တပ်မတော်အဆင့်မြင့်အရာရှိများနှင့် BGF ခေါင်းဆောင်များဆွေးနွေး

မြ၀တီဂိတ်ရှိ လိုင်စင်မဲ့ယာဉ် ၁၈၀ ကျော်ကို တပ်မတော်ထံ အပ်နှံ

 ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (၄) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်အပါအ၀င် တပ်မတော်အဆင့်မြင့်အရာရှိများနှင့်ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF) မှခေါင်းဆောင်များသည် မတ်လ ၂၅ ရက်တွင် မြ၀တီခရိုင်သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း BGF အရာရှိတစ်ဦးကပြောသည်။


တပ်မတော်နှင့် ရဲတပ်ဖွဲ့က မြ၀တီရှိ BGF တပ်ဂိတ်သို့ မတ်လ ၂၃ ရက်က ၀င်ရောက်စစ်ဆေး ခြင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့သဖြင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။

‘‘တပ်ဖွဲ့အချင်းချင်းနားလည်မှုလွဲတဲ့အပေါ်မှာလူကြီးချင်းတွေ့လိုက်တော့ အဆင်ပြေသွားပါတယ်’’ဟု တပ်မတော်အုပ်ချုပ်မှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် BGF မှ အရာရှိက ပြောသည်။

၂ နာရီခန့် ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မင်း နောင်နှင့်အတူ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော် ဇော၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့ ပါဝင်ပြီး BGF မှ ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ် မှူးကြီး စောထွန်းလှိုင်၊ အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအပါအ၀င် တပ်မှူးအ ချို့ပါဝင်သည်ဟု ၎င်းက ဆိုသည်။‘‘လိုင်စင်မဲ့ ကားကိုတော့ ပထမအသုတ်အဖြစ် ၁၀၄ စီးအပ် ပေးလိုက်တယ်။ မနေ့ညကတော့ ၈၀ ထပ်အပ်ပေးလိုက်တယ်။ အားလုံး ၁၈၄ စီးအပ်ပေးလိုက်တယ်’’ ဟု BGF အရာရှိက ပြောသည်။ လိုင်စင်မဲ့ယာဉ်များတွင် ယာဉ်မျိုး စုံပါဝင်ပြီး မြ၀တီမြို့ရှိ တပ်မတော်တပ်ရင်းသို့ ပို့ဆောင်အပ်နှံခဲ့သည် ဟု ဆိုသည်။

အဆိုပါလိုင်စင်မဲ့ယာဉ်များ သည် မြ၀တီမြို့ရှိ ယာဉ်ပိုင်ရှင်များ က BGF တပ်ဂိတ်အတွင်း လာ ရောက်ထားရှိခြင်းဖြစ်ပြီး ပိုင်ရှင် များမနစ်နာရေးညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း ၎င်းက ဆိုသည်။

‘‘လက်ရှိကတော့ ကျွန်တော် တို့ တာဝန်အရ အပ်ပေးလိုက်ပြီ။ ကျန်တဲ့အပိုင်းကတော့ နိုင်ငံတော်ပိုင်းက ဖြစ်သွားပြီပေါ့’’ဟု အဆို ပါ BGF အရာရှိက လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ ပြောသည်။

BGF ဂိတ်အတွင်းရှိ အဆိုပါ လိုင်စင်မဲ့ယာဉ်များကိစ္စကို တပ်မ တော်က ဆောင်ရွက်နေ၍ ရဲတပ်ဖွဲ့အနေဖြင့် အသေးစိတ်အခြေအနေမပြောနိုင်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

BGF တပ်ဂိတ်ရှိ လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးခြင်းနှင့် ပတ် သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၂၅ ရက် ညနေအထိ သတင်းထုတ်ပြန်ခြင်းမပြုသေးပေ။

BGF တပ်ဂိတ်သို့ တပ်မ တော်ပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ ၀င်များ ၀င်ရောက်စစ်ဆေးခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အကြား တင်းမာမှုများရှိနေပြီဟု ဆိုကာ အင်တာနက် လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားနေ၍ မြ၀တီ မြို့အပါအ၀င် ကရင်ဒေသခံများ စိုးရိမ်ထိတ်လန့်နေသည်ဟု ၎င်း က ပြောသည်။

‘‘အဲဒီအပေါ် စိုးရိမ်ကြောင့် ကြမှုမဖြစ်ပါနဲ့။ ကျွန်တော်တို့ ပြည်နယ်ကြီးကို ဒီဒေသကို လုံးဝအထိ အခိုက်မခံပါဘူး။ နိုင်ငံတော်ဘက်ကလည်း အဲဒီလိုမဖြစ်စေချင်ပါ ဘူး’’ဟု BGF အရာရှိက ပြော သည်။

မြန်မာ-ထိုင်းနယ်စပ်တွင် ဂျပန်တစ်ပတ်ရစ်ကားများ တင် သွင်းမှုကို အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအ ကြား နားလည်မှုဖြင့် ဆောင်ရွက် နေသည်မှာ ဆယ်စုနှစ် နှစ်ခုခန့်ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ BGF တပ်ကို လုံခြုံရေးတပ်ဖွဲ့ များက ၀င်ရောက်စစ်ဆေးခြင်း သည် ပထမအကြိမ်ဖြစ်ကြောင်း ဒေသခံ ကိုမျိုးက ပြောသည်။