ကမ္ဘာ့ကဗျာနေ့ကျင်းပမည်

ကမ္ဘာ့ကဗျာနေ့ (World Poetry Day) ကို မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂက ဦးစီး၍ မတ် လ ၂၁ ရက် (ယနေ့)တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန် ယုဒဿန်ခန်းမ၌ ပြုလုပ်မည်ဖြစ်သည်။ 

အဆိုပါအခမ်းအနားတွင် ကဗျာရွတ်ပွဲများ၊ ကဗျာသရုပ် ဖော်မှုများနှင့် ကဗျာစာအုပ်များ၊ အမှတ်တရပစ္စည်းရောင်းချခြင်း များပါဝင်မည်ဖြစ်ကာ ကဗျာဆိုင် ရာ စာတမ်းဖတ်ပွဲများရှိမည်ဖြစ် သည်။ 

‘‘အဲဒီလိုနေ့မျိုးဆို ကဗျာချစ် မြတ်နိုးသူတွေတော်တော်လာကြ တယ်။ လူတော်တော်စုံတယ်။ ပြီး တော့ သူက ဘာရေးတယ်၊ ငါက ဘာရေးတယ် မခွဲကြဘူး’’ဟု မြန် မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ကဗျာဆရာ မိုးဃ်ဇော်က ပြော သည်။  ကမ္ဘာ့ကဗျာနေ့အထိမ်း အမှတ်ပွဲများကို မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင် ကျင်းပခဲ့သည်။ 

‘‘အခုလိုပွဲတွေအပြင် ကဗျာ ကတော့ တဖြည်းဖြည်းကောင်း လာပါပြီ။ ဒီဘက်ခေတ်မှာ ကဗျာ စာအုပ်ထွက်နှုန်းတွေ လူမှုကွန် ရက်မှာလည်း ကဗျာတွေရေးလာ ကြတယ်။ ကဗျာက အရှိန်အဟုန် ကောင်းတဲ့အချိန်ရောက်နေပါပြီ’’ ဟု ကဗျာဆရာမိုဃ်းဇော်က ပြောသည်။ 

နှစ်စဉ် မတ်လ ၂၁ ရက်ကို ကမ္ဘာ့ကဗျာနေ့ (World Poetry Day)အဖြစ် ကုလပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) က ၁၉၉၉ တွင် ကြေညာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကစ၍ ကမ္ဘာတစ် ဝန်း၌ ကမ္ဘာ့ကဗျာနေ့ စတင် ကျင်းပခဲ့သည်။ 

ယခင်က ရောမကဗျာစာဆို Virgil မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် အောက်တိုဘာ ၁၅ ရက် တွင် ကမ္ဘာ့ကဗျာနေ့ ကျင်းပခဲ့ သည်။ 

More in News Section