အားလပ်ရက်မှာ ဖတ်စရာ

မြစ်ကို အလျားလိုက်လက်ပစ်ကူးခြင်း

ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် ၂၀၁၇ အမျိုးသားစာ ပေ(တစ်သက်တာဆု)ရှင် စာရေး ဆရာကြီးမောင်သာနိုးရဲ့ အသစ် ထွက်လာတဲ့ သိအောင်စာဖတ်ရ တယ် စာအုပ်ကို ညွှန်းဆိုချင်ပါ တယ်။


စာအုပ်မှာ စာကိုတန်ဖိုး မ ထားတတ်သူများ၊ သိအောင်စာ ဖတ်ရတယ်၊ ယထာဘူတကျကျ မြင်ဖို့၊ စာသမား ပေသမားပီသပါ စေ၊ ဖြီးချင်သူနဲ့ တကယ်တတ် ကျွမ်းသူ၊ ၀ီရိယနဲ့ပါရမီ၊ဗဟုသုတ ဆိုတဲ့ မင်္ဂလာအစရှိတဲ့ဆောင်းပါး ၃၄ ပုဒ်ပါရှိပါတယ်။ ဆောင်းပါး အားလုံးလိုလိုဟာ တန်ဖိုးရှိပြီး တစ်ပုဒ်ဆိုတစ်ပုဒ်စာဖတ်သူ ဗဟုသုတရမှာမလွဲပါဘူး။ အထူးသဖြင့် အင်္ဂလိပ်စာ၊အင်္ဂလိပ်ဘာသာ စကားနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေ၊ပါဠိစာပေနဲ့ ပတ်သက် တဲ့ အချက်အလက်တွေသာမက ဘာသာရေး အဖြစ်အပျက်တွေ အထိပါ ဖြန့်ကြက်ရေးထားတာ ဖတ်ရပါမယ်။ စာကိုတန်ဖိုးမထား တတ်သူများ ဆောင်းပါးတစ် နေရာမှာ ‘စာဖတ်တယ်ဆိုတာ အ စာစားရသလိုပါပဲ။ အစာမစားရ ရင် အသက်မရှင်နိုင်၊ မဖွံ့ဖြိုးနိုင် သလို စာမဖတ်ရင်လည်း ပညာ အသက်မရှင်နိုင်၊ မဖွံ့ဖြိုးနိုင်ဘူး။ အထူးသဖြင့် ကနေ့လို ‘သုတ ခေတ်’(Information Age)မျိုးမှာစာဖတ်ဖို့ပိုလာတယ်။ စာမဖတ် တော့ဘူးဆိုတဲ့ စာရေးဆရာ၊ ဆရာမတွေမှာ ဘာမှအသစ် မ ထုတ်လုပ်နိုင်ကြဘူး။ ဒါစာပေ လောကမှာ ‘သေ’သွားတာပဲပေါ့။ တကယ်လို့သာ သူတို့နာဘို ကော့ဖ်တို့၊ ဂျွန်အပ်ဒိုက်တို့၊ ဆာ လမန်ရာရှဒီတို့၊ အာရုန္ဓတီရွှိုင်းတို့ ဖတ်ဖြစ်မယ်ဆိုရင် လတ်လတ် ဆတ်ဆတ်သူတို့ဝတ္ထုလေးတွေ မြန်မာ စာပေလောက ကို အလှ ဆင်နေကြမှာ မုချပဲဖြစ်တယ်။

ကမ္ဘာလောကကြီးဟာ သိစရာတွေ များသထက် များလာနေတယ်။ ဒါတွေ ကို အကုန်မသိနိုင်သော် လည်း ကိုယ်နဲ့ဆိုင်တာ ကိုတော့ သိအောင် ကြိုးစားရလိမ့် မယ်။ ၀တ္ထုရေးဆရာ ဟာ ၀တ္ထုတွေကို သိရ မယ်။ ကဗျာ ဆရာဟာ က ဗျာတွေကိုသိရမယ်။ ဆရာ ၀န်ဟာ ကုထုံးတွေ၊ ဆေးတွေကို သိရမယ်။ စက်ဆရာ ဟာ နောက်ဆုံးပေါ်နေတဲ့စက် တွေကို သိရမယ်’ လို့ ရေးထား တယ်။ ဆက်လက်ပြီး.....

‘ကျောင်းက တက္ကသိုလ်က  ကျွန်တော်တို့ကို ပညာသင်ပေး လိုက်တယ်။ အဲဒီသင်ပေးလိုက် တာဟာ စတင်ဖို့နိဒါန်းပျိုးပေး လိုက်တာမျှဖြစ်တယ်။ ကျန်နေ တာတွေကို ကျောင်းပရိဝုဏ်ရဲ့ အပြင်ဘက်မှာ ရှာယူရတာဖြစ် တယ်။ ကျွန်တော်ဆိုပါတော့။ အင်္ဂလိပ်၊ မြန်မာစာ၊ ပါဠိတို့ကို ကျောင်းက သင်ပေးလိုက်ပါ တယ်။  အင်္ဂလိပ်စာနဲ့ မြန်မာစာ မှာ ၀တ္ထု၊ ပြဇာတ်၊ ကဗျာတွေသင် ခဲ့ရရာမှာ ပြဋ္ဌာန်း ချက်ကိုတောင် ကျောင်းက အကုန်ပို့ချတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ဖတ်ယူရ တာပါ။ ပြဋ္ဌာန်းတဲ့ဝတ္ထုတွေ၊ ကဗျာတွေက အနန္တ။ ကိုယ့်ဘာ သာအပြင်မှာ ဖတ်ယူရတာ။ ပါဠိ လည်း ထိုနည်းလည်းကောင်း။ ပြဋ္ဌာန်းချက်က ဟိုနည်းနည်း၊ ဒီ နည်းနည်း။ သိစရာသိရမှာက ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်’ လို့ရေးထားတာ ဖတ်ရပါမယ်။

လူ ဗန်းမော်တင်အောင် ဆောင်းပါးမှာ စာရေးသူပတ် သက်ထိတွေ့ဖူးတဲ့ ဆရာဗန်း မော်တင်အောင်အကြောင်းကို...

‘ဗန်းမော်တင်အောင်မှာ ကျွန် တော်အကြည်ညိုဆုံးအင်္ဂါရပ်က တော့ တည်ငြိမ်ခိုင်မြဲတဲ့ယုံကြည် ချက်ပါပဲ။ သူဟာ သေဆုံးတဲ့အ ထိ  ပြည်သူတွေဘက်ကရပ်တည်သွားခဲ့တယ်။ တစ်ခါမှ ပြည်သူကို သစ္စာဖောက်ခဲ့တာမရှိ။ သူ့မှာ ဖဆပလထဲမှာ၊ ပထစထဲမှာ၊ကွန်မြူနစ်ထဲမှာ၊ တပ်မတော်ထဲမှာ ရင်းနှီးချက်ချာတဲ့ အပေါင်းအ သင်းတွေ ရှိတယ်။ သူတို့နဲ့ ရယ် ရယ်မောမော လက်ဖက်ရည်အ တူသောက်ပြီး နောက်ဟယ် ပြောင်ဟယ် ပြောဆိုနေခဲ့တာ ပဲ။ ဒါပေမဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတာမျိုး များတယ်။

ဖဆပလအကြိုက်၊ ပထစအကြိုက် တစ် ခွန်း သူမပြောဘူး။ ရယ်သလိုမောသလိုနဲ့ သူတို့ပါတီလုပ်ရပ်ကို ခနဲ့ ရင်သာခနဲ့မယ်။

စကားပြောကတော့ ကိုတင်အောင် အင်မတန် ကျွမ်းကျင်တယ်။ တစ်ခါတော့ ဆရာကြီး ရွှေဥဒေါင်းရန်ကုန် ကပြန်အလာမှာ သူနဲ့ ဗန်းမော် တင်အောင်တွေ့ခဲ့ရပုံကို ပြန် ပြောပြရင်း ကိုတင်အောင်စကား ပြောတတ်ပုံကို ချီးကျူးလို့မဆုံး ဖြစ်နေတယ်။ အကြောင်းအရာက ဒီလိုပါ။ ဦးလေးလှဆိုတာ လူထု သတင်းစာ လူထုဂျာနယ်တို့ကို ထုတ်နေတာပါ။

‘‘ဒီဗန်းမော်တင်အောင်ဆို တဲ့ သူငယ်တော်တော့်ကို စကား သုံးနှုန်းတတ်တာကိုးကွ။ ငါတော့ အံ့ဩသွားတယ်။ လူတိုင်းကပဲ မောင်လှကို ‘ကြောက်တယ်’၊ ‘ကြောက်တတ်တယ်’ ပြောနေကြ တဲ့ဟာ အဲဒါသူပြောပုံက ‘ဦးလေး လှက အစိုးရိမ်ကြီးတတ်တယ် တဲ့ကွာ’၊ ပြောတတ်လိုက်တာ’’ တဲ့။

ဗန်းမော်တင်အောင်မှာ မြတ်နိုးစရာကောင်းတာတစ်ခုက တော့ ဟန်မဆောင်တတ်တာ၊ မကြွားဝါတတ်တာပါပဲ။ သူမသိ တာကို သိတယ်လို့ ညာဝါးဖြီးဖြန်း မနေဘူး။ ‘‘အေးဗျာ၊ အဲဒါကျွန် တော်မသိသေးဘူး။ ပြောကြစမ်း ပါဦး’’လို့ တောင်းပန်လေ့ရှိတယ်။ သူမယုံတာကို ယုံတယ်လို့လည်း လူငယ်ကြိုက်လိုက်မပြောဘူး။ လူကဖြင့် အာဏာရပါတီ(ဖဆပ လ)ကို မျက်စပစ်နေပြီး ပါးစပ်က တော့ ဖဆပလကို ဆန့်ကျင်သလို လို ဘာလိုလို မလုပ်ဘူး’ လို့ ရေး ထားပါတယ်။

ယခုစာအုပ်ကို စိတ်ကူးချို ချိုစာပေက တန်ဖိုး ၂,၈၀၀ ကျပ် နဲ့ ထုတ်ဝေပြီးစီးတီးမတ်နဲ့ စာအုပ် ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပါ တယ်။