မိမိကို လူအများက ကမ္ဘာ့ဖလား ရစေလို၍ ဝမ်းသာကြောင်း မက်ဆီပြောကြား

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ၎င်းကို ကမ္ဘာ့ဖလား၌ အောင်မြင်မှုရရှိ စေလိုသူများ၏ ထောက်ခံအား ပေးမှုကြောင့် ဝမ်းသာမိကြောင်း အီတလီ၊ စပိန်အသင်းတို့နှင့် ခြေ စမ်းပွဲများ မကစားမီပြောကြား သည်။

မိမိအတွက် ကမ္ဘာ့ဖလား တွင် အောင်မြင်စေလိုသော လူ များနေရာတိုင်း၌ မြင်ရပြီး မိမိ ကမ္ဘာ့ဖလားရရှိသည်ကို မြင်တွေ့ လိုသော ဆန္ဒတစ်ခုရှိနေကြောင်း သိရှိရသဖြင့် ဝမ်းသာမိသည်ဟု မက်ဆီက ပြောသည်။

ကမ္ဘာ့နေရာတိုင်းတွင် အာ ဂျင်တီးနား အသင်းကို ကမ္ဘာ့ဖ လားရစေလိုခြင်းမှာ အထင်ကြီး စရာဖြစ်ကြောင်း ၎င်းကပြောသည်။ရုရှားတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားသည် မက်ဆီ၏ လက်ရွေး စင်အသင်းနှင့် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမည်လား​ဆိုခြင်းနှင့် ပတ် သက်၍ ပြောဆိုမှုများရှိနေစဉ် ကမ္ဘာ့ဖလားမရခဲ့ပါက ကစားသ မားတော်တော်များများ အနားယူ ရန် တောင်းဆိုမှုများ ရှိလာမည်ဟု မက်ဆီက ပြောသည်။

မိမိတို့အနေဖြင့် ဗိုလ်လုပွဲသို့ သုံးကြိမ်ရောက်ခဲ့ခြင်းမှာ လုံ လောက်သော အောင်မြင်မှု ဖြစ်ပုံ မရဘဲ ရလဒ်ကောင်းရန်သာ လို ကြောင်း မက်ဆီက ပြောသည်။

မိမိတို့သည် ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ သုံးကြိမ်တက်ခဲ့သော်  လည်း ဖလားမရခဲ့သဖြင့် ပြော စရာများစွာ ကျန်နေရစ်သည်ဟု ၎င်းကဆိုသည်။

ထိုအတောအတွင်း မက်ဆီ ကဲ့သို့ ကြီးကျယ်သော ကစားသ မားတစ်ဦးနှင့် နှိုင်းယှဉ်ခံခဲ့ရသည် မှာ ကောင်းသောအရာ ဖြစ်သည် ဟုလီဗာပူးတိုက်စစ်မှူး ဆာလက် က ပြောသည်။

မက်ဆီဦးဆောင်သော အာ ဂျင်တီးနားသည် ဇွန်လ ၁၆ ရက် တွင် အိုက်စလန်နှင့် ပထမဆုံး ကမ္ဘာ့ဖလားပွဲ ကစားရမည်ဖြစ်ပြီး ဇွန်လ ၂၁ ရက်တွင် ခရိုအေးရှား နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

—Ref:Marca