လာမည့်နွေရာသီတွင် မန်ယူကို အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ရန် မော်ရင်ဟို စီစဉ်နေ

မန်ယူနည်းပြမော်ရင်ဟို သည် လာမည့်နွေရာသီတွင် အ သင်းကို အောက်ခြေသိမ်းပြုပြင် ပြောင်းလဲရန် စီစဉ်နေပြီး ယင်း ကာလ၌ မန်ယူကစားသမား ၁၀ ဦးခန့်အထိ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရဖွယ်ရှိသည်ဟု သတင်း ရင်းမြစ်များက ဖော်ပြသည်။


အက်ဖ်အေဖလားကွာတား ဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန် ကို ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲ တွင် ကစားသမားအချို့သည် ၎င်းညွှန်ကြားထားသည့်အတိုင်း မကစားဘဲ စိတ်မပါလက်မပါ ယှဉ်ပြိုင်ခဲ့သဖြင့် မော်ရင်ဟိုက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

လက်ရှိလူစာရင်းသည် ယုံ ကြည်ကိုးစားထိုက်မှုမရှိဘဲ ကဏ္ဍ စုံတွင် အရည်အချင်းကင်းမဲ့နေ ကြောင်း မော်ရင်ဟိုက ယုံကြည် နေပြီး လူစာရင်းရွေးချယ်ခွင့်ပို များရန် အသက် (၂၅) နှစ်မှ(၂၈) အရွယ်ကြားရှိ အနည်းဆုံးကစား သမားလေးဦးကို ခေါ်ယူစုဆောင်း လိုနေသည်။

စပါးနောက်ခံလူ ဒန်နီရို့စ် နှင့် ရှက်တာဒိုးနက်စ်ကွင်းလယ် လူ ဖရက်ဒ်သည် ၎င်း၏ထိပ်တန်း ပစ်မှတ်များဖြစ်ပြီး ချယ်လ်ဆီးမှ ဝီလီယံကိုလည်း ခေါ်ယူရန် စိတ် ဝင်စားနေသည်။ သို့သော် ပြီးခဲ့ သည့်နှစ်က မာတစ်ကိုချယ်လ်ဆီး မှ ခေါ်ယူထားပြီးဖြစ်၍ ဝီလီယံ ကိုခေါ်ယူရေး အခက်တွေ့နိုင် ကြောင်းဆိုသည်။

ထို့အပြင် မော်ရင်ဟိုသည် တိုက်စစ်စွမ်းရည်ထက်မြက်စေ ရန် တောင်ပံကစားသမားတစ်ဦး ခေါ်ယူလိုပြီး ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရာကို မျက်စိကျ နေသည်။

လုခ်ရှော၊ ဒါမီယန်၊ ဒါလေ ဘလိုင်း၊ ပီရဲရားတို့ မန်ယူမှ ထွက်ခွာရန်သေချာပြီး စမောလင်း၊ ဟာရဲရား၊ မာရှယ်နှင့် မာတာတို့ အနာဂတ်မရေရာမှုနှင့် ရင်ဆိုင် နေရသည်။

ဝါရင့်ကွင်းလယ်လူ ဖယ် လိုင်နီကို အသင်း၌ ဆက်ထိန်း ထားလိုသော်လည်း ဖယ်လိုင်နီက သက်တမ်းတိုးစာချုပ်ချုပ်ရန် ငြင်း ဆန်ထားပြီး ယခုနှစ်ဘောလုံးရာ သီ အကုန်တွင်အလွတ်ပြောင်း ရွှေ့ကြေးဖြင့် အသင်းပြောင်းမည် ဟု မျှော်လင့်ရသည်။

လာမည့်နွေရာသီတွင် အ သင်းကို အကြီးစားပြန်လည် တည်ဆောက်မည့် မော်ရင်ဟို၏ အစီအစဉ်ကို မန်ယူအသင်းပိုင် ရှင် အပါအဝင် တာဝန်ရှိသူများက ကြိုဆိုထောက်ခံခဲ့သည်။

—Ref:Espn