အိန္ဒိယထံမှ ဝယ်ယူထားသော ရထားစက်ခေါင်းသစ်များ ရောက်ရှိ

နေပြည်တော်ဘူတာကြီးသို့ ရောက်လာသော ရထားစက်ခေါင်းတွဲတစ်ခုကို မြင်ရစဉ် (ဓာတ်ပုံ - အိန္ဒိယသံရုံး)

 မြန်မာနိုင်ငံက ဝယ်ယူ ထားသော ရထားစက်ခေါင်းအ သစ် ၁၈ ခုကို အိန္ဒိယအစိုးရက မတ်လ ၁၉ ရက်တွင် မြန်မာ့မီးရ ထားသို့ လွှဲပြောင်းပေးအပ်ခဲ့ သည်။


အဆိုပါ စက်ခေါင်းများလွှဲ အပ်သည့် အခမ်းအနားကို နေ ပြည်တော်ဘူတာကြီးတွင် ပြုလုပ် ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဦးသန့်စင်မောင် နှင့် အိန္ဒိယနိုင်ငံ ရထားပို့ဆောင် ရေး ဝန်ကြီးတို့ တက်ရောက်ခဲ့ သည်။

အဆိုပါ စက်ခေါင်းများ သည် ဒီဇယ်သုံးစက်ခေါင်းများဖြစ် ပြီး ၂၀၁၆ က စာချုပ်ချုပ်ဆို၍ ဝယ် ယူခဲ့ကြောင်း မြန်မာ့မီးရထား၊ စက်မှုနှင့်စက်ခေါင်းဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးမြင့်စိုးက ဆိုသည်။

‘‘ဝယ်ယူထားတဲ့ စက်ခေါင်း တွေကို တစ်သုတ်ခြင်းပို့ထားခဲ့ တာ။ အခုနောက်ဆုံးအသုတ် ရောက်ရှိလာပြီး လွှဲပြောင်းပေး အပ်တာပါ။ စက်ခေါင်းအများစု ကို မန္တလေး- မြစ်ကြီးနား လမ်း ပိုင်းမှာ အသုံးပြုမှာဖြစ်ပြီး မန္တ လေး- ရန်ကုန်လမ်းပိုင်းမှာလည်း လိုအပ်သလို ထည့်သွင်းအသုံးပြု သွားမှာပါ’’ ဟု ၎င်းကပြောသည်။

ယခုရောက်ရှိလာသည့် စက် ခေါင်းတစ်ခေါင်းလျှင် ဒေါ်လာ ၁ ဒသမ ၈ သန်းတန်ဖိုးရှိပြီး တောင် ပေါ်လမ်းများတွင် ပြေးဆွဲအသုံး ပြုနိုင်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့မီးရထားသည် အိန္ဒိယ နှင့် ဂျပန်နိုင်ငံမှ စက်ခေါင်းနှင့် ရထားတွဲများကို ဝယ်ယူအသုံးပြု ပြီး ပြည်တွင်း၌ အရည်အသွေး မြင့်စက်ခေါင်းများ ထုတ်လုပ်နိုင် ရန် ပြင်ဆင်နေကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

More in News Section