တယ်လီနောက အွန်လိုင်းရုပ်ရှင်နှင့် သီချင်းဝန်ဆောင်မှုပေးရန် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်

 တယ်လီနောသည် အွန် လိုင်းရုပ်ရှင်ဇာတ်လမ်းများနှင့် တေးသီချင်းများ ဝန်ဆောင်မှု လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီ တစ်ခုအပါအဝင် ပြည်ပကုမ္ပဏီ သုံးခုနှင့် မတ်လ ၁၇ ရက်တွင် စတင်ပူးပေါင်းမည်ဟု ကြေညာ ခဲ့သည်။

၎င်းသည် တရုတ်နိုင်ငံအခြေ စိုက် အွန်လိုင်းတေးသီချင်း အက် ပလီကေးရှင်းဖြစ်သည့် JOOX၊ အမေရိကန်အခြေစိုက် Youtube၊ မလေးရှားနိုင်ငံအခြေစိုက် အွန် လိုင်းရုပ်ရှင်ကုမ္ပဏီ iflix တို့နှင့် ပူးပေါင်းခဲ့သည်။


ပြည်တွင်းအနေဖြင့် MRTV-4၊ Channel 7 တို့တွင် လူကြိုက် အများဆုံး တီဗီအစီအစဉ်များ ပြန်လည်တင်ဆက်ပေးနေသည့် Pyone Play နှင့် ပူးပေါင်းခဲ့သည်။

  တယ်လီနောအသုံးပြုသူ များသည် ပူးပေါင်းဆောင်ရွက် ထားသည့် ချန်နယ်များ ကြည့် ရှုရာတွင် ၄၅ မိနစ်အကြာ ဗီဒီယို (သို့မဟုတ်) ခြောက်နာရီအကြာ သီချင်း (သို့မဟုတ်) ဒေတာ ပမာဏ 300MB ကို တစ်ကြိမ်ရ ယူအသုံးပြုပါက ကျပ် ၄၅၀ ကောက်ခံမည်ဟု အော်ပရေတာ က ကြေညာခဲ့သည်။

‘‘အွန်လိုင်းရုပ်ရှင်ဆိုတာက ရယူအသုံးပြုတဲ့အခါမှာ ဝန် ဆောင်ခပေးရတယ်။ ပြီးတော့ ချိတ်ဆက်တဲ့အတွက် ဒေတာကုန် ကျစရိတ်ရှိတယ်။ ကျေးလက်အ တွက်ဆိုရင်တော့ ဒေတာကုန်ကျ စရိတ်ကို စိတ်မပူရတဲ့အချိန်မှ အ ဆင်ပြေနိုင်မယ်ထင်တယ်။ မြို့ပြ အတွက်ဆိုရင်လည်း Unlimited ဒေတာအစီအစဉ်တွေမရှိဘဲနဲ့ သိပ်အဆင်မပြေသေးဘူး’’ ဟု အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရှုသူ ကိုသူရက ပြောသည်။

 အွန်လိုင်းရုပ်သံလိုင်းဈေး ကွက်ကို အော်ပရေတာများအ နက် အူရီးဒူးက iflix နှင့် ပူးပေါင်း ၍ ၂၀၁၇ ဇွန်လအတွင်း စတင် ဝင်ရောက်လာသည်။ အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Shwe Stream အက်ပလီကေး ရှင်းကို မိတ်ဆက်၍ ၂၀၁၈ မတ်လအတွင်း ဈေးကွက်သို့ ဝင်ရောက် လာသည်။

 ဆက်သွယ်ရေးအော်ပရေ တာများအပြင် Global Techno-logy သည် ‘လာလာကြည့်’ အက် ပလီကေးရှင်းကို မိတ်ဆက်၍ ၂၀၁၈ ဖေဖော်ဝါရီအတွင်း ဈေး ကွက်အတွင်းသို့ ဝင်ရောက်လာ သည်။

‘‘အွန်လိုင်း ရုပ်သံလိုင်းဈေး ကွက်က ဒီထက်မက အများကြီး ဆက်ပြီး ဝင်ရောက်လာကြဦးမှာပါ။ ပြိုင်ဆိုင်မှုအလားအလာလည်း ကောင်းလာပါလိမ့်မယ်’’ ဟု Global Technology ကုမ္ပဏီ စီအီးအို ဦးသိန်းသန်းတိုးက ပြော သည်။