ရန်ကုန်တွင် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၅ ခုခွင့်ပြုရန် လျာထားဟုဝန်ကြီးချုပ်ပြော

၂၀၁၇ သင်္ကြန်ကာလက ပျော်ရွှင်စွာရေကစားနေကြသူများ (ဓာတ်ပုံ−စိုင်းဇော်)

 ရန်ကုန်မြို့တွင် ရေ ကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ် ၉၅ ခုခွင့်ပြုရန် လျာထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် မတ်လ ၁၉ ရက်က ပြု လုပ်သည့် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နိုင်ရေး လုပ်ငန်းညှိ နှိုင်းအစည်းအဝေး၌ ပြောကြား သည်။

‘‘ဝန်ကြီးချုပ်က ရန်ကုန် သင်္ကြန်ကို စည်စည်ကားကားဖြစ် စေချင်တယ်ပေါ့။ ပြီးတော့ ရိုးရာ ဓလေ့လည်းပါအောင်လုပ်ဖို့ စီစဉ် ထားတယ်ဆိုတာတွေ ပြောပါ တယ်’’ဟု အထက်ပါအစည်းအ ဝေး တက်ရောက်ခဲ့သည့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်တွင် ယခင်နှစ်များ က ခွင့်မပြုခဲ့သည့် စီးပွားရေး ရေ ကစားမဏ္ဍပ်များကို ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ရေပေးဝေနိုင်မှု အပေါ်မူတည်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ယင်းအစည်းအဝေး အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

ကုမ္ပဏီအဖွဲ့အစည်းများ သည် သီးခြားမိမိတို့ ခြံဝင်းနေရာ များတွင် ပြုလုပ်လိုပါက တင်ပြလျှောက်ထားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်ကို မတ်လ ၁၂ ရက်ကစ၍ ရန်ကုန်မြို့တော်ခန်းမတွင် ထုတ် ပေးနေပြီး မတ်လ ၂၅ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ရန် မတ်လ ၁၉ ရက်အထိ လျှောက်လွှာယူထားသူ ၅၀ ကျော်ရှိပြီး လျှောက်လွှာပြန်တင်သူမရှိ သေးဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အကြီး တန်းအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ၂၀၁၆ သင်္ကြန်မှစ၍ စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်မှု ကို ခွင့်ပြုခဲ့ခြင်းမရှိပေ။

ယခုနှစ်တွင် ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေးဘုရား လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ ၌ မဏ္ဍပ်ဆောက်လုပ်ခွင့်မပြု ကြောင်းနှင့် ခွင့်ပြုပေးနိုင်မည့် လမ်းနှင့် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားနိုင်မည့် နေရာများ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ထုတ်ပြန်ထားသည်။

More in News Section