လီဟာနက်စ်ကိုရှုံးပြီး ဆီဗီလာ ယူရိုပါလိဂ်ဝင်ခွင့် အန္တရာယ်ရှိလာ၊ အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ဂိုး ၁၀၀ ပြည့် သွင်းယူ

(MARCO BERTORELLO/AFP)

ယမန်နေ့က ကစားခဲ့ သော လာလီဂါပွဲစဉ်တွင် ဆီဗီ လာက လီဟာနက်စ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့်နေရာ အန္တရာယ်ရှိလာသည်။

ယခုရှုံးပွဲကြောင့် ဆီဗီလာ သည် ယူရိုပါလိဂ်ဝင်ခွင့် သေချာ သော နောက်ဆုံးနေရာဖြစ်သည့် လက်ရှိ နံပါတ်(၅)နေရာမှ နံပါတ် (၇)သို့ ကျဆင်းနိုင်သည်။


ဆီဗီလာသည် လောလော ဆယ်တွင် လာလီဂါ၌ ရုန်းကန် နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ဝေးကွာနေပြီဖြစ်သည်။

ဆီဗီလာသည် ပွဲစဉ် (၂၈) တွင်လည်း ဗလင်စီယာကို ရှုံးနိမ့် ခဲ့ပြီး ဗလင်စီယာက ကျော်တက် သွားပြီဖြစ်သည်။ ချန်ပီယံလိဂ် တွင်မူ မန်ယူကို အနိုင်ရရှိပြီး အ သက်ဆက်နိုင်ခဲ့သည်။

ထိုအတောအတွင်း စီးရီး အေတွင် အင်တာမီလန်က အဝေး ကွင်း၌ ဆမ်ဒိုးရီးယားကို ၅-၀ ဂိုးဖြင့် ချေမှုန်းခဲ့ပြီး တိုက်စစ်မှူး အီကာဒီ တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့သည်။ ထို့ကြောင့် အီကာဒီ (၂၅) နှစ်သည် စီးရီးအေသမိုင်းတွင် ဂိုးပေါင်း (၁၀၀)ပြည့်သည့် ခြောက်ဦးမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာသည်။

အင်တာမီလန်အတွက် ပြိုင် ပွဲစုံ ၁၇၂ ပွဲတွင် အီကာဒီက ဂိုး ၁၀၀ ပြည့်မြောက်ခြင်းဖြစ်ပြီး စုစုပေါင်း ၁၀၃ ဂိုး သွင်းယူထားသည်။

‘‘တစ်သင်းလုံးကစားပုံ အ ရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းအရေးကြီးတဲ့ သုံးမှတ်ရ ရှိခဲ့တယ်။ ဒါက ကျွန်တော်တို့ ဂိုးတွေထက် ပိုပြီးအရေးကြီးပါ တယ်’’ ဟု အာဂျင်တီးနား တိုက် စစ်မှူးက ပြောသည်။

မိမိအနေဖြင့် ဂိုးပေါင်း ၁၀၀ ပြည့်ရန် အလွန်စိတ်အားထက် သန်ခဲ့ပြီး ဂိုးများသွင်းရန်သာ ကြိုးစားနေကြောင်း အီကာဒီက ပြောကြားသည်။           

—Ref: AP