ရသေ့တောင်မြို့နှင့် အနီးရှိ ၂၆ ရွာသို့ မတ်လကုန်တွင် လျှပ်စစ်မီးစတင်ပေးမည်

ရသေ့တောင်မြို့အ၀င်နေရာကိုတွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)

မတ်လနောက်ဆုံး ပတ်တွင် ရသေ့တောင်မြို့နှင့် ၀န်းကျင်ရှိ ကျေးရွာ ၂၆ ရွာသို့ မဟာဓာတ်အားလိုင်းမှ လျှပ် စစ်ဓာတ်အားများ ဖြန့်ဖြူးပေးမည် ဟု စစ်တွေခရိုင် လျှပ်စစ်ဓာတ် အားပေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရန် မာန်အောင်၊ ရမ်း ဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင် နှင့် မောင်တောမြို့နယ်တို့ ကျန် ရှိနေပြီး အခြားမြို့နယ် ၁၂ ခုနှင့် အနီးရှိကျေးရွာများသည် မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီးရနေ သည်။

‘‘ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောက လုံခြုံရေး အရ လျှပ်စစ်မီး ၂၄ နာရီလိုအပ် နေတဲ့ မြို့တွေဖြစ်ပါတယ်။ အခု ရသေ့တောင်မြို့ကစပြီး ရတော့ မှာဆိုတော့ ၀မ်းသာပါတယ်။ မကြာခင်မှာပဲ ဘူးသီးတောင်၊ မောင်တောလည်းရတော့မယ်လို့ သတင်းတွေကြားပါတယ်’’ ဟု ရသေ့တောင်မြို့ခံတစ်ဦးက ပြော သည်။ လျှပ်စစ်မီးမရသေးသည့် ဘူးသီးတောင်နှင့် မောင်တောမြို့ နယ်တို့ကို ၂၀၁၈ နှစ်ကုန်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် မီးရရန် ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာဌာနများက သတင်း ထုတ်ပြန်ထားသည်။