ကျောက်မျက်ဥပဒေကြမ်းကို ဖားကန့်တွင် လူတစ်ထောင်ကျော် ကန့်ကွက်ဆန္ဒပြ

ဖားကန့်မြို့တွင် မတ်လ၁၉ရက်က ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ−Nawnglatt Jangmaw)

၂၀၁၇ မြန်မာ့ကျောက် မျက်ရတနာဥပဒေကြမ်းသည် ဒေ သခံတိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းရန် နည်းပါးသည် ဆိုကာ အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ကချင်ပြည် နယ် ဒေသခံတစ်ထောင်ကျော် က မတ်လ ၁၉ ရက်တွင် ဖားကန့် မြို့အတွင်း စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကချင်နိုင်ငံရေးပါတီများဖြစ် သည့်ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ (KSDP)၊ ကချင်ကွန်ဂ ရက်ပါတီ(KNC)တို့က ကမကထ ပြုလုပ်စီစဉ်ခြင်း ဖြစ်သည်။ ပြည် နယ်တွင်း အရပ်ဘက်အဖွဲ့အ စည်းများနှင့် ဒေသခံများ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲ တွင် ပါဝင်သူများက ဆိုသည်။

‘‘ဒီကနေ့ မူးယစ်ဆေးဝါး တွေ၊ ရေမဆေးလုပ်သားတွေ ဥပဒေမဲ့တွေ ဖြစ်ပွားနေတာ အား လုံးပေါ့။ ဟိုတစ်နေ့ကပဲ မြေစာပုံ ပြိုကျလို့ ရေမဆေးလုပ်သားရာ ကျော် သေဆုံးသွားတယ်။ အဲဒီ ဟာတွေရဲ့ အဓိကရင်းမြစ်က အ ကြီးစားလုပ်ကွက်နဲ့ စက်ယန္တရား တွေ တရားလွန်လုပ်ကိုင်သုံးစွဲလို့ ဖြစ်လာတဲ့ အချက်ဖြစ်တယ်။ ကျောက်မှောင်ခိုပြုလုပ်မှုတွေက အစ အကုန်လုံးရင်းမြစ်က ဒီအ ပေါ်မှာပဲ မူတည်တယ်။ မထိန်း နိုင်၊ မသိမ်းနိုင်ဖြစ်နေတယ်။ နေ ရာကျဉ်းကျဉ်းနဲ့ ရေရှည်လုပ်ဖို့အ တွက် နောက်မျိုးဆက်တွေအ တွက်လည်း အဓိကရည်ရွယ် တယ်’’ဟု ကျောက်မျက်ဥပဒေလူ ထုဆန္ဒပြပွဲဖြစ်မြောက်ရေး ကော် မတီဦးဆောင်သူ ဒေါက်တာအမ် ကောန်လက ပြောသည်။

ကျောက်စိမ်းတူးဖော်မှုများ ရှိရာ ဖားကန့်မြို့အတွင်း လူထု အင်အားဖြင့် ဆန္ဒပြရာ၌ ရပ်ကွက် နှင့် မြို့နယ်တာဝန်ရှိသူများက လုံခြုံရေး   ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ‘‘ဒီနေ့ကျွန်တော်တို့ စိုးရိမ်ချက်တွေ အကုန်လုံးကိုကျော် လွှားပြီး မြို့တစ်ပတ်ပတ်တယ်။ လုပ်ငန်းခွင်ဆိုက်ထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ နေရာမှာ ကျွန်တော်တို့ လူထုအင်အားနဲ့ ဆန္ဒပြတာပါ။ တကယ်လည်း လိုအပ်လို့ပါ’’ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။

ဒေသခံများ၊ အရပ်ဘက်အ ဖွဲ့များက ၎င်းတို့၏အဓိကသဘော ထားတောင်းဆိုချက် ငါးချက်ကို မြို့နယ်တွင်းရှိ မော်ဝမ်း ကျောက်တိုင်ကွင်းတွင် ပြုလုပ် သည့် ဆန္ဒထုတ်ဖော်မှုအခမ်းအ နားတွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့အကျိုးပြုအချက် များ ဖြစ်လာစေရန် အကြီးစား လုပ်ကွက် ထပ်တိုးသတ်မှတ်ခြင်း အလိုမရှိကြောင်း၊ စက်ယန္တရား ကန့်သတ်ချက် မပါဝင်ခြင်းအ တွက် ကန့်သတ်ရန်၊ ရတနာနယ် မြေသတ်မှတ်ခြင်းတွင် လွှတ် တော်များ၏ သဘောထားတင်ပြ တောင်းခံမှု ပါဝင်စေရန်နှင့် ၂၀၁၇ ကျောက်မျက်ဥပဒေနှင့် နည်းဥပဒေလျင်မြန်စွာ ပြဋ္ဌာန်း နိုင်ရေးတို့ကို ဆန္ဒပြပြည်သူများ က တောင်းဆိုခဲ့သည်။

‘‘လူထုက ရွေးကောက်တင် မြှောက်တဲ့ လူထုအစိုးရဆိုပြီး တော့ NLD ကြွေးကြော်ပြီး တက် လာတယ်။ တက်လာတဲ့အချိန် မှာပဲ ဒီကျောက်မျက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမယ်ဆိုပြီးတော့ ၂၀၁၇ မတ်လ ၁၃ ရက်မှာ စတင် ပြီး ကြေညာတယ်။ ကြေညာပြီး နောက်ပိုင်းမှာ ၂၀၁၆ မှာ ပြဋ္ဌာန်း သွားတဲ့ အကြီးစားလုပ်ကွက်တူး ဖော်ထုတ်ဖော်ရေးကိုပဲ ဆက် လက်ပြီးပြဋ္ဌာန်းတယ်။ ဒါကလူထု အစိုးရနဲ့ မလျော်ညီတဲ့ ဆောင် ရွက်ချက်ဖြစ်တယ်လို့ ကျွန်တော် တို့ဝေဖန်တယ်။ လူတစ်စုအကျိုး အတွက်ပဲ သွားတယ်။ ကျွန်တော် တို့ရည်ရွယ်တာက လူတစ်စုက နေ လူထုအကျိုးစီးပွားကို ရည် ရွယ်ပြီး ဒီလိုဆန္ဒပြတာပါ။ အဲဒါ က အဓိကအချက်ဖြစ်တယ်’’ဟု ကချင်ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌဒေါက်တာအမ်ကောန်လ ကပြောကြားသည်။

၂၀၁၇ မြန်မာ့ကျောက်မျက် ရတနာဥပဒေကြမ်းအား ကန့် ကွက်သည့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ကချင်နိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့များနှင့် ဒေသခံများပူး ပေါင်း၍ မြစ်ကြီးနားမြို့တွင် ပြု လုပ်ခဲ့သည်။

ကချင်ပြည်နယ် ကျောက် စိမ်းထုတ်လုပ်မှုများတွင် ဒေသခံ များတိုက်ရိုက်ပါဝင်ရရေးသည် အဓိကအချက်ဖြစ်ပြီး တစ်နိုင်တစ်ပိုင် လုပ်ကွက်များကို ဒေသခံများလုပ်ကိုင်ခွင့်ရရေးအရေးကြီးကြောင်း ဖားကန့်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စား ဦးတင့်စိုးက ပြောကြားသည်။ လက်ရှိတွင် ၂၀၁၇ ကျောက်မျက်ဥပဒေသည် အတည်ပြုပြဋ္ဌာန်းရန် မဖြစ်နိုင်သေး ကြောင်းနှင့် ဒေသခံဟုဆိုရာတွင် တိကျသည့် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် သတ်မှတ်ရန်လိုအပ်ကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

More in News Section