ပါကစ္စတန်တွင် ကုန်တင်သင်္ဘောနှစ်စီး တိုက်မိပြီး တင်ဆောင်လာသည့် ကားများ ရေထဲကျ

ပါကစ္စတန်နိုင်ငံ၊ ကရာချိရှိ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်သင်္ဘောနှစ်စီး တိုက်မိသဖြင့် တင်ဆောင်လာသည့် ကားများ ရေထဲပြုတ်ကျ နစ်မြုပ်ခဲ့ကြောင်း သိရသည်။


မတ်လ ၁၉ ရက်က ရေယာဉ် မတော်တဆမှု ဖြစ်ခဲ့သည့်နောက် ကရာချိရှိ South Asia ဆိပ်ကမ်းကုမ္ပဏီ၏ လုပ်ငန်းစဉ်များကို ယာယီ ဆိုင်းငံ့ခဲ့ရသည်။ 

ပင်လယ်ထဲသို့ ကွန်တိန်နာသေတ္တာပေါင်း ၂၁ လုံးထက်မနည်း ပြုတ်ကျသွားကြောင်း ဆိပ်ကမ်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ဒေါ်လာ သန်းနှင့်ချီ နစ်နာဆုံးရှုံးမှုများ ရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

သင်္ဘောချင်း မတော်တဆ တိုက်မိမှုကြောင့် လူထိခိုက်သေကြေမှု သတင်းမျိုး မကြားရချေ။ ကွန်တိန်နာများထဲတွင် ကားများ ထည့်ထားသောကြောင့် ကားအစင်းလိုက် ရေထဲ နစ်မြုပ်ကုန်ခြင်း ဖြစ်သည်။

ဆိပ်ကမ်းကပ်ထားစဉ် သင်္ဘောနှစ်စီး တိုက်မိသည့် အကြောင်းရင်းကို အတိအကျ မသိရသေးချေ။ တိုက်မိမှုအတွင်း သင်္ဘောနှစ်စီး၏ ကိုယ်ထည်များလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

Ref: National Courier