ကာဂျစ္စတန်ကိုအနိုင်ယူရန် မြန်မာအသင်း လုံလောက်သည့်ခြေစွမ်းရှိဟု အောင်သူပြော

ရန်ကုန်မြို့၌ ယှဉ်ပြိုင်ခဲ့သည့် အာရှဖလားခြေစစ်ပွဲတွင် ကာဂျစ္စတန်အသင်းဘက်သို့ ထိုးဖောက်နေသည့် မြန်မာတိုက်စစ်မှူးအောင်သူ (ဓာတ်ပုံ − စိုင်းဇော်)

 မြန်မာအသင်းသည် ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင် ရမည့် အာရှဖလားခြေစစ်ပွဲ ပြန် ကန်ပွဲတွင် အနိုင်ရရှိရန် လုံ လောက်သည့် ခြေစွမ်းပိုင်ဆိုင် ထားကြောင်း  အသင်းတိုက်စစ် မှူးအောင်သူက ပြောသည်။

လုံခြုံရေး   အခြေအနေ ကြောင့်ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စ တန်နှင့် မြန်မာအသင်းပွဲကို မတ်လ ၂၂ ရက် မြန်မာစံတော်ချိန်  နေ့လယ် ၁၂ နာရီခွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် အဆိုပါပွဲကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရမှသာ မကာအိုအသင်းနှင့်ပွဲကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း အောင်သူက အာရှ ဘောလုံးအဖွဲ့ချုပ် (အေ အက်ဖ်စီ) ဝက်ဘ်ဆိုက်အား ပြော သည်။

‘‘ကျွန်တော်တို့ ပထမဆုံး ကစားမယ့် ကာဂျစ္စတန်နဲ့ ပွဲစဉ် အပေါ်မှာ အပြည့်အဝအာရုံစိုက် ထားပြီးမှ မကာအိုအသင်းနဲ့ ပွဲစဉ် အတွက် စဉ်းစားနိုင်မှာပါ။ ဒါပေ မဲ့ မြန်မာအသင်းအနေနဲ့ ဒီပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ယူနိုင်ဖို့ လုံ လောက်တဲ့ ခြေစွမ်းပိုင်ဆိုင်ထား နိုင်ပြီဆိုတာကိုတော့ ယုံကြည်ပါ တယ်။ အသင်းသားတွေကလည်း အကောင်းဆုံး ကစားပုံတွေကို ပေးဆပ်သွားမှာပါ’’ဟု အောင်သူ က ပြောသည်။ ၂၀၁၇ အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းနှင့် ကာဂျစ္စတန်တို့၏ အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့တွင် နှစ်ဂိုးစီသရေကျထားသည်။ အဆိုပါပွဲတွင် မြန်မာအသင်းအတွက် တိုက်စစ်မှူးကျော်ကိုကိုနှင့် အောင်သူတို့က တစ်ဂိုးစီသွင်းယူ ပေးခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ယှဉ်ပြိုင်မည့် ကာဂျစ္စတန်အသင်း နှင့် မြန်မာအသင်းတို့၏ အာရှ ဖလားခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

မြန်မာအသင်းသည် ကာ ဂျစ္စတန်အသင်းနှင့်ပွဲအပြီး  ငါး ရက်အကြာ မတ်လ ၂၇ ရက်တွင် မကာအိုအသင်းနှင့် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်ရေး လက် ကျန်နှစ်ပွဲစလုံး အနိုင်ရရှိရန် လို အပ်နေသည်။

မြန်မာအသင်း ပါဝင်သည့် ၂၀၁၉ အာရှဖလား တတိယအ ဆင့် ခြေစစ်ပွဲအုပ်စု (က)တွင် အိန္ဒိယအသင်းက  ခြေစမ်းပွဲအောင်မြင်ခဲ့ပြီး လက်ကျန်တစ်နေရာအတွက် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်း   အပြိုင်လုရမည်ဖြစ်သည်။