မန္တလေးကမ္ဘောဇဘဏ်မှ ချက်လက်မှတ်အတုဖြင့် ကျပ်သိန်းနှစ်ထောင်လိမ်လည်ထုတ်ယူ

ကျပ်သိန်း နှစ်ထောင် ကို ချက်လက်မှတ်အတုဖြင့် လိမ် လည်ထုတ်ယူမှု မန္တလေးမြို့ရှိ  ကမ္ဘောဇဘဏ်ခွဲတစ်ခုတွင် မတ် လ ၂၀ရက်က ဖြစ်ပွားခဲ့သည်။


ချမ်းအေးသာစံ မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ် (၄၄) တွင် မတ်လ ၂၀ရက်နံနက် ၁၁ နာရီ မိနစ်၃၀က(၂၅)နှစ် အရွယ် အမျိုးသားသည် မှတ်ပုံတင်နှင့် တကွ အမျိုးသမီးတစ်ဦး၏ စာ ရင်းရှင်ငွေအကောင့်ထဲမှ ဘဏ်မှ ထုတ်ပေးထားသော Cheque နံပါတ်ဖြင့် ကျပ်သိန်းနှစ်ထောင် ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သိန်းနိုင်က ပြောသည်။

‘‘တရားခံကတော့ စုံစမ်းဆဲ ပါပဲ။ ချက်လက်မှတ်အတုနဲ့ ထုတ်သွားတဲ့သဘောပေါ့။ ငွေ ထုတ်သွားတဲ့အမျိုးသားကို အ ကောင့်ပိုင်ရှင်က မသိဘူးပြော တယ်။ ဘယ်လိုပုံစံမျိုးနဲ့လုပ်သွား တယ်ဆိုတာ အဖြေမပေါ်သေးဘူး ပေါ့ဗျာ’’ ဟု ရဲမှူးသိန်းနိုင်ကပြော သည်။

ယင်းနေ့ မွန်းလွဲ ၂နာရီ မိနစ်၃၀တွင် ကမ္ဘောဇဘဏ်ခွဲ(၂) ဈေးချိုဘဏ်ခွဲတာဝန်ခံက ဖုန်း ဖြင့် ဆက်သွယ်ပြီး ကျပ်သိန်းနှစ် ထောင်ထုတ်ယူမှုရှိ၊ မရှိစိစစ်ခဲ့ ရာ အမျိုးသားတစ်ဦးက ထုတ်ယူ ခဲ့ကြောင်းသိရသည်။ သို့သော် အကောင့်ပိုင်ရှင် အမျိုးသမီးသည် ငွေကျပ်သိန်းနှစ်ထောင်  ထုတ်ယူ ခဲ့ခြင်းမရှိသလို အဆိုပါအမျိုးသား ကို ချက်လက်မှတ်ပေး၍ထုတ် ခိုင်းခြင်းမရှိဟု ဆိုသည်။

၎င်း၏ ချက်လက်မှတ်ကို ပြသရာ ထုတ်ယူသောနံပါတ် သည်စာအုပ်တွင် ရှိနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဘဏ်ခွဲ (၄၄) တာဝန်ခံကတရားလိုလုပ်၍ ချမ်းအေးသာစံမြို့မရဲစခန်းတွင်  ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရ မိရေး ဆောင်ရွက်နေသည်။

More in News Section