ဟု ပြန်လည်ဖြေကြားသော် လည်း လိုင်စင်ရယူခြင်းနှင့်ပတ် သက်၍ ဖြေကြားခြင်းမရှိဘဲ ပြန် လည်ဆက်သွယ်မည်ဟု သာပြော ဆိုခဲ့သည်။

The Lodge Blue Ocean ဟိုတယ်၊ BT Bay Hotel ဟိုတယ် နှင့် Pristine Mermaid Resort သုံးခုစလုံးသည် သံတွဲခရိုင်စည် ပင်သာယာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိထားကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။

‘‘BT Bay ကအရင်တည်းခို ခန်းလိုင်စင်ရှိပြီးသားဟာကို ပြန် ၀ယ်လိုက်တာ။ သူကရှိနေတာ ကြာပြီ။ အခုမှ ဟိုတယ်အနေနဲ့ အဆင့်မြှင့်ပြီး လိုင်စင်လျှောက် တာပေါ့။ Pristine Mermaid Resort က တော့လပိုင်းပဲရှိသေး တယ်။ စည်ပင်ကတော့ အ ဆောက်အအုံဆောက်လုပ်ခွင့်နဲ့ တည်းခိုခန်းလိုင်စင်ပဲ သက်ဆိုင် တယ်။ ဟိုတယ်လိုင်စင်ကတော့ ဟိုတယ်ခရီးနဲ့ပဲ သက်ဆိုင်ပါ တယ်’’ဟု ၎င်းကပြောသည်။

ဟိုတယ်သုံးခုအနက် BT Bay Hotel ဟိုတယ်သည် Bawga Theiddhi ဟိုတယ်အုပ် စုပိုင်ဖြစ်ပြီး ပုဂံနှင့် ကျိုက်ထီးရိုး ၌ ဟိုတယ်များဖွင့်ထားသည်။ အလားတူ Pristine Mermaid Resort သည် Pristine ဟို တယ်အုပ်စုပိုင်ဖြစ်ပြီး အင်းလေး နှင့် ပုဂံတွင် ဟိုတယ်များဖွင့် လှစ် ထားသည်။

ငပလီကမ်းခြေတွင် စည် ပင်သာယာမှ တစ်ဆင့်တည်း ခိုခန်းလိုင်စင်ရယူထားသည့် အ ရေအတွက် ၁၀ခုခန့် ရှိသည်။ ငပလီကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင် စင် ၃၄ ခုထုတ်ပေးထားပြီး၁,၂၂၃ခန်း ရှိ သည်။ ငပလီကမ်းခြေသို့ ၂၀၁၆ တွင် နိုင်ငံခြားခရီးသွား ၄၃,၀၀၀ ၀င်ရောက်ခဲ့ပြီး ၂၀၁၇ တွင် ငါး သောင်းကျော်ဝင်ရောက် ခဲ့သည်။ 

More in News Section