ငပလီကမ်းခြေထိန်းသိမ်းရေး စစ်တမ်းကောက်ယူမည်

ငပလီကမ်းခြေတွင် သန့်ရှင်းမှုနှင့် သဘာဝအလှအပများ လျော့နည်း လာသဖြင့် အချိန်မီထိန်းသိမ်းနိုင် ရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ များပူးပေါင်းကာ စစ်တမ်းကောက် ယူမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ပြော သည်။ 


‘‘ငပလီကမ်းခြေရဲ့ သဘာဝ အလှအပတွေ လျော့နည်းကျဆင်း ခဲ့မှုများကို ဖြစ်ပေါ်စေတဲ့ အခြေ အနေများကို ဖော်ထုတ်ဖို့အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်များကို စစ်တမ်းကောက်ယူပြီး အကောင် အထည်ဖော်ဆောင်ရွက်ရမှာဖြစ် ပါတယ်။ စစ်တမ်းကောက်တဲ့အ ခါ ဒေသခံများရဲ့ တင်ပြမှုကိုလည်း အလေးထားဆောင်ရွက်ရမှာဖြစ် ပါတယ်’’ဟု ဦးအုန်းမောင်က ပြောသည်။ 

ငပလီကမ်းခြေသည် ကမ္ဘာ ပေါ်ရှိ သွားရောက်လည်ပတ်ရန် အကောင်းဆုံး ကမ်းခြေဒေသ ၁၀ ခုတွင် တစ်ခုအဖြစ် ပါဝင်ခဲ့ သော်လည်း ယခုနှစ်ပိုင်းအတွင်း ကမ်းခြေအရည်အသွေး ကျဆင်း လာပြီး လာရောက်လည်ပတ်သည့် ဧည့်သည်များ၏ စိတ်ကျေနပ်မှု ကျဆင်းလာခဲ့သည်ကို တွေ့ရှိရ သဖြင့် အချိန်မီ ပြုပြင်ထိန်းသိမ်း နိုင်ရေး ရေတို၊ ရေရှည်အစီအမံ များ ချမှတ်နိုင်ရန် လိုအပ်ကြောင်း မတ်လ ၁၃ ရက်က ရန်ကုန်မြို့ ၌ ပြုလုပ်ခဲ့သည့် ငပလီကမ်းခြေ ဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ သည်။ 

‘‘ငပလီကမ်းခြေဟာ ရေညစ် ညမ်းလာတယ်။ သဲတွေကလည်း အရင်လိုမဟုတ်ဘဲ ညစ်ပတ်လာ တယ်။ ချောင်းသာ၊ ငွေဆောင်လို ပဲ ဈေးသည်တွေကလည်း ကမ်း ပေါ်တက်ပြီး ရောင်းနေကြတယ်။ အညစ်အကြေး စွန့်တဲ့ဟာတွေ လည်း ဧည့်သည်တွေဆီက ပြန် ကြားတယ်။ ဒါတွေကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဆောက်လုပ် ရေးအင်ဂျင်နီယာအသင်းကို ခေါ် ပြီးတော့ ဘာလုပ်ရင်ကောင်းမလဲ ဆိုတဲ့ စစ်တမ်းလေးလုပ်ဖို့ ဆွေး နွေးခဲ့တာဖြစ်ပါတယ်’’ဟု မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်  အတွင်းရေးမှူး ဦးကြည်သိန်းကို ကပြောသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဟို တယ်နှင့်ခရီးသွားပြည်ထောင်စု ဝန်ကြီး၊ ရခိုင်ပြည်နယ် စီမံဘဏ္ဍာ၊ အခွန်နှင့် စီးပွားရေးဝန်ကြီး၊ မြန် မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်  မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေး နွေးခဲ့သည်။