စစ်ကိုင်းတွင် ငလျင်ဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနက ဦးဆောင်၍ စစ်ကိုင်းခရိုင် နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှု ကူညီရေးအဖွဲ့များ၊ ကျောင်းသူ၊ ကျောင်းသားများပူးပေါင်း၍ မတ် ၁၉ ရက်တွင် စစ်ကိုင်းမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ငလျင်ဆိုင်ရာအသိ ပညာပေးလှုပ်ရှားမှုများကျင်းပ မည် ဖြစ်သည်။

‘‘စစ်ကိုင်းမြို့ပေါ်က လူအင် အား ၃၀၀ လောက်ဖိတ်ပြီး ငလျင်ဆိုင်ရာအသိပညာပေးဟောပြော ပွဲကျင်းပမယ်။ လောလောဆယ် စစ်ကိုင်းမြို့တစ်မြို့တည်းကျင်းပ မယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာန တိုင်းဦးစီးမှူး ဦးစ၀ီလီဖရန့် က ပြောသည်။

ငလျင်ဘေးအန္တရာယ်ဆိုင် ရာ သိကောင်းစရာဟောပြောပွဲကို မုံရွာတက္ကသိုလ်မှ ပညာရှင်များ က ဆွေးနွေးမည်ဖြစ်ပြီး ဘေးအန္တ ရာယ်ဖြစ်ပေါ်ချိန် တုံ့ပြန်ဆောင်ရွက်မှုများ ရှင်းလင်းခြင်းနှင့် ငလျင်ဆိုင်ရာသရုပ်ပြမှုများ ဆောင်ရွက်မည် ဖြစ်သည်။

‘‘ငလျင်ဘေးအန္တရာယ်ကြို တင်ကာကွယ်တဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာ သင့်တော်တဲ့နေရာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ပြည်သူ၊ ပြည်သားတွေ အနေနဲ့ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေကို အဆက်မပြတ်အောင် ရေဒီယို တွေ၊ သတင်းစာ၊ ဂျာနယ်တွေက နေ စောင့်ကြည့်သင့်တယ်။ သက် ဆိုင်ရာဌာနတွေက ကြိုတင်ကာ ကွယ်မယ့်အပိုင်းတွေ စီစဉ်ထား သင့်တယ်’’ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ဇော်မြင့်နီကပြောသည်။