ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှု ယခုလကုန်မတိုင်မီ အပြီးသတ်အမိန့်ချမည်

ယမန်နေ့ ရုံးထုတ်တွင်တွေ့ရသော ကလေးစစ်သားဟောင်း အောင်ကိုထွေး (ဓာတ်ပုံ − စိုင်းဇော်)

RFA သတင်းဌာနကို ကလေးစစ်သားဟောင်း အတွေ့ အကြုံများ ဖြေကြားသဖြင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် စွဲချက်တင်ခံရသော အောင်ကိုထွေး၏အမှုကို ဒဂုံဆိပ် ကမ်းမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်တွင် အပြီးသတ်အမိန့်ချ မည်ဖြစ်သည်။

ယင်းအမှုကို တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင် က တရားလိုပြုလုပ်ကာ ၂၀၁၇ သြဂုတ် ၁၈ ရက်တွင် တရားစွဲခဲ့ သည်။

ယမန်နေ့ မတ်လ ၂၀ ရက် ၁၇ ကြိမ်မြောက်ရုံးချိန်းတွင် မြို့ နယ်တရားရုံး၌ တရားလိုရှေ့နေ က အပြီးသတ်လျှောက်လဲချက် ပေးသော်လည်း ကိုအောင်ကို ထွေးက အပြီးသတ်လျှောက်လဲ ချက်ပေးခြင်း မရှိပေ။ ထို့ကြောင့် မြို့နယ်တရားသူကြီးက ၂၈ ရက်တွင် အပြီးသတ်အမိန့်ချမှတ် မည်ဖြစ်သည်။

ကလေး စစ်သားဟောင်း အောင်ကိုထွေးသည် တရားစီရင် ရေးကို အယုံအကြည်မရှိဟုဆို ကာ တရားခွင်တွင် အစစ်မခံဘဲ သပိတ်မှောက် ဆန္ဒပြနေသူဖြစ် သည်။ ထို့အပြင် မြို့နယ်တရားသူ ကြီးကို ‘နွားတရားသူကြီး’ဟု အောင်ကိုထွေးက တရားရုံး လျှောက်လမ်းတွင် အော်ဟစ် ပြောဆိုမှုနှင့်ပတ်သက်၍ တရား စီရင်မှု ဆောင်ရွက်နေသော ပြည် သူ့ဝန်ထမ်းအား တမင်စော်ကား ခြင်း သို့တည်းမဟုတ် ဝင်ရောက် နှောင့်ယှက်ခြင်းပုဒ်မ ၂၂၈ ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ယင်း မြို့နယ် တရားရုံး၌ပင် အလုပ်မဲ့ ထောင်ဒဏ် ခြောက်လချခံထားရ သည်။

More in News Section