ဖာပွန်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု ညှိနှိုင်းဖြေရှင်းရန် တပ်မတော်နှင့် ကေအင်န်ယူ သဘောတူ

ရှေ့တန်းစခန်းများကို ရိက္ခာပို့ဆောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဦးတည်၍ လမ်းဖောက်ခဲ့ဟု တပ်မတော်သားကိုယ်စားလှယ်ရှင်းလင်း

ဖာပွန်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုကို ညှိနှိုင်းဖြေရှင်းရန် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အတွင်းရေးမှူးများက ပြောသည်။

တပ်မတော်မှ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်ဥက္ကဋ္ဌအဖြစ် တာ ၀န်ယူပြီး တပ်မတော်နှင့်NCA လက်မှတ်ထိုးထားသောတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်များ၊ အရပ်သားကိုယ် စားလှယ်များပါဝင်သည့် ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအဝေးကို ရန် ကုန်မြို့၌ ပြုလုပ်ခဲ့ရာအစည်းအ ဝေးဒုတိယနေ့မတ်လ ၂၂ ရက် တွင် JMC-U ကိုယ်စားလှယ်များ က သတင်းစာရှင်းလင်းခဲ့သည်။

JMC-U အစည်းအဝေးဆုံး ဖြတ်ချက်အရ တပ်မတော် အ ကြီးအကဲများနှင့် KNU တပ်မ ဟာ(၅)ခေါင်းဆောင်များ အပါ အ၀င် ဗဟိုအဆင့်တာဝန်ရှိသူများ သည် လာမည့်မတ်လ ၂၉ (သို့မ ဟုတ်) ၃၀ ရက်တွင်ကျောက် ကြီး မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး(၁)ဒေါက်တာရွှေခါးရ်က ပြောသည်။

‘‘အဲဒါကတော့ တကယ် ကောင်းတဲ့ရလဒ်တစ်ခုပေါ့။ ကျွန် တော်တို့ပြောချင်တာကတော့ တစ်ခုခုလုပ်လိုက်ရင် အမြင်တွေ ကတစ်ဖက်က ရည်ရွယ်ချက် ကောင်းကောင်းနဲ့လုပ်ပေမယ့် တစ်ဖက်က အဲဒီအတိုင်းမမြင်လာ ဘူးဆိုရင်တော့ နားလည်မှုလွဲမှား လာတာတွေရှိတာပေါ့။ ဆိုတော့ အဲဒါတွေပြန်တည့်နိုင်မယ့်ဟာက တော့ မျက်နှာချင်းဆိုင်တွေ့ဆုံမှပဲ ပြေလည်လိမ့်မယ်လို့ ကျွန်တော် တို့ကတော့ ယူဆပါတယ်’’ ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

ယခုလအတွင်း ဖာပွန်ခရိုင် လယ်မူပလောဒေသတွင် တပ်မ တော်က ကားလမ်းဖောက်လုပ်ရာ KNU တပ်မဟာ(၅)က ကန့်ကွက် ရာမှ အစပြု၍ နှစ်ဖက်အကြား ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ရေး တင်းမာနေသည်။ ထို့အပြင် တပ် မတော်၏စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန် KNU က တောင်း ဆိုထားသည်။

ဖာပွန်ခရိုင်အတွင်း လမ်း ဖောက်ခြင်းသည် တပ်မတော် ဘက်မှ ထိုးစစ်ဆင်ရန် ပြုလုပ် ခြင်းမဟုတ်ဘဲ ရှေ့တန်းစခန်းများ သို့ ရိက္ခာစုပို့နိုင်ရေး မော်တော် ယာဉ်များ သွားလာရန်ဖြစ် ကြောင်း JMC-U တပ်မတော် သားကိုယ်စားလှယ်ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ရှင်းပြသည်။

တပ်မတော်အနေဖြင့် လို အပ်သည့် ရိက္ခာပို့ဆောင်ပြီးပါက ယင်းလမ်းသည် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည်ဟု ၎င်းကဆိုသည်။

‘‘တစ်ဖက်က သူတို့က စိုး ရိမ်စိတ်ရှိပါတယ်။ ဒီလိုမျိုးလမ်း ဖောက်တဲ့အတွက် ဘာများရည် ရွယ်ချက်ရှိသလဲဆိုတာ စိုးရိမ်ကြ ပါတယ်။ စိုးရိမ်စိတ်ရှိတဲ့တစ် ဖက်နဲ့တစ်ဖက်ကလည်း ရုတ်တ ရက်ဒေသဖွံ့ဖြိုးရေးကို ဦးတည် တယ်။ အုပ်ချုပ်မှုကိစ္စတွေကို အ ဆင်ပြေစွာ ဆောင်ရွက်လိုတယ်။ ဒီအပေါ်မှာ ဒါညှိနှိုင်းမှု လိုသွားတဲ့အပေါ်မှာ ဖြစ်သွားတဲ့အနေအထားလေး ဖြစ်ပါတယ်’’ ဟု JMC-U အတွင်းရေးမှူး(၂) ဗိုလ် မှူးကြီး ၀ဏ္ဏအောင်က ပြော သည်။

မတ်လဆန်းက စတင်ဖြစ် ပွားသည့် တပ်မတော်နှင့် KNU အကြားတိုက်ပွဲကြောင့် ကျေးရွာ ၁၄ ရွာရှိ ဒေသခံနှစ်ထောင်ကျော် သည် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အကူအညီများ လိုအပ်နေကြောင်း KNU ကထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် လမ်း ဖောက်လုပ်ချိန်တွင် တောင်ပိုင်း တိုင်စစ်ဌာနချုပ်က KNU တပ်မ ဟာ(၅)ထံစာပို့အကြောင်းကြား ခဲ့ပြီး ရွာသားများ၏ပိုင်ဆိုင်မှုများ၊ လယ်ယာမြေများကို အတတ်နိုင် ဆုံး ရှောင်ကွင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးဝဏ္ဏ အောင်ကဆိုသည်။

‘‘ရွာကိုလည်း လုံးဝအထိမခံ ပါဘူး။ ရွာသားတွေကိုလည်း ဒုက္ခဖြစ်စေလိုတဲ့ စိတ်လုံးဝမရှိပါ ဘူး’’ ဟု ၎င်းကပြောသည်။

ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက် ၍ JMC အဆင့်ဆင့်မှ အရပ်သား ကိုယ်စားလှယ်များပါဝင်သည့် ညှိ နှိုင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်း၍ ကြားဝင်ညှိနှိုင်း ဆောင်ရွက်စေ မည်ဖြစ်ကြောင်းလည်း JMC-U အတွင်းရေးမှူးများက ပြောသည်။

နှစ်ဖက်အပစ်ရပ် နယ်မြေ နှင့်ထိန်းချုပ်နယ်မြေသတ်သတ် မှတ်မှတ် မရှိသေးခြင်းကြောင့် ယင်းသို့တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအ ကြား ထိတွေ့ပစ်ခတ်မှုများရှိနေ ခြင်းဖြစ်ကြောင်း JMC-U အရပ် သားကိုယ်စားလှယ်များက ပြော ကြားသည်။

တပ်မတော်နှင့် KNU သည် ၂၀၁၂ တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အပစ်ရပ်စဲ ရေးစတင်ဆောင်ရွက်ပြီး တိုက်ပွဲ ဖြစ်ပွားမှု လျှော့ချနိုင်ခဲ့သည်။ ၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးပြီး နောက် နှစ်ဖက်အကြားတိုက်ပွဲ ဖြစ်ပွားမှုမရှိသလောက်လျှော့ချ နိုင်ခဲ့သည်။

More in News Section