ဟောင်ကောင်ဖိတ်ခေါ်ဖလား ပြိုင်ပွဲဝင် မြန်မာယူ-၁၅ ဘောလုံးအသင်း လူစာရင်းထုတ်ပြန်

မြန်မာ ယူ - ၁၅ အသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ − MFF)

 ဟောင်ကောင်တွင် ပြုလုပ်မည့် အသက်(၁၅)နှစ်အောက် ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင် မည့် မြန်မာယူ-၁၅ဘောလုံးအသင်းလူစာရင်းကို  ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အဆိုပါ ကစားသမား ၂၀ ဦး စာရင်းကို ပုသိမ်နှင့် မန္တလေးမြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကယ်ဒမီမှ   ကစားသမားများဖြင့် အခြေခံဖွဲ့စည်းထားသည်။

မြန်မာယူ-၁၅ အသင်း နည်းပြချုပ်အဖြစ် ပုသိမ်ဘောလုံး အကယ်ဒမီကို ကိုင်တွယ်နေသည့် ဂျပန်လူမျိုး တာကူမာကိုဂါက တာဝန်ယူမည်ဖြစ်ပြီး   လက်ထောက်နည်းပြအဖြစ်  ဦးလင်းရောင်၊ ဂိုးနည်းပြအဖြစ် ဦးကိုကိုတို့ ဆောင်ရွက်မည်ဖြစ်သည်။

ဟောင်ကောင်ဘောလုံးအ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (Jockey Club International Youth U-15) ဟောင်ကောင် ဖိတ်ခေါ်ယူ-၁၅ ဘောလုံးပြိုင်ပွဲ ကို မတ်လ ၂၃ မှ ၂၅ ရက်အထိ ဟောင်ကောင် Po Kong Village Road Park Football Pitch တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာယူ -၁၅ အသင်းအပါအ၀င် ဟောင်ကောင်ယူ-၁၅၊ စင်ကာပူယူ- ၁၅ နှင့် မလေးရှားယူ-၁၅ အသင်းတို့ အုပ်စုပတ် လည်စနစ်ဖြင့် ယှဉ်ပြိုင်ကာ အမှတ်အများဆုံးအသင်းက ချန်ပီယံ ဆုရရှိမည်ဖြစ်သည်။

‘‘ဟောင်ကောင် ဘောလုံးအ ဖွဲ့ချုပ်ဘက်က ကျွန်တော်တို့ကို ဖိတ်တဲ့အတွက် သွားပြိုင်ဖြစ်တာ ပါ။ မြန်မာယူ-၁၅ အသင်းက အာဆီယံပြိုင်ပွဲအတွက် အဓိက ဖွဲ့ထားတာဆိုတော့ ဒီပြိုင်ပွဲက ကလေးတွေကို နိုင်ငံတကာအ တွေ့အကြုံရစေပါတယ်။ ပြိုင်ပွဲ ပြီးတာနဲ့ အာဆီယံအတွက် ဆက် လေ့ကျင့်ပြင်ဆင်သွားမှာပါ’’ ဟု မြန်မာယူ-၁၅ အသင်းအုပ်ချုပ် သူ ဦးစည်သူဝင်းက ပြောသည်။

မြန်မာယူ-၁၅ အသင်း သည် မတ်လ ၂၃ ရက်တွင် အိမ် ရှင်ဟောင်ကောင်ယူ-၁၅ အ သင်း၊ မတ်လ ၂၄ ရက်တွင် မလေးရှားယူ-၁၅ အသင်း၊ မတ်လ ၂၅ ရက်တွင် စင်ကာပူယူ- ၁၅ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ် သည်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရန်  မြန်မာယူ-၁၅ အသင်းသည် မတ်လ ၂၂ ရက်နေ့လယ် ၁၂ နာရီ မိနစ် ၅၀ တွင် ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်ပြီး မတ်လ ၂၆ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်သည်။