လာမည့်နှစ် ခရီးသွားရာသီတွင် အပျော်စီးသင်္ဘောဖြင့် မြိတ်ကျွန်းစုသို့လာသည့် ခရီးသွားများကို ကုန်းပေါ်လည်ပတ်ခွင့်ပြုရန် စီစဉ်

မြိတ်ကျွန်းစုသို့ သွားရောက်လည်ပတ်နေသော ခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

၂၀၁၉ ခရီးသွားရာသီ၌ အပျော်စီးသင်္ဘောဖြင့် မြိတ်ကျွန်း စုသို့ လာရောက်သည့် ခရီးသွား များ ကော့သောင်းမြို့အပါအ၀င် မြန်မာနိုင်ငံကုန်းမြေပေါ်သို့ တက် ရောက်လည်ပတ်နိုင်ရန် စီစဉ် ထားကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ပြောသည်။


အပျော်စီးသင်္ဘောဖြင့် မြိတ် ကျွန်းစုသို့ဝင်ရောက်လာသည့် ခရီးသွားများသည် ဒေသတွင်းရှိ ကျွန်းဆွယ်များတွင် ခဏတာလည် ပတ်ပြီးနောက် ပြန်လည်ထွက်ခွာ သဖြင့် ခရီးသွားလုပ်ငန်း၌ အကျိုးကျေးဇူး နည်းပါးကြောင်း မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်း ဒုတိယဥက္က ဋ္ဌဒေါ်စုစုတင်က ပြောသည်။

သီလ၀ါဆိပ်ကမ်းသို့ အ ပျော်စီးသင်္ဘောဖြင့် ၀င်ရောက် လာသည့် ခရီးသွားများသည် ရန်ကုန်၊ ပဲခူး၊ ပုဂံ၊ အင်းလေးအ စရှိသည့် နေရာဒေသများသို့ ဆက်လက်လည်ပတ်သဖြင့် ခရီးသွားလုပ်ငန်းတွင် အကျိုးကျေး ဇူးရှိကြောင်း ၎င်းကပြောသည်။

‘‘အဲဒါတွေကို ဌာနအနေနဲ့ လည်း သိတယ်။ တိုင်းအစိုးရက လည်း သိတယ်။ အခုတော့ ကုန်း ပေါ်လည်ပတ်ဖို့အတွက် ကုမ္ပဏီ တွေကိုပြောထားတယ်။ သူတို့က လည်း ကုန်းပေါ်ပို့ပေးမယ်။ ဒါပေ မဲ့ သင်္ဘောတစ်စီးကို လူဦးရေ ထောင်ဂဏန်းလောက် ပါလာ တော့ သူတို့လာလည်ပတ်ရင် အ ဆင်သင့်ဖြစ်ဖို့ လိုတယ်။ ဒါကို လည်း သက်ဆိုင်ရာနဲ့ပြောထား ပြီးပါပြီ’’ဟု ဦးမြင့်ထွေးက ပြော သည်။

ခရီးသွားကုမ္ပဏီများသည် ခရီးစဉ်များ ရောင်းချရာတွင် ခြောက်လမှ တစ်နှစ်အထိ ကြိုတင်ရောင်းချထားကြောင်း၊ လက်ရှိခရီးစဉ်များသည် ကျွန်းစုများအတွက်သာ ပါဝင်သဖြင့် ကုန်းပေါ် တက်ရောက်လည်ပတ်ခွင့် မရှိကြောင်း ၎င်းကပြောသည်။

၂၀၁၇ အတွင်း အပျော်စီး သင်္ဘောဖြင့် ပြည်ပခရီးသွားဝင် ရောက်မှုသည် နှစ်သောင်းကျော် သာရှိသော်လည်း ၂၀၁၈ ဇန်န၀ါ ရီနှင့် ဖေဖော်ဝါရီအတွင်း အပျော်စီးသင်္ဘောဖြင့် ပြည်ပခရီးသွား ၀င်ရောက်မှု နှစ်သောင်းကျော်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

အပျော်စီးသင်္ဘောဖြင့် လိုက် ပါလာသည့် ခရီးသွားများတွင် ဥရောပနိုင်ငံသား အများဆုံးပါဝင် ပြီး မြန်မာနိုင်ငံ၌ အနည်းဆုံး သုံး ရက်နေထိုင်လေ့ရှိကြောင်း ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ခရီးသွားဧည့်သည်နှင့် သင်္ဘော အမှုထမ်း ၁,၀၄၈ ဦးပါဝင်သည့် ဟောင်ကောင်အခြေစိုက် အပျော်စီးသင်္ဘောသည် ခက်ရင်းခွကျွန်း သို့ ဆိုက်ရောက်ပြီး ဒေသတွင်းရှိ ကျွန်းစုများသို့ လာရောက်လည် ပတ်ခဲ့သည်။

မြိတ်ကျွန်းစုသို့ အပျော်စီး သင်္ဘောများဖြင့် ၀င်ရောက်လာ သည့် ခရီးသွားများအနေဖြင့် ကုန်း မြေပေါ်သို့ တက်ရောက်လည် ပတ်မည်ဆိုပါက ခရီးသွားလုပ် ငန်းဖြင့် ဒေသတွင်းအကျိုးစီးပွား ရရှိလာမည်ဟု ဦးမြင့်ထွေးက ပြောသည်။

More in News Section