တီဘီရောဂါရှာဖွေရေးစက် ၁၂ ခု တိုးချဲ့တပ်ဆင်မည်

လာမည့် ၂ နှစ်အတွင်း တီဘီနှင့် ဆေးယဉ်ပါးရောဂါရှာဖွေရေးစက် ၁၂ ခု တိုးချဲ့တပ်ဆင်၍ ရောဂါ အခမဲ့ရှာဖွေဖော်ထုတ်ကုသပေး မည်ဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆိုပါ တီဘီ နှင့် ဆေးယဉ်ပါးရောဂါရှာဖွေရေး (Genexpert) ၇၃ ခုအထိ တပ် ဆင်ထားပြီး လာမည့် ၂၀၂၀ အထိ စက်အရေအတွက် ၁၂ ခု တိုးချဲ့တပ်ဆင်မည်ဖြစ်သည်။ ထိုသို့ တိုးချဲ့တပ်ဆင်ပြီးပါက စက်အရေအတွက် ၈၅ ခုအထိ ရှိလာမည် ဖြစ်သည်။

‘‘ဒါက အမျိုးသားမဟာဗျူ ဟာ ငါးနှစ်စီမံကိန်းထဲမှာ ပါတာ ပေါ့နော်။ ၂၀၂၀ ထိကို ၈၅ လုံး ရှိရမယ်ဆိုပြီး။ ဒါပေမဲ့ ကြားထဲမှာ လည်း စီမံချက်တွေ ဝင်လာရင် ဝယ်သွားပြီးတော့ ထပ်ချဲ့ဖို့ရှိပါ တယ်။ ဒီနှစ်ထဲမှာလည်း ရန်ကုန် မှာ Genexpert စက်တွေတိုးချဲ့ ပြီး ရောဂါတွေကို ပိုပြီးရှာမယ်။ ပြီးတော့ သလိပ်မှန်ဘီလူးကြည့် ဓာတ်ခွဲခန်းတွေကိုလည်း တိုးချဲ့ ဆောင်ရွက်ဖို့လည်း ရှိပါတယ်’’ဟု အမျိုးသား တီဘီဓာတ်ခွဲဌာန တာဝန်ခံ  ဒေါက်တာတင်တင်မာ က ပြောသည်။

လက်ရှိ၌ ရန်ကုန်တိုင်းတွင် အဆိုပါ စက် ၁၄ ခုရှိပြီး မင်္ဂလာဒုံ အထူးကုဆေးရုံ၊ မြောက်ဥက္ကလာပဝေဘာဂီအထူးကုဆေးရုံ၊ အောင် ဆန်းတီဘီ တိုက်ဖျက်ရေးဌာန၊ လသာတီဘီတိုက်ဖျက်ရေးဌာန၊ သန်လျင်မြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ သင်္ဃန်းကျွန်းနှင့် သာကေတ တို့ရှိ မြို့နယ်ကျန်းမာရေးဌာနများ ၌ တပ်ဆင်ထားသည်။

ထို့အပြင် တစ်နိုင်ငံလုံးအ တိုင်းအတာအရ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် ယင်းစက် ၇၃ လုံးဖြင့် လွှမ်းခြုံဆောင်ရွက်နေ ပြီး နေပြည်တော်အပါအဝင် ကရင်၊ ပဲခူး (အရှေ့၊အနောက်)၊ တနင်္သာရီ၊ ရန်ကုန်၊ ကယား၊ ချင်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌ တပ်ဆင်ထားသည်။ ၂၀၁၇ နှစ်ကုန်တွင် အဆိုပါစက်များဖြင့်လူနာ ကိုးသောင်း သုံးထောင်ကျော်ကို ရောဂါရှာဖွေစစ်ဆေးသည့်အနက် တီဘီပိုးတွေ့လူနာ ၄၅,၃၀၈ ဦးရှိကာ ဆေးယဉ်ပါးတီဘီပိုးတွေ့လူနာ ၃,၁၉၇ ဦးရှိသည်။

 သလိပ်ပိုးစစ်ဆေးသည့် Genexpert စက်သည် တီဘီနှင့် ဆေးယဉ်ပါး တီဘီရောဂါများကို နှစ်နာရီအတွင်း ပိုးရှိ၊ မရှိ အဖြေ ထုတ်ပေးနိုင်ပြီး ယင်းစက်၏ ရောဂါရှာဖွေနိုင်မှုသည် ၉၅ ရာခိုင်နှုန်း သေချာသည်။ ယင်းစက်ဖြင့် ရောဂါရှာဖွေခြင်းကြောင့် အချိန် ကုန်သက်သာခြင်း၊ ရောဂါအမျိုး အမည် တိကျမှုရှိခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။