စိတ်အားထက်သန်မှုမရှိသဖြင့် မန်ယူကစားသမားများကို မော်ရင်ဟို ဝေဖန်

အိမ်ကွင်း အိုးလ်ထရက် ဖို့ဒ်၌ အက်ဖ်အေဖလားကွာတား ဖိုင်နယ် ပွဲစဉ်အဖြစ် ဘရိုက်တန် ကို ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲတွင် ကစားသမားများအနေဖြင့် စိတ်မ ပါလက်မပါ ယှဉ်ပြိုင်ကစားခဲ့ပြီး နောက် မန်ယူနည်းပြ မော်ရင်ဟို က ၎င်းတို့ကို ပြင်းထန်စွာဝေဖန်ခဲ့ သည်။


ဆီဗီလာကို နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခဲ့ရသောပွဲ၌ မော် ရင်ဟိုသည် အသင်း၏စွမ်းဆောင် ရည်ညံ့ဖျင်းမှုအပေါ် ဝေဖန်မှု အနည်းငယ်သာ လုပ်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ၎င်း၏ ကစားသမားအများစု အပေါ်မော်ရင်ဟိုက ဒေါသထွက် ခဲ့သည်။

‘‘ပွဲကစားပုံကို ကျွန်တော်မ ကြိုက်ခဲ့ပါဘူး။ အနိုင်ရဖို့ ထိုက် တန်တယ်လို့ ကျွန်တော်ထင်ပါ တယ်။ ဘာလို့လဲဆိုတော့ ပွဲချိန် အများစုကို ကျွန်တော်တို့ထိန်း ချုပ်နိုင်ခဲ့လို့ပါ။ ကိုယ့်ဘက်က နှစ်ဂိုးသွင်းပြီး သူတို့ကပြန်မသွင်း ခဲ့ပါဘူး။ ဒါပေမဲ့ ကစားဖို့ပြင်ဆင် ထားတဲ့အတိုင်း မကစားခဲ့ဘူး’’ ဟု မော်ရင်ဟိုက ပြောသည်။

သို့သော် လူကာကူသွင်းယူ သော ပထမဂိုးကို ဖန်တီးပေးပြီး ဒုတိယဂိုးကို ကိုယ်တိုင်သွင်းယူခဲ့ သူ ကွင်းလယ်ကစားသမား မာ တစ်ကို မော်ရင်ဟိုက ချီးကျူးခဲ့ပြီး ၎င်းအားရကျေနပ်သည့် ကစား သမားများအနက် တစ်ဦးဖြစ် ကြောင်း ဆိုသည်။

ဆီဗီလာကို ရှုံးနိမ့်ပြီးနောက် ကစားသမားများထံမှ အပြုသ ဘောဆောင်သော တုံ့ပြန်မှု မြင် တွေ့ရခြင်းရှိ၊ မရှိ နှင့်ပတ်သက်၍ မေးမြန်းစဉ် မော်ရင်ဟိုက ‘‘အ ကုန်လုံးဆီကနေ တုံ့ပြန်မှုမရခဲ့ပါ ဘူး။ တချို့ဆီကနေပဲ တုံ့ပြန်မှု ရခဲ့တာပါ’’ ဟု ဖြေကြားသည်။

မော်ရင်ဟိုသည် ၂၀၀၇  ချယ်လ်ဆီးနည်းပြဘဝက အက်ဖ် အေဖလားအကြိုဗိုလ်လုပွဲ အဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း ယခု ပထမဆုံး ပြန်လည်တက်ရောက် ခွင့် ရရှိခြင်းဖြစ်သည်။

—Ref:Reuters/BBC