အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲမှ အမှန်တရား

U.S. Army

အမေရိကန်နိုင်ငံသမိုင်းတွင် အ ရှည်ကြာဆုံး စစ်ပွဲဖြစ်သော ၁၇ နှစ်နီးပါးကြာမြင့်လာပြီဖြစ်သည့် အာဖဂန်နစ္စတန် ပဋိပက္ခသည် စစ်မြေပြင်၌ အဆုံးသတ်မည် မဟုတ်ပေ။ ယင်းစစ်ပွဲကို ဆွေးနွေးပွဲစကားဝိုင်းတွင်သာ ဖြေရှင်းနိုင် သည်။ ထို့ကြောင့် ကြိုတင်သတ် မှတ်ချက်များမထားဘဲ တာလီ ဘန်များနှင့် ဆွေးနွေးညှိနှိုင်းမည် ဟူသော အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ၏ ပြီးခဲ့သည့်လ အတွင်းက ရဲရင့်သော ကမ်းလှမ်းမှု သည် ကြိုဆိုရမည့် အစီအစဉ်ဖြစ် သည်။ သို့သော် ကြီးမားသော အ ခက်အခဲများလည်း ရင်ဆိုင်တွေ့ မည်ဖြစ်သည်။


မစ္စတာဂါနီ၏ အဆိုပြုချက် သည် တာလီဘန်အဖွဲ့ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအ မှတ်ပြု၍ အကျဉ်းသားများကို လွှတ်ပေးကာ တာလီဘန်အဖွဲ့အ ပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့တားဆီး မှုများကို ဖယ်ရှားရန်ရည်မှန်းခြင်း ဖြစ်သည်။ အပြန်အလှန်အားဖြင့် တာလီဘန်အဖွဲ့က အာဖဂန်နစ္စ တန် အစိုးရကို အသိအမှတ်ပြုရ မည်ဖြစ်ကာ အာဖဂန်အမျိုးသမီး များ၏ အခွင့်အရေးများအပါအ ဝင် ဥပဒေကို လေးစားလိုက်နာရ မည်ဖြစ်သည်။

အချို့သော တာလီဘန်အဖွဲ့ ဝင်များသည် ဆွေးနွေးညှိနှိုင်းရန် စိတ်ဝင်စားသည်ဆိုသော အ ထောက်အထားများရှိသည်ဟု ယခုသီတင်းပတ်အတွင်း အာဖဂန် နစ္စတန်သို့ အမှတ်မထင်လည်ပတ် ခဲ့သော အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က ပြောကြားသည်။ မစ္စတာဂါနီ၏ အဆိုပြုချက်ကို တာလီဘန်အဖွဲ့က တရားဝင်တုံ့ပြန်ခြင်းမပြုသေးပေ။ သို့သော် ယခင်က အမေရိကန်ရုပ်သေးများဟု ၎င်းတို့သဘောထား သော အာဖဂန်အစိုးရနှင့် တိုက် ရိုက်ညှိနှိုင်းဆွေးနွေးရန် ငြင်းဆန်ခဲ့သည်။ ယင်းအစား ကဘူးလ် အစိုးရမပါဝင်ဘဲ အမေရိကန်နိုင်ငံ နှင့် တိုက်ရိုက်ဆွေးနွေးရန် အခိုင်အမာပြောကြားခဲ့သည်။ ကဘူးလ် အစိုးရကို သိက္ခာချရန် ရည်ရွယ်ခြင်းဖြစ်သည်။ အမေရိကန်အစိုးရ ကမူ အာဖဂန်ဦးဆောင်သော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို အားပေး ထောက်ခံခဲ့ပြီး ယင်းတွင် ဝါရှင် တန်က တစ်ခန်းတစ်ကဏ္ဍပါဝင် မည်ဖြစ်သော်လည်း အာဖဂန် အစိုးရနေရာ အစားဝင်ယူရန် မဟုတ်ပေ။

မစ္စတာဂါနီ၏ ကမ်းလှမ်းမှု ကို တာလီဘန်အဖွဲ့က ငြင်းပယ် သည်ဆိုပါက အာဖဂန်နစ္စတန် တွင် အမေရိကန် စစ်ဘက်ကို အချိန်အကန့်အသတ်မရှိ ချထားမှု အတွက် အခြားရွေးချယ်စရာရှိ သလားဆိုသည်ကို မေးရမည့်အ ချိန်ဖြစ်သည်။

တာလီဘန်အဖွဲ့သည် ဆက် လက်အင်အားတောင့်တင်းနေပြီး နိုင်ငံ၏ သုံးပုံတစ်ပုံကို ထိန်းချုပ် ထားသည် (သို့မဟုတ်) ယှဉ်ပြိုင်နိုင်စွမ်းရှိနေသေးသည်ဆိုခြင်းမှာ ငြင်းမရသော အချက်ဖြစ်သည်။ယင်းအဖွဲ့ အားနည်းသွားစေရန် အာဖဂန်နှင့် အမေရိကန်တို့၏ တစိုက်မတ်မတ်ကြိုးပမ်းမှုများရှိ နေသော်ငြား ၎င်းတို့ တဖြည်းဖြည်း ဆက်လက်ကြီးထွားနေ သည်။ 

အိုဘားမားခေတ်စောစော ပိုင်းက အမေရိကန် တပ်ဖွဲ့အရေ အတွက်ကို တစ်သိန်းအထိ တိုးမြှင့်ပြီး နောက်ထပ် နေတိုး မဟာမိတ်တပ်ဖွဲ့ လေးသောင်းပါ ထပ်ပေါင်းခဲ့သော်လည်း တာလီ ဘန်အဖွဲ့ကို အနိုင်မရခဲ့သလို သိသိသာသာ အားနည်းသွားစေ ရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပေ။

သူ၏ သမ္မတ လက်ထက် နှောင်းပိုင်းတွင် သမ္မတအိုဘားမား က အမေရိကန်တပ်ဖွဲ့အရေအ တွက်ကို တစ်သောင်းအထိ လျှော့ ချခဲ့ပြီး တာလီဘန်များကို တိုက် ခိုက်နေသော အာဖဂန်တပ်ဖွဲ့များ အား လေ့ကျင့်သင်ကြား၊ အကြံ ဉာဏ်နှင့် အခြားအကူအညီများ သာပေး၍ အယ်လ်ကိုင်ဒါနှင့် အိုင်  အက်စ်အဖွဲ့ကို တိုက်ဖျက်ရေး စသော အကြမ်းဖက်ဝါဒတိုက် ဖျက်ရေးကို အဓိကအာရုံစိုက်ထား ခဲ့သည်။ တာလီဘန်ခေါင်းဆောင် မူလာအက်စ်တာမူဟာမက်မန်ဆိုး ကို အပြီးအပြတ်ချေမှုန်းရေး ၂၀၁၆ တွင် အိုဘားမားက အမိန့်ပေးခဲ့ပြီး၎င်းကို ဖယ်ရှားခြင်းသည် တာလီဘန်အဖွဲ့ကို သိသာစွာ အားနည်းစေမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် အားမနည်းခဲ့ပေ။

ပြီးခဲ့သည့်နှစ်အတွင်း သမ္မတထရန့်က အမေရိကန်လေကြောင်း တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်ခဲ့ပြီး အမေရိကန်မြေပြင်တပ်ဖွဲ့များကို လည်း ၅၀ ရာခိုင်နှုန်းထပ်မံတိုးမြှင့် ကာ တာလီဘန်များ ချေမှုန်း ရေး မြေပြင်တပ်မှူးများကို အာ ဏာကုန်ပေးထားခဲ့သည်။ သို့ သော် ထိုသို့ ဆောင်ရွက်ခဲ့ခြင်းက လည်း တာလီဘန်အဖွဲ့ကို ထိထိ ရောက်ရောက် အားနည်းသွားစေ ခြင်းမရှိခဲ့ပေ။ နေတိုးတပ်ဖွဲ့များ မည်မျှပင် ကြာရှည်ထိန်းသိမ်းထား ရှိစေကာမူ ကဘူးလ်အစိုးရ အောင်ပွဲရလောက်အောင် စစ်ရေး ချိန်ခွင်လျှာ မပြောင်းလဲနိုင်ဆို သည့်အချက်ကို သမိုင်းက ပြသခဲ့ ပြီး ဖြစ်သည်။ အာဖဂန်စစ်ပွဲသည် ကဘူးလ်အစိုးရအစား တာလီဘန် များကသာ တဖြည်းဖြည်းအသာ စီးရလာသော တိုက်စားခံနေရ သည့် လိပ်ခဲတည်းလည်း အခြေ အနေအဖြစ် ဆက်ရှိနေသည်။

မစ္စတာဂါနီ၏ အားပေး လောက်စရာ ကြိုးပမ်းအားထုတ် မှုများရှိနေသော်လည်း ငြိမ်းချမ်း ရေးဆွေးနွေးမှုများ အောင်မြင်နိုင် ခြေမရှိသေးပေ။ တာလီဘန်များ နှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းမှု အများအပြားသည် အမျိုးမျိုးအဖုံ ဖုံသော အကြောင်းပြချက်များ ကြောင့် မအောင်မြင်ခဲ့ပေ။ ယင်း အကြောင်းပြချက်များတွင် တာလီ ဘန်တို့၏ စစ်မြေပြင်အင်အား ဆက်လက်တောင့်တင်းနေမှုနှင့် ကျေးလက်လူထုကြား ထောက်ခံ မှုရရှိနေမှု၊ ၎င်းတို့အတွက် ဆွေး နွေးပေးသူများကို ချည့်နဲ့စေသော အဖွဲ့အတွင်း မူဝါဒဆိုင်ရာ အငြင်း ပွားမှုများ၊ ဆွေးနွေးညှိနှိုင်းမှု အ မြော်အမြင်အပေါ် သဘောထား ကွဲသော အားနည်းသည့် အာဖဂန် အစိုးရ၊ ညှိနှိုင်းဆွေးနွေးမှုများကို အမည်ခံသော၊ ထောက်ခံပြီး တာ လီဘန်များကို ဆက်လက်ထောက် ပံ့နေသော ပါကစ္စတန်၏ လျှာနှစ် ခွအခန်းကဏ္ဍ စသည်တို့ပါဝင် သည်။

ထိုအခြင်းအရာများအားလုံး ပြောင်းလဲမသွားပေ။ အကျိုးဖြစ် ထွန်းမည့် ဆွေးနွေးညှိနှိုင်းမှုများအ တွက် စစ်မှန်သော အလားအလာ မရှိဖြစ်နေရာ တာလီဘန်အဖွဲ့က သူ့ဘာသာ ပြန်ဖျက်ဆီးရေး (သို့ မဟုတ်) ပြန်လည်ရင်ကြားစေရေး ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းပြ ချက်များကို ၎င်းတို့ဘာသာ ပြန် လည်ဆုံးဖြတ်ရေးကို ကျွန်ုပ်တို့စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုအတောအတွင်း အမေရိကန်အ တွက် ဆိုးရွားသောရွေးချယ်စရာ သုံးခုရှိနေသည်။

ပထမအချက်အနေဖြင့် ဒေါ်နယ်ထရန့် အစိုးရက ၎င်းတို့၏ ရည်မှန်းချက်များကို ပြန်လည်အာ ရုံစိုက်ပြီး ယခင်အစိုးရလက်ထက် က အကန့်အသတ်ဖြင့်ထားရှိခဲ့ သော ပန်းတိုင်ဖြစ်သည့် နိုင်ငံခြား အကြမ်းဖက်သမားများကို တိုက် ဖျက်ရင်း အာဖဂန်အစိုးရက ကဘူးလ်နှင့် အခြားမြို့ကြီးများကို ထိန်းချုပ်နိုင်ရေး ကူညီရန် အာ ဖဂန်တပ်ဖွဲ့များကို လိုအပ်သော အကူအညီများ ပေးအပ်ပြီး တိုက် ရိုက်ထိတွေ့တိုက်ခိုက်မှုများတွင် မပါဝင်ရေး ပြန်လည်ကျင့်သုံးရန် ဖြစ်သည်။ ဤနည်းအားဖြင့် အမေ ရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချနိုင်မည်ဖြစ်ကာ တစ်ချိန် တည်းမှာပင် ကဘူးလ်ရှိ အမေရိ ကန်သံအဖွဲ့ကို အကာအကွယ် ပေးနိုင်ပြီး အာဖဂန်နစ္စတန်ကို အကြမ်းဖက်သမားများ၏ လွတ် မြောက်နယ်မြေ တစ်ဖန်ပြန်ဖြစ် လာခြင်းမှ တားဆီးနိုင်မည်ဖြစ် သည်။

ဒုတိယရွေးချယ်စရာအဖြစ် အာဖဂန်နစ္စတန်စစ်ပွဲကို အနိုင်မရ နိုင်ဟု စိတ်တုံးတုံးချကာ အမေရိကန်က တပ်ဖွဲ့များအားလုံး ပြန် လည် ရုပ်သိမ်းနိုင်သည်။ သို့ဆိုလျှင် အကြမ်းဖက်သမားများ တစ် ဖန် အင်အားတောင့်တင်းလာကာ အမေရိကန်နှင့် အာဖဂန်နစ္စတန် အတွက် အန္တရာယ်ရှိလာနိုင်သည်။ သို့မဟုတ်ပါကလည်း အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များနေရာ တွင် ရုရှား၊ အီရန်၊ တရုတ် (သို့ မဟုတ်) အိန္ဒိယတပ်ဖွဲ့များ ဝင် ရောက်လာနိုင်သည်။

ထိုသို့သော အနေအထား တွင် ကဘူးလ်အစိုးရက တာလီ ဘန်အဖွဲ့ထံ နယ်မြေများ ပိုမိုဆုံး ရှုံးပြီး နောက်ဆုံး၌ ပြိုလဲရန် အဖြစ်နိုင်ဆုံး အခြေအနေဖြစ်သည်။ အမေရိကန်တပ်ဖွဲ့ဝင် အမျိုးသား၊အမျိုးသမီး ၂,၄၀၀ ကျဆုံးခဲ့ရခြင်း သည်လည်း အချည်းနှီးဖြစ်ကာ ၁၉၇၅ က ဆိုင်ဂုံမြို့မှ အမေရိကန် များ တပ်ခေါက်ခဲ့ရသော ပုံရိပ်မျိုးပြန်လည်ပေါ်ထွက်လာမည်ဖြစ် သည်။ ထိုသို့သော မြင်ကွင်းကို မည်သည့်အမေရိကန် သမ္မတက မျှ လက်ခံဖွယ်မရှိသေးပေ။

နောက်ဆုံးအနေဖြင့် အာဖ ဂန်နစ္စတန်တွင် အမေရိကန်တပ် ဖွဲ့များ အမြဲတမ်းချထားရေး မဖြစ် မနေလိုအပ်သည်ဟု အမေရိကန် က အသိအမှတ်ပြုခြင်းဖြစ်သည်။ သို့သော် ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်ကို နားလည်သင့် သည်။ ကဘူးလ် အစိုးရကို ကျား ကန်ပေးရေးနှင့် အကြမ်းဖက် သမားများကို တိုက်ဖျက်ရေး တပ် မှူးများက လိုအပ်သည်ဟု ယူဆ သော အရေအတွက်ကို အမေရိ ကန်က ဆက်လက်ထားရှိမည်ဖြစ် သည်။ ဒေါ်နယ်ထရန့်သည် အမေ ရိကန်တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့်ကို နှစ်စဉ်ကုန်ကျစရိတ် ကန်ဒေါ်လာ၄၅ ဘီလီယံနှင့်အတူ နောက်ဆုံး နည်းလမ်းကို ရွေးချယ်ထားသည် ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ဤနည်းလမ်းမှာ တာလီဘန်တို့ကို စစ်ရေးဖြင့် အနိုင်ရမည့် နည်းလမ်း မဟုတ်ပေ။

အံ့အားသင့်စရာမရှိစွာပင် အာဖဂန်နစ္စတန်တွင် အချိန်အ ကန့်အသတ်မရှိသော ကိုရီးယား ပုံစံတပ်ဖွဲ့ချထားမှုကို ၎င်းအနေ ဖြင့် ရွေးချယ်ထားသည်ဆိုခြင်းကို အမေရိကန်ပြည်သူများအား ရှင်း လင်းပြောကြားရမည်ကို မစ္စတာ ထရန့်က လျစ်လျူရှုထားခဲ့သည်။

ယင်းမှာ အဓိကအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေးအ ပြင် ၎င်း၏ ကန့်ကွက်ပြောကြားမှု များရှိလင့်ကစား စစ်ဘက်က ဦးဆောင်သော နိုင်ငံတည်ဆောက်ရေး ပုံစံရည်မှန်းခြင်းဖြစ်သည်။ ပြည်သူလူထုနှင့် လွှတ်တော်က ထိုသို့သော စိတ်ပိုင်းဖြတ်မှုမျိုးကို လက်ခံမည်လား စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတဆုံးဖြတ်ချက်များ၏ ကုန်ကျစရိတ်နှင့် အန္တရာယ်ဖြစ်နိုင်ခြေအပေါ် သဘာဝကျကျ အကဲဖြတ်ချက်များကို ထရန့် အစိုးရက အမေရိကန်ပြည်သူများ ကို ရှင်းလင်းရန် အကြွေးတင်နေသည်။ အမေရိကန်၏ အရှည်ကြာ ဆုံးစစ်ပွဲ ထပ်မံ၍ ပိုမိုတာရှည်နိုင် သည်ကို ၎င်းအနေဖြင့် အသိအ မှတ်ပြုရန် လိုအပ်သည်။

—Ref: Tell the Truth about our longest war: NY Times