အကယ်ဒမီကို ရင်ခုန်ခွင့်ရရုံနဲ့ ကျေနပ်ပြီဆိုတဲ့ အေးမြတ်သူ

ဓာတ်ပုံ−ကျော်ဇင်သန်း

 ၂၀၁၇ မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲတွင် ခေါက်ထီးလေး မလုံ့တလုံ၊ နေခြည်မှာ ရွှေရည် လောင်းဇာတ်ကားနှစ်ကားဖြင့် အကယ်ဒမီရနိုင်ကြောင်း ပရိသတ် များ ခန့်မှန်းနေသော်လည်း ရင်ခုန်ခွင့်နှင့်ပင် ကျေနပ်သည်ဟု သရုပ်ဆောင် အေးမြတ်သူက ပြော သည်။

‘‘အေးမြတ်သူအရမ်းလိုချင် တာ ပရိသတ်ရဲ့ချစ်ခြင်းနဲ့မေတ္တာ ပါ။ အေးမြတ်သူ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ် ရင်ခုန်ခွင့်ရခဲ့ပါ တယ်။ ဒီနှစ်မှာ ဒုတိယအကြိမ် ရင်ခုန်ခွင့်ရပါတယ်။ အေးမြတ်သူ ရင်ခုန်သံကတော့ ပြီးခဲ့တဲ့နှစ်က အတိုင်းပါပဲရှင့်’’ဟု ၎င်းက ပြော သည်။

အဆိုပါဇာတ်ကားနှစ်ကား ဖြင့် အကယ်ဒမီ ပြေးနေသော် လည်း မိမိ၏အားနည်းချက်၊ အား သာချက်များကို သိထားသော ကြောင့် ၎င်းထက်ဝါရင့်သည့် မေသန်းနုနှင့် အိန္ဒြာကျော်ဇင်တို့ အတွက် ပို၍ ရင်ခုန်သည်ဟုဆို သည်။

‘‘အကယ်ဒမီဟာ အေးမြတ် သူတို့အတွက် တကယ့်ဘဝမှတ် တိုင်ပါရှင့်။ အေးမြတ်သူအကယ် ဒမီကို မလိုချင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူး။ အေးမြတ်သူ အရမ်း လိုချင်တယ်။ ဒီနှစ်မှမဟုတ်ဘူး။ နောက်နှစ်တွေ အခါအခွင့်သင့်လို့ ရင်ခုန်ခွင့်ရမယ့် နှစ်တိုင်းလည်း လိုချင်နေဦးမှာပဲ’’ဟု ၎င်းက ပြော သည်။

၎င်းပါဝင်သရုပ်ဆောင်ထား သည့် ဇာတ်ကားနှစ်ကားစလုံး တွင် အကယ်ဒမီအတွက်မဟုတ် ဘဲ ပရိသတ်ပေးမည့်ချစ်ခြင်းနှင့် မေတ္တာတရားများအတွက် အ ကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ သည်ဟု ၎င်းက ဆိုသည်။

ဒါရိုက်တာဇော်မြင့်ဦး ရိုက် ကူးသည့် နေခြည်မှာရွှေရည်လောင်းဇာတ်ကားတွင် အမျိုးသားတစ်ဦး၏  အစော်ကားခံခဲ့ရ ပြီး ကလေးတစ်ဦးဖြင့် ဘဝကို ရပ်တည်နေရသူအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

ဒါရိုက်တာမီးပွားရိုက်ကူး သည့် ခေါက်ထီးလေးမလုံ့တလုံ ဇာတ်ကားတွင် ကြွေဟုအမည်ရ သည့် ပြည့်တန်ဆာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ကြွေဇာတ်ရုပ်က ၎င်းအတွက် ပို၍ စိတ်ဖိစီးမှုများသည်ဟု ဆိုသည်။

အေးမြတ်သူသည် ၂၀၁၆ အကယ်ဒမီဆုပေးပွဲတွင် ပရော် ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ၊ ငဘ စသည့်ဇာတ်ကားတို့ဖြင့် အကယ်ဒမီ သတင်းကြီးသော်လည်း လွဲချော် ခဲ့သည်။