ဂျာမနီအခြေစိုက်ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်ဝန်ဆောင်မှု လုပ်ငန်းလေးခု ရပ်ဆိုင်းမည်

work.com.mm တွင် လူဦးရေ သုံးသိန်း လေးသောင်းခန့် ဝင်ရောက်အလုပ်လျှောက်ထားခဲ့သည်။(ဓာတ်ပုံ − ကျော်ဇင်သန်း)

Asia Pacific Internet Group ၏ ၀န်ဆောင်မှုများဖြစ် သည့် ads.com.mm၊ work.com.mm, House.com.mm နှင့် Motors.com.mm ၀က်ဘ် ဆိုက်လေးခုကို ယခုနှစ်မတ်လ ၃၁ ရက်ကစ၍ ရပ်ဆိုင်းမည်ဟုအ ဆိုပါလုပ်ငန်းစု ပြောရေးဆိုခွင့် ရှိသူ ကိုကျော်စိန်ထွန်းက ပြောသည်။

‘‘ကုမ္ပဏီအနေနဲ့ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံ တွေမှာ စီးပွားရေးကိုပြောင်းလဲ လုပ်ကိုင်တော့မှာဖြစ်လို့ ဒီနိုင်ငံ ကနေ ထွက်ခွာသွားတာပါ’’ ဟု ၎င်းကပြောသည်။


Asia Pacific Internet Group သည် အိမ်ခြံမြေ၀က်ဘ် ဆိုက်၊ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်၊ ကြော်ငြာဝန် ဆောင်မှုဝက်ဘ်ဆိုက်နှင့် ကားအရောင်းအ၀ယ်ဝန်ဆောင်မှု ၀က်ဘ်ဆိုက်တို့ လုပ်ကိုင်ရန် ၂၀၁၂ တွင်မြန်မာနိုင်ငံသို့ဝင် ရောက်လာသည်။

ဂျာမနီနိုင်ငံ အခြေစိုက် Rocket Internet Group ၏လက် အောက်ခံအဖြစ် Asia Pacific Internet Group က ၀က်ဘ်ဆိုက် ၀န်ဆောင်မှုလေးခုကို မြန်မာနိုင်ငံ တွင် ၀င်ရောက်လုပ်ကိုင်ခြင်း ဖြစ်သည်။

‘‘kaymu (shop.com.mm) ကတော့ Rocket Internet Group လက်အောက်မှာဖြစ်လို့ ကျန်ခဲ့ပါမယ်။ Asia Pacific Internet Group ရဲ့ လက်အောက် မှာရှိတဲ့လေးခုကတော့ ပြန်လည် ထွက်ခွာမှာပါ’’ ဟု ၎င်းကပြော သည်။

ကုမ္ပဏီ၏၀န်ဆောင်မှုတစ် ခုဖြစ်သည့် work.com.mm သည် မြန်မာနိုင်ငံ၌ အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်အဖြစ် လူ သိများပြီး လက်ရှိအထိ လူဦးရေ သုံးသိန်းလေးသောင်းခန့် အလုပ် အကိုင် ၀င်ရောက်လျှောက်ထားခဲ့ သည်။

‘‘အလုပ်လျှောက်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုကျွန် တော်တို့အလုပ်ရှာဖွေပေးနိုင်ခဲ့ပါ တယ်။ ပြန်လည်ထွက်ခွာတော့ မှာဖြစ်တဲ့အတွက် အလုပ်လျှောက်ထားသူတွေအနေနဲ့ ကိုယ့်ရဲ့ CV ဖောင်တွေကို ပြန်လည်ဒေါင်းလုတ်ရယူဖို့အကြောင်း ကြားထားပြီးပါပြီ’’ ဟု ၎င်းက ပြောသည်။