မြန်မာအပါအဝင် အရှေ့တောင်အာရှရှိ Uber ၏ စီးပွားရေးလုပ်ငန်းများကို Grab ဝယ်ယူ

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော Grab အက်ပလီကေးရှင်းသုံး အငှားယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်)

 မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသရှိ ၎င်း တို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို ပြိုင်ဘက်စင် ကာပူအခြေစိုက် Grab ကို ရောင်းချခဲ့ကြောင်း အငှားယာဉ် ဝန် ဆောင်မှုနှင့် အစားအသောက်အိမ်အရောက် ပို့ဆောင်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် အမေရိကန်ကုမ္ပဏီ Uber က မတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။

ထိုရောင်းချမှုကြောင့် Uber သည် Grab ၏ ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး Grab ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် တစ်နေရာလည်းရရှိမည်ဖြစ်ကြောင်း  Bloomberg သတင်း ဌာနက ဖော်ပြထားသည်။


ထို့ကြောင့် အရှေ့တောင် အာရှဈေးကွက်တွင် Uber က၎င်း၏ စီးပွားရေးလုပ်ငန်းများကို နောက်ဆုတ်တော့မည်  ဖြစ် ကြောင်း ရေးသားထားသည်။

‘‘ဒီသဘောတူညီမှုက အရှေ့ တောင်အာရှမှာ ဒီလိုမျိုးလုပ်ငန်း မှာ ရရှိဖူးသမျှအကြီးဆုံး သဘော တူညီမှုပါ’’ ဟု Grab အမှုဆောင် အရာရှိချုပ် အန်တိုနီတန်က ပြော သည်။

 ထိုသဘောတူညီချက်များ အရ Grab သည် မြန်မာအပါအ ဝင် စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်မှ Uber လုပ် ငန်းများနှင့် ပိုင်ဆိုင်မှုများကို လွှဲ ပြောင်းရယူမည်ဖြစ်သည်။

အငှားယာဉ်လုပ်ငန်းအဖြစ် Grab နှင့် Uber တို့သည် မြန်မာ နိုင်ငံဈေးကွက်သို့ ၂၀၁၇ တွင် စတင်ဝင်ရောက်ခဲ့သည်။ Grab သည် အချိန်တိုအတွင်း အောင် မြင်လာခြင်းဖြစ်သည်။

Grab သည် ပြည်တွင်း၌ သုံး နှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။ ၂၀၁၈ ဇန်နဝါရီတွင် Grab Plus စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး တက္ကစီစီးသူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ထားသည်။ ထို့နောက် ဒစ်ဂျစ်တယ်ငွေပေးချေ မှုအတွက် Grab pay ကို မိတ် ဆက်ခဲ့သည်။

၂၀၁၈ မတ်လ ၁၂ ရက်တွင် ပြည်တွင်းမှ Yoma Strategic Holdings ကုမ္ပဏီနှင့်ပူးပေါင်း၍ Grab ယာဉ်မောင်းများ ယာဉ် ဝယ်ယူနိုင်ရေး ငွေကြေးထောက် ပံ့ရန် သဘောတူညီခဲ့သည်။ ယင်းသဘောတူညီချက်အရ အငှား ယာဉ် ၇၀,၀၀၀ ခန့်အတွက် ယာဉ်ပြုပြင်ထိန်းသိမ်းမှုနှင့် ကားမော်ဒယ်အသစ်များ ဝယ်ယူရန် ပါဝင်သည်ဟု Grab (မြန်မာ)က သတင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် Grab က တက္ကစီ ၁၀,၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ တွင်း ပြေးဆွဲနေသည်။

၂၀၁၈  ပထမနှစ်ဝက်မတိုင် မီ အရှေ့တောင်အာရှ နိုင်ငံအချို့ တွင် Grab Food ဟုခေါ်သော အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းများ ချဲ့ထွင်မည်ဟု Grab က ကြေညာထားသည်။