အကယ်ဒမီဖက်ရှင်

ဓာတ်ပုံ−နစ်ကီ

ဒီဇိုင်နာ အိကျော်ဇင်(Vivid)

အစ်မက အိန္ဒြာကျော်ဇင်၊ ညဇာတ်ကားက မင်းသမီးတွေဖြစ် တဲ့ မေဆူးမောင်၊ နန်းထရေစီနဲ့ မေတိုးခိုင်တို့အတွက် ဖန်တီးပေး ထားပါတယ်။ အိန္ဒြာကျော်ဇင်အ တွက် Rose Gold အရောင်၊ မေ ဆူးမောင်က ကျောက်စိမ်းရောင်၊ နန်းထရေစီက အ၀ါရောင်၊ မေ တိုးခိုင်အတွက်က အဖြူရောင် လေးပါ။ အူဝဲအတွက် တစ်ထည် လုံးကို Hand Made လုပ်ပေး ထားတယ်။ ရင်ဘတ်ထဲကဓားကဲ့ သို့ ချွန်ထက်သောအရာတွေကို ကိုယ်ပေါ်မှာဆင်ပေးထားပါ တယ်။ ပြောင်ပြောင်လက်လက် တွေပေါ့။ တောက်တောက်ပပ ဖြစ်နေမှာပါ။ ရင်ဘတ်ထဲကဓား မှာ စိတ်ညစ်ခဲ့သမျှ ဒီနေ့မှာ လှစေချင်တဲ့စိတ်နဲ့ လုပ်ပေးထားပါတယ်။

ဒီဇိုင်နာ မပုံ့(My Favourite)

အစ်မက သက်မွန်မြင့်ရယ်၊ ဖွေးဖွေးရယ်၊ ခင်လေးနွယ်ရယ်၊ မခိုင်သင်းကြည်ရယ်။ လေးဦးစ လုံးအတွက် အစ်မတို့ရဲ့ Kay Fashion က ပိတ်စတွေကိုပဲ သုံးပြီး ရှေးခေတ်က ပုံစံကိုဒီဘက် ခေတ်ရဲ့အမြင်နဲ့ ဆန်းသစ်ထား တယ်။ ဖက်ရှင်က တစ်ပတ်ပြန် လည်တယ်ဆိုတဲ့ အိုင်ဒီယာလေး နဲ့ ချုပ်ထားတယ်။ အရောင်က တော့ အရင့်လည်းပါတယ်။ အနု လည်း ပါပါတယ်။

ဒီဇိုင်နာ မျိုးမင်းစိုး

အိချောပိုရယ်၊ နန်းဆုရတီ စိုးရယ်၊ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံရယ်၊ ကျော်ထက် အောင်ရယ်၊ ရဝေအောင်ရယ်၊ ကောင်းပြည့်ရယ်။ ဦးသိန်းတန် တို့အတွက်ဆိုရင် Bright ဖြစ်တဲ့ အရောင်ကိုပဲ ရွေးထားတယ်။ ရက်ကန်းစင်မှာ ဆင်တူရက်ပေး ထားတယ်။ နန်းဆုကျတော့ပန်း ပုပန်းချီရယ်၊ ပုဂံခေတ်က ပုံစံ တွေကို ကျောက်သံပတ္တမြားတွေ နဲ့ ရွှေချည်ထိုးနဲ့ ပေါင်းပြီး မြန်မာ့ ယဉ်ကျေးမှုကို ပြထားတယ်။ အိ ချောပိုဝတ်စုံကိုတော့ ပန်းချီကား ဆေးစုတ်ချက်တွေရယ်၊ ပုဂံထီးလိုမင်းလိုဘုရားက ကနုတ်တွေရဲ့ ပုံစံတွေနဲ့ ဖန်တီးပေးထားတယ်။ နန်းဆုကိုပန်းနုရောင်လေး လုပ် ပေးထားတယ်။ အိချောကိုတော့ အနက်ရောင်  ဖန်တီးပေးထား တယ်။ ထူးထူးခြားခြား မင်းသားတွေကိုတော့    ရွှေချည်ထိုးပုဆိုး တွေ လုပ်ပေးထားပါတယ်။

ဒီဇိုင်နာအောင်မြတ်သူ(Aroma)

ရဲအောင်၊ ပွင့်၊ နဒီဝင့်နိုင်၊ စိုးနန္ဒာကျော်၊ ရွှေပိုးအိမ်၊ ပိုးကြာ ဖြူခင်၊ ဒေါ်လှလှမိုး၊ ဒေါ်ခင်သန်း နွယ်တို့ ရှစ်ယောက်အတွက် လုပ် ပေးထားပါတယ်။ ဒီနှစ်ကတော့ ရွှေနဲ့မလုပ်ဖြစ်တော့ပါဘူး။ ခရစ္စ တယ်လေးတွေနဲ့ လုပ်ပေးထား ပါတယ်။ ကျွန်တော့်ဝတ်စုံတွေနဲ့ ၀င်လာတဲ့ မင်းသမီးတွေက ပွဲထဲ မှာ ခမ်းခမ်းနားနားဖြစ်အောင် ဖန် တီးပေးထားပါတယ်။ အရောင်က တော့ အစုံပါပဲ။

ဒီဇိုင်နာ ဌေးဌေးတင်

မသန်းသန်းစိုး၊ ထက်ထက် ထွန်း၊ ဂျင်းနီ၊ စိုးရန်အောင်တို့စုံ တွဲ၊ မေမြင့်မိုရ်တို့မောင်နှမနှစ် ယောက်အတွက် လုပ်ပေးထားပါ တယ်။ အစ်မက ချိတ်နဲ့တွဲပြီး ပ၀ါ တွေကိုဦးစားပေးပြီး ဖန်တီးပေးထားတယ်။ ပ၀ါကို Creation ထည်ထည်ဝါ၀ါ Hand Made တွေနဲ့ လုပ်ထားတယ်။ ယောက်ျားလေး တွေကိုတော့ တိုက်ပုံရင်ဖုံးလေး တွေ လုပ်ပေးထားတယ်။ အ ရောင်ကတော့ ကော်ဖီရောင်တွေ များတယ်။ ဗိုလ်ဆန်ဆန် အ ရောင်လေးတွေများတယ်။

ဒီဇိုင်နာ မင်းသက်စံ

ဒီနှစ်ဖက်ရှင်တွေကတော့ ဆန်းတာကြိုက်တဲ့ ဇေရဲထက်တို့၊ စံရတီတို့၊ မိုးစက်တို့ကို နည်းနည်း ဆန်းဆန်းလေး၊ ကိုနေတိုးကျ တော့ ငြိမ်ငြိမ်လေး။ ဒါပေမဲ့ ကိုနေတိုးကိုတော့ လယ်သာအိတ် လေးနဲ့ ဖန်တီးပေးထားပါတယ်။ လည်ကတုံးလေး နည်းနည်းဆန်း ထားတယ်။ စံရတီကိုတော့ မြန်မာမှုဖြစ်တဲ့ သဲပန်းချီနဲ့ ဒီဇိုင်းလုပ်ပေး ထားတယ်။ အရောင်တွေက တော့ အနုရော၊ အရင့်ရော သူတို့ ကြိုက်တဲ့ အရောင်တွေကို ရွေး ကြတယ်။

n