ဆိုရှယ်မီဒီယာ စောင့်ကြည့်အဖွဲ့အတွက် ကျပ်သန်း ၆,၀၀၀ ကျော် သုံးစွဲခဲ့ဟု ဝန်ကြီးဦးသန့်စင်မောင်ပြော

ငွေကြေးသုံးစွဲမှုပမာဏအပေါ် နည်းပညာနယ်ပယ်ရှိ ကျွမ်းကျင်သူအချို့ ဝေဖန်

အင်တာနက် (သို့မဟုတ်) ဆိုရှယ်မီဒီယာ အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာစေရန် ပြုလုပ်နေ သူများအား ရှာဖွေဖော်ထုတ်နိုင်ရေး ကျပ်သန်း ၆,၄၀၀ ကျော် သုံးစွဲထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

အရေးပေါ်ရန်ပုံငွေမှ ကျပ် ၆,၄၂၆ သန်း ခွဲဝေသုံးစွဲသည့် ကိစ္စနှင့်ပတ်သက်၍ မတ်လ ၁၉ ရက်တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေး၌ ရှင်းလင်းရာ ဦးသန့်စင် မောင်က ပြောကြားသည်။

ယင်းအဖွဲ့အတွက် လိုအပ် သည့် စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲ များ ဝယ်ယူရန် နိုင်ငံတော်အရေးပေါ် ရန်ပုံငွေမှ ကျပ် ၆,၄၂၆ သန်းအသုံးပြုခဲ့ကြောင်း ဦးသန့်စင် မောင်က လွှတ်တော်သို့ ရှင်းပြ သည်။

‘‘ဆိုရှယ်မီဒီယာပေါ်က ဖြစ် စဉ်ဖြစ်ရပ်များကို ရှာဖွေဖော် ထုတ်နိုင်ရေး ဥပဒေနဲ့အညီ ဖွဲ့ စည်းထားသော အဖွဲ့အစည်းတစ် ခုခုက အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး စနစ်တကျ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်နိုင်ရေး ဆောင် ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ယင်း အဖွဲ့၏ လုပ်ငန်းစဉ်ကို ပြော သည်။

ယင်းအဖွဲ့အတွက် ကျပ် သန်း ၆,၄၀၀ ကျော် အသုံးပြုခြင်း နှင့်ပတ်သက်၍ နည်းပညာနယ် ပယ်ရှိ ကျွမ်းကျင်သူအချို့က ထောက်ပြဝေဖန်သည်။

‘‘ဒီပမာဏနဲ့ တကယ်လုပ် မယ်ဆိုရင် ထိရောက်မယ်ထင်ပါ တယ်။ ပညာရှင်တွေနဲ့ စနစ်တကျ လေးလုပ်ဖို့လိုပါတယ်။ စနစ်တ ကျမလုပ်ရင်တော့ ပိုက်ဆံတွေ နှမြောစရာကြီး ဖြစ်သွားမှာပေါ့’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်များအသင်း အတွင်းရေးမှူး ဦးမင်းဦးကပြောသည်။ အင်တာ နက် (သို့မဟုတ်) ဆိုရှင်မီဒီယာ အသုံးပြုပြီး အမုန်းစကားဖြန့်ဝေ သူများ ပပျောက်စေရေးဆိုလျှင် လူထုပညာပေးလုပ်ငန်းများ အဓိ ကထား ဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။

အင်တာနက် (သို့မဟုတ်) ဆိုရှယ်မီဒီယာအသုံးပြုပြီး အမုန်း စကားဖြန့်ဝေသူများကို ဖော်ထုတ် နိုင်ရန် ထိုကဲ့သို့ ဘတ်ဂျက်အကုန် အကျခံကာ ပြုလုပ်မည်ဆိုသော် လည်း ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်း ရှင်များအသင်း (မန္တလေး) နာယ က ဦးရဲမြတ်သူကပြောသည်။

‘‘အဲဒီဟာတစ်ခုကို ဘယ်လို ကြည့်မလဲဆိုတာကို မပြောတတ် ဘူး။ ဖေ့စ်ဘွတ်ခ်က ကုမ္ပဏီ ဘရန်းတစ်ခု ဖြစ်တဲ့အတွက် ကြောင့် ဖေ့စ်ဘွတ်ခ်က လုပ်ပေး မှပဲရမှာလေ။ သူတို့က ကိုယ့်ပိုက် ဆံနဲ့ကိုယ် ဘယ်လိုလုပ်မလဲ ကျွန် တော်လည်း မပြောတတ်ဘူး။ နောက်တစ်ချက်က ဖေ့စ်ဘွတ်ခ် ဆိုတဲ့သဘောက ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျက ကျွန်တော့် ဟာ ကျွန်တော်ပဲ လုပ်ထားတာ လေ။ သူများဟာနဲ့မှ မတူတာ။ အဲဒီလိုမျိုးဟာကို ဘယ်လိုလုပ် မလဲ နားမလည်ဘူး။ အဲဒီလိုကုန် ကျခံပြီး လုပ်မယ့်အစား ဖေ့စ် ဘွတ်ခ်နဲ့ ညှိပြီးတော့ လုပ်ရင် တောင် အဲဒီလောက်ကုန်ပါ့မလား ဆိုတာကို ကျွန်တော်လည်း မပြောနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

 ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်တွင် ရေးသားသည်များကို Middleware ဆော့ဖ်ဝဲစနစ် အသုံးပြုပြီး ဖော်ထုတ်နိုင်သော်လည်း ယင်းစနစ်အသုံးပြုပါက ဖေ့စ် ဘွတ်ခ် အသုံးပြုသူများ၏ Pri-vacy ကို ထိခိုက်မည်ဟု ဦးရဲမြတ်သူကပြောသည်။

‘‘ကျွန်တော်တို့ ဖြစ်စေချင် တာက ကြိုက်သလောက်သုံးပါ။ ပိုက်ဆံသုံးတာ အရေးမကြီးဘူး ပေါ့နော်။ သုံးလိုက်တဲ့ ပိုက်ဆံက တိုင်းပြည်အတွက် အကျိုးရှိရှိနဲ့ ပြန်ရသလား’’ဟု ၎င်းက ထောက် ပြပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း အ တွင်းရေးမှူး ကိုဇော်သူရိန်ထွန်း ကလည်း ‘‘အဲဒါကတော့ လုံးဝ မသုံးသင့်တဲ့ဟာပေါ့။ သုံးမယ်ဆို ရင်လည်း အဲဒီပမာဏ သုံးစရာ အကြောင်းလည်း မရှိဘူး။ အဲဒါ က ပြည်သူ့ငွေကို အလဟဿ ဖြုန်းတယ်လို့ပဲ ကျွန်တော်တို့မြင် တယ်။ ဘာလို့လဲဆိုတော့ ဖေ့စ် ဘွတ်ခ်မှာရေးတဲ့ အမုန်းစကား တွေကို ဖယ်ရှားဖို့ဆိုတာက ဖေ့စ်ဘွတ်ခ်က Moderator မှာပဲ တာဝန်ရှိတယ်။ ဒါမျိုး အဖွဲ့ကြီးကို ဖွဲ့မယ့်အစား အစိုးရနဲ့ လှမ်းချိတ်ပြီးတော့ လုပ်သင့်ပါတယ်’’ဟု ပြောသည်။

အင်တာနက်အသုံးပြုကျူး လွန်သည့် ပြစ်မှုများ ထိထိရောက် ရောက် အရေးယူနိုင်ရန် နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်သော ဆိုက်ဘာဥပဒေတစ်ရပ်ပေါ်ထွက်လာရေး နိုင်ငံတကာကျွမ်းကျင် ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲနေကြောင်း ဦးသန့်စင်မောင်က ဆိုသည်။

ပြည်သူ့လွှတ်တော်က အ တည်ပြုခဲ့သည့် ဘာသာရေး၊ လူ မျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာ စေရန် လူမှုကွန်ရက်တွင် အမုန်း စကား လှုံ့ဆော်မှုများပြားလာသဖြင့် အိုင်တီနည်းပညာအသုံးပြုမှုကို လိုအပ်သလို စောင့်ကြည့်ရေးအဆို အကောင်အထည်ဖော်သည့်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

 ယင်းအဆိုကို ၂၀၁၇ အောက်တိုဘာက တင်သွင်းခဲ့ပြီး အဆိုရှင် ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ‘‘ပြည်သူ့အစိုးရ တက်လာတဲ့ အချိန်ကစပြီးတော့ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေ များလာတယ်။ အမုန်းစကားတွေ များလာတယ်။ နိုင်ငံကို ဦးဆောင်သူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ သတင်းအမှားဖြန့်ချိသူတွေ အရမ်းများလာတယ်’’ဟု လွှတ်တော်သို့ ပြောကြားသည်။

အဆိုပါ အရေးပေါ်ရန်ပုံငွေ မှ ကျပ် ၆,၄၂၆ သန်း ခွဲဝေသုံးစွဲ ထားသည့်ကိစ္စကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့ သည်။

More in News Section