ရတနာပုံတယ်လီပို့တွင် ပြုလုပ်မည့် ကားမောင်းပြိုင်ပွဲ၌ တရုတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ ပါဝင်မည်

 မန္တလေး-ပြင်ဦးလွင် လမ်း ပြင်စာကျေးရွာအနီးရှိ ရတ နာပုံတယ်လီပို့တွင် ပြုလုပ်မည့် Myanmar Drift Championship ကားမောင်းပြိုင်ပွဲတွင် တရုတ် နိုင်ငံမှ ဒိုင်များနှင့် ပြိုင်ပွဲဝင်များ ပါ ဝင်မည်ဖြစ်ကြေင်း Motor Sport Association Mandalay (MSAM)  ဘုတ်အဖွဲ့ဒါရိုက်တာ ကိုမင်းသန့်ထက်က ပြောသည်။

အဆိုပါ ကားမောင်းပြိုင်ပွဲ ကို Motor Sport Association Mandalay (MSAM) က ကြီးမှူး ကျင်းပပြီး မတ်လ ၂၄ နှင့် ၂၅  ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယခုပြိုင်ပွဲသည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် Myanmar Drift Championship ပြိုင်ပွဲကို ၂၀၁၇ ဧပြီက ကျင်းပခဲ့ ပြီး တရုတ်နိုင်ငံမှ ကစားသမား များအပါအဝင် ပြိုင်ပွဲဝင် ၉၀ ဦး ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

‘‘အစကတော့ ထိုင်းနဲ့တရုတ်က ဒိုင်တွေကို ဖိတ်ခေါ်ထားပါ တယ်။ ပြိုင်ပွဲရက် အခြေအနေ ကြောင့် ထိုင်းကဒိုင်တွေ ပါဝင် နိုင်ခြင်းမရှိတော့ပေမယ့် တရုတ် နိုင်ငံက ဒိုင်နှစ်ဦးနဲ့ ပြိုင်ပွဲဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်’’ ဟု ကိုမင်းသန့်ထက်ကဆိုသည်။

လူငယ်များကြားတွင် Motor Sport ကို အားကစားနည်းတစ်ခု အဖြစ် စိတ်ဝင်စားစေရန်၊ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် ရည်ရွယ်၍ အဆိုပါ ပြိုင်ပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း MSAM အဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။

အဆိုပါပြိုင်ပွဲကို အများပြည်သူ အခမဲ့ကြည့်ရှုခွင့်ပြုမည်ဖြစ် ကြောင်း ကိုမင်းသန့်ထက်က ပြောသည်။

ပြိုင်ပွဲတွင် ပရော်ဖက်ရှင် နယ်အဆင့် Drift ပြိုင်ပွဲ၊ ဆီမီးပ ရော်ဖက်ရှင်နယ်အဆင့် Drift ပြိုင်ပွဲနှင့် Times Attack ပြိုင်ပွဲဟူ ၍ ပြိုင်ပွဲသုံးမျိုး ပါဝင်မည်ဖြစ် သည်။

  ပြီးခဲ့သည့်နှစ် ပြိုင်ပွဲတွင် ဆုကြေးများ ချီးမြှင့်သော်လည်း ယခုနှစ်ပြိုင်ပွဲတွင် ဆုဖလားများ သာ ပေးအပ်မည်ဖြစ်ကြောင်း ကို မင်းသန့်ထက်က ဆိုသည်။ ပြိုင်ပွဲ ဝင် ကားမောင်းသမားများကို ပွဲ စဉ်တစ်ခုအတွက် ဝင်ကြေး ကျပ် သုံးသောင်းသတ်မှတ်ထားသည်။

More in News Section