မန္တလေးလမ်းလျှောက်သင်္ကြန်တွင် နိုင်ငံခြားသားဧည့်သည်များအတွက် လုံခြုံရေးတိုးမြှင့်မည်

ယမန်နှစ်က ကျင်းပခဲ့သော မန္တလေးလမ်းလျှောက်သင်္ကြန်တွင်ပါဝင်ဆင်နွှဲနေသော နိုင်ငံခြားသားဧည့်သည်များ ဓာတ်ပုံ − ညီညီဇော်

နိုင်ငံခြားသားခရီးသွားဧည့်သည် များလာရောက်လည်ပတ်နိုင်ရေး အစီအစဉ်များပြုလုပ်ထားသည့် မန္တလေးကျုံးတောင်ဘက်လမ်း လျှောက်သင်္ကြန်တွင် ခရီးသွား များ၏ လုံခြုံရေးနှင့် လိုအပ်သည့် အကူအညီများဆောင်ရွက်ပေးရန် ကမ္ဘာ့လှည့်ခရီးသွားလုံခြုံရေးရဲ တပ်ဖွဲ့များတိုးမြှင့်ချထားမည်ဖြစ် ကြောင်း ကမ္ဘာ့လှည့်ခရီးသွားလုံခြုံ ရေးရဲတပ်ဖွဲ့ (မန္တလေး)မှ ဒုရဲမှူး လှမြင့်က ပြောသည်။


‘‘ဒါက သင်္ကြန်ကာလအ တွက် ထပ်ပြီးတိုးချဲ့တဲ့နေရာပေါ့။ ကိုယ့်မြို့ရဲ့အဓိကလူစည်ကားတဲ့ နေရာလည်းဖြစ်၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်း လာ ရောက် လည်ပတ်မှာဖြစ်တဲ့ အ တွက် ထုတ်နုတ်အင်အားအနေနဲ့ ပုံမှန်တာဝန်ယူဆောင်ရွက်တဲ့နေ ရာအပြင် လမ်းလျှောက်သင်္ကြန် လုပ်မယ့် ၂၆ လမ်းဘက်ကိုချထား ပေးမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

 ကမ္ဘာလှည့်ခရီးသွား လုံခြုံ ရေးရဲတပ်ဖွဲ့(မန္တလေး)သည် မန္တ လေးမြို့၊ တံတားဦး၊ အင်းဝမြို့ ဟောင်းနှင့် ပြင်ဦးလွင်မြို့တို့တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ ၏ လုံခြုံရေးအတွက်ပုံမှန်ဆောင် ရွက်မည့်အပြင် သင်္ကြန်တွင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကို ဆွဲဆောင်ရန်အစီအစဉ်များ ပါရှိသည့် လမ်းလျှောက်သင်္ကြန်ပြု လုပ်မည့် မန္တလေးကျုံးတောင် ဘက်တွင် သီးခြားနေရာတစ်ခုအ ဖြစ် တိုးချဲ့တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

‘‘လမ်းလျှောက်သင်္ကြန်မှာ နိုင်ငံခြားသားတွေအပြင် ပြည်သူ တွေအတွက်လည်း လုံခြုံရေးတာ ၀န်ယူဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။ လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာလည်း နယ်မြေခံရဲတွေဖြစ် တဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ် ဖွဲ့တွေရဲ့ စီမံချက်နဲ့အညီပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ဒုရဲမှူးလှမြင့်ကဆိုသည်။

ကမ္ဘာလှည့်ခရီးသွားလုံခြုံ ရေးရဲတပ်ဖွဲ့(မန္တလေး)အနေဖြင့် မန္တလေးတောင်၊ ကုသိုလ်တော် ဘုရား၊ မန္တလေးပြတိုက်၊ ဂေါဝိန် ဆိပ်ကမ်း၊ မရမ်းခြံဆိပ်ကမ်း၊ ဦး ပိန်တံတား၊ မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းအစရှိသည့် နေ ရာများအပါအ၀င် နိုင်ငံခြားသား များသွားရောက်လည်ပတ်မှုများ သည့်နေရာ ၁၇ ခုခန့်တွင် အရာရှိ ၁၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့ဖြင့် လုံခြုံရေးတာဝန်ယူ ဆောင်ရွက် နေသည်။