ရုပ်ရှင်အကြိုခံစားခြင်း

မွှေချက်ကတော့ လွန်လွန်းတယ်

- ဒီကနေ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ ကျေးလက်သရုပ်ဖော် ဟာသဇာတ်ကားလေး တစ်ကားကို ညွှန်းလိုက်ပါတယ်။

ရွှေတိုးက သူတို့ရွာမှာ အမွှေစိန်ဘွဲ့ ခံယူထားသူပါ။ သူ့အဖေက သူတို့ရွာရဲ့ သူဌေးစာရင်းထဲပါတာကြောင့် ရွှေတိုးက ပေါ့ပေါ့နေ ပေါ့ပေါ့စားပါပဲ။ နောက်ပြီး အမွှေစိန်ဘွဲ့ရတာကလည်း ရွှေတိုးတစ်ခုခုလုပ်လိုက်ပြီဆိုရင် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်တာကြောင့်ပါ။ ဒါပေမဲ့ ရွှေတိုးကတော့ ဘာမှဆင်ဆင်ခြင်ခြင်လုပ်လေ့မရှိပါဘူး။ သူလုပ်ချင်တာဆိုရင် လုပ်လိုက်ရမှကိုကျေနပ်တာပါ။

သူ့အဖေနဲ့လည်း တည့်နေ တာတော့ မဟုတ်ပါဘူး။ အမြဲ တကျက်ကျက်ပါ။ သူ့အဖေက နတ်တွေဆက်ဖို့ထားတဲ့ ကြက်ကြော်တွေ၊ ငါးကြော်တွေဆိုရင် လည်း နတ်ဆက်ဖို့ အာရုံပြုနေချိန်မရရအောင် ယူပြီးစားတတ်သူပါ။ တစ်ခါက တစ်ဖက်ရွာမှာအလှူရှိလို့ သူ့အဖေကို မုန့်ဖိုးတောင်းတော့ သူ့အဖေက ရွှေတိုးကိုယ်တိုင်အလုပ်လုပ်ပြီး ရှာလာတဲ့ ပိုက်ဆံ ၅,၀၀၀ ပြနိုင်ရင် မုန့်ဖိုးတစ်သိန်း ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဉာဏ်ကြီးရှင် ရွှေတိုးကလည်း မုန့်လင်မယားတစ်ခုအရင်းပြုပြီး ပိုက်ဆံ ၅,၀၀၀ ရအောင်ရှာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တစ်ရွာလုံးကလူတွေကတော့ ရွှေတိုးတို့အိမ်ရှေ့ကို ရောက်လာခဲ့ရပါတယ်။ အဲဒီလိုမွှေတဲ့ရွှေတိုးပါ။

အဲဒီလိုတွေ မွှေပေမယ့် ရွှေ တိုးကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ရှိပါတယ်။ ကောင်မလေးနာမည်က ဝတ်မှုံပါ။ ဝတ်မှုံက သူတို့ရွာသူကြီးရဲ့ သမီးပါ။ ရွာသူကြီးက သူတို့ရွာရဲ့အမွှေစိန် ရွှေတိုးကို လုံးဝကြည့်မရပါဘူး။ သူ့သမီးကိုလည်း ရွှေတိုးနဲ့မပတ် သက်ဖို့ အမြဲပြောပါတယ်။ ရွှေတိုး က လည်း အဲဒီကြားထဲက မရမက ကြိုးစားပါတယ်။ ဝတ်မှုံကလည်း ရွှေတိုးကို စိတ်ဝင်စားပေမယ့် သူ့ အဖေက ပြောထားတာကြောင့် ထင်သာမြင်သာတော့ မပတ်သက်ရဲပါဘူး။ ရွှေတိုးနဲ့ ဝတ်မှုံတို့ကြားထဲမှာ ဝင်ရှုပ်နေတဲ့သူတွေလည်းရှိပါတယ်။ အဲဒါကတော့ ဝတ်မှုံရဲ့ အဒေါ် အပျိုကြီးက ရွှေတိုးကို တစ်ဖက်သတ်ကြိုက်နေတာပါ။ အဲဒါကြောင့် သူ့အစ်ကိုက ရွှေတိုး မကောင်းကြောင်းပြောရင် သူကအမြဲ ရွှေတိုးဘက်က ရပ်တည်ပေးပါတယ်။ တူမအတွက်တော့ မဟုတ်ပါဘူး။ သူ့အတွက်ပါ။ နောက်တစ်ယောက်က တော့ တခြားရွာက ပွဲစားတစ် ယောက်ပါ။ အဲဒီပွဲစားက ဝတ်မှုံ ကို ကြိုက်နေတာပါ။ ဝတ်မှုံရဲ့ အဖေရွာသူကြီးကလည်း အဲဒီပွဲစားကို ဝတ်မှုံနဲ့ သဘောတူနေပါ တယ်။ ဝတ်မှုံကတော့ လုံးဝကြည့်လို့ မရပါဘူး။ အဲဒီလိုနဲ့ရွှေတိုးတို့ရွာကို ဝတ်မှုံရဲ့ ဦးလေးဒါရိုက်တာက သူရိုက်နေတဲ့ ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေရိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့တွေကိုရော ရွှေတိုးက ဘာတွေ မွှေဦးမှာလဲဆိုတာကိုတော့ မတ် လ ၃၀ ရက်ကစတင်ပြီး ရန်ကုန်၊မန္တလေးအပါအဝင် နယ်မြို့တွေ မှာ တစ်ပြိုင်တည်းရုံတင်ပြသမယ့် ‘မွှေချက်ကတော့ လွန်လွန်းတယ်’ ဇာတ်ကားမှာ ဆက်လက်ရှုစား ပေးပါ။ ဒီဇာတ်ကားမှာ ရွှေတိုးအ ဖြစ် နေတိုး၊ ဝတ်မှုံအဖြစ် သက် မွန်မြင့်တို့နဲ့အတူ ဟာသဇာတ်ပို့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး ဂေါ်စိန်ရဲ့ဇာတ်လမ်းကို ကိုကျော် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားပါတယ်။