ကမ္ဘာကြီး၏ လစ်ဘရယ်တည်ငြိမ်မှု သေဆုံးခြင်း

Kevin Lamarque/Reuters

နှစ်ပေါင်းတစ်ထောင်ခန့် ကြာမြင့် ပြီးနောက် အရောင်မှိန်သွားသော မြင့်မြတ်သည့် ရောမအင်ပါယာ သည် မြင့်မြတ်မှုလည်းမရှိ၊ ရောမ လည်းမဆန်၊ အင်ပါယာလည်း မဟုတ်ဟု ပြင်သစ်တွေးခေါ်ပညာ ရှင်နှင့် စာရေးဆရာ ဗော်လ်တဲ ယားက ပြောခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၂၅၀ ခန့်တွင် ကြုံတွေ့ရသည့်ပြဿနာသည် ဗော်လ်တဲ ယား၏ စကားအတိုင်းပြောရလျှင် ကမ္ဘာ့လစ်ဘရယ် တည်ငြိမ်မှု သည် လစ်ဘရယ်လည်းမကျ၊ တစ် ကမ္ဘာလုံးလည်း မပြန့်၊ တည်ငြိမ်မှုလည်းမရှိဖြစ်သည်။


ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် တွင် အာမေရိကန်နိုင်ငံသည် ဗြိတိန်၊ အခြားနိုင်ငံများနှင့် ပူး ပေါင်းလုပ်ဆောင်ရင်း ကမ္ဘာကြီး ၏ လစ်ဘရယ်တည်ငြိမ်မှုကို ထူ ထောင်ခဲ့သည်။ ရည်မှန်းချက်သည် နှစ် ၃၀ အတွင်း ကမ္ဘာစစ် နှစ်ခုဆီ ဦးတည်ခဲ့သော အခြေအ နေများ နောက်ထပ်တစ်ဖန် ပေါ် ပေါက်မလာစေရန်ဖြစ်သည်။

ထိုရည်မှန်းချက်အတွက် နိုင်ငံများ၏ အချုပ်အခြာအာဏာ နှင့် နယ်မြေပိုင်နက်ကို လေးစား ပြီး ဥပဒေစိုးမိုးမှုကို အခြေခံသော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လစ်ဘ ရယ်ဆန်သော နိုင်ငံတကာစနစ် တစ်ရပ်ကို ဒီမိုကရေစီကျင့်သုံး သော နိုင်ငံများက ဖန်တီးခဲ့သည်။ လူ့အခွင့်အရေးကိုလည်း ကာ ကွယ်ပေးမည်ဖြစ်ကာ ယင်းအစီ အစဉ်အားလုံးကို တစ်ကမ္ဘာလုံး တွင် လက်တွေ့ကျင့်သုံးရန်ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ယင်းအစီအစဉ်တွင် ပါဝင်ရန် လူတိုင်း အတွက် လမ်းဖွင့်ပေးထားပြီး မိမိဆန္ဒအလျောက်ဖြစ်သည်။ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကုလသမဂ္ဂ အဖွဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကမ္ဘာ့ဘဏ်နှင့် ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) တို့ကို ထူထောင်ခဲ့ သည်။

ဤအရာအားလုံးနှင့် နောက် ထပ်လိုအပ်မှုများကို အမေရိကန် နိုင်ငံ၏ စီးပွားရေး၊ စစ်ရေးအင် အား၊ ဥရောပနှင့် အာရှတစ်လွှား မဟာမိတ်ကွန်ရက်၊ ရန်လိုမှုကို အဟန့်အတားဖြစ်စေသော နျူ ကလီးယားလက်နက်များဖြင့် ကျားကန်ပေးထားသည်။

ထို့ကြောင့် ကမ္ဘာကြီး၏ လစ် ဘရယ်တည်ငြိမ်မှုကို ဒီမိုကရေစီ နိုငှ်ုငံများက လက်ခံသော စံမျှော် မှန်းချက်များပေါ်တွင်သာမက ပါဝါအမာ (Hard Power) ပေါ်၌ လည်း အခြေခံထားခဲ့သည်။ ပြတ်ပြတ်သားသား လစ်ဘရယ်မဆန် သော ဆိုဗီယက်ယူနီယံအပေါ်တွင် လည်း ယင်းစံနှုန်းများ မလျော့ပါး ခဲ့ပေ။ ယင်းနိုင်ငံသည် အခြေခံ အားဖြင့် ဥရောပ၊ ကမ္ဘာတစ်ဝန်း တည်ငြိမ်မှုဆိုခြင်းနှင့်ပတ်သက် ၍ အခြေခံအားဖြင့် ကွဲပြားခြား နားသော အယူအဆရှိခဲ့သည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲကာ စစ်အေးခေတ်ပြီးဆုံးခဲ့ပြီးနောက် ကမ္ဘာ့လစ်ဘရယ်တည်ငြိမ်မှုသည် ခါတိုင်းထက် ပိုမိုမြန်ဆန်သွက် လက်ပုံပေါ်ခဲ့သည်။ သို့သော် နှစ် ၂၅ နှစ်ကြာပြီး ယနေ့အချိန်အခါ တွင် ၎င်း၏ အနာဂတ်သံသယရှိ စရာဖြစ်လာသည်။ အမှန်တကယ် လည်း လစ်ဘရယ်တည်ငြိမ်မှု၏ အဓိကအစိတ်အပိုင်း သုံးခုဖြစ် သော လစ်ဘရယ်ဝါဒ၊ ကမ္ဘာလုံး လက်ခံမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်း ရေးတို့ပင် စိန်ခေါ်မှုကြုံနေရပြီး ယင်းမှာ နှစ်ပေါင်း ၇၀ အတွင်း မကြုံစဖူးဖြစ်သည်။

လစ်ဘရယ်ဝါဒ ဆုတ်ယုတ် ကျဆင်းနေသည်။ ဒီမိုကရေစီ နိုင်ငံများသည် ကြီးထွားလာသော လူထုကြိုက်ဝါဒ အကျိုးဆက်များ ကို ခံစားနေရသည်။ ဥရောပတွင် နိုင်ငံရေးအစွန်းရောက်ပါတီများ ခြေကုပ်ရလာခဲ့သည်။ ဗြိတိန်တွင် အီးယူမှ ထွက်ခွာရေးမဲများ အသာ စီးရခဲ့ခြင်းသည် အီလစ်များ၏ ဩဇာလွှမ်းမိုးမှု ဆုံးရှုံးလာခြင်းကို သက်သေခံနေသည်။ အမေရိကန် နိုင်ငံတွင်လည်း ကိုယ်ပိုင်သမ္မတ ထံမှ နိုင်ငံ၏ မီဒီယာ၊ တရားရုံး များနှင့် ဥပဒေစည်းကြပ်ရေး အဖွဲ့ အစည်းများအပေါ် ယခင်က မကြုံ ဖူးသော တိုက်ခိုက်မှုများနှင့် ကြုံ နေရသည်။ တရုတ်၊ ရုရှား၊ တူရကီအပါအဝင် အာဏာရှင်ဆန်သော စနစ်များသည်ပင် ဗျူရိုကရက် လေးလံမှုပိုများလာသည်။ ဟန် ဂေရီနှင့် ပိုလန်ကဲ့သို့ နိုင်ငံများ သည် ၎င်းတို့၏ နုပျိုသော ဒီမိုက ရေစီများ၏ ကံကြမ္မာအပေါ် စိတ် ဝင်စားပုံမရပေ။

ကမ္ဘာကြီးသည် တစုတစည်း တည်းရှိနေသည်ဟုပြောရန် ခက် ခဲလာသည်။ ဒေသဆိုင်ရာ တည် ငြိမ်မှုအစီအစဉ်များ ပေါ်ထွက် လာသည်ကို မြင်တွေ့နေရသည်။ အရှေ့အလယ်ပိုင်းအတွက်ဆို လျှင် မတည်ငြိမ်မှုဟုပင်ဆိုနိုင်ပြီး ၎င်းတို့တွင်လည်း ကိုယ်ပိုင်လက္ခ ဏာများရှိနေသည်။ ကမ္ဘာလုံးဆိုင် ရာ မူဘောင်များ တည်ဆောက်ရန် ကြိုးပမ်းမှုများ ကျရှုံးနေသည်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကြီးထွားလာပြီး နောက်ဆုံး အကျော့ 

ကမ္ဘာ့ကုန်သွယ်ရေးဆွေးနွေးပွဲမှ ရလဒ်များ အသီးအပွင့်မဖြစ်ခဲ့ပေ။ 

ဆိုက်ဘာလောကကို အုပ်ချုပ်သော စည်းကမ်းများ မရှိသလောက်ဖြစ် နေသည်။

တစ်ချိန်တည်းမှာပင် အင် အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု များ ပြန်လည်ဖြစ်ပေါ်လာသည်။ ဥရောပတွင် နယ်စပ်မျဉ်းများ ပြောင်းလဲရန် ရုရှားနိုင်ငံက အင် အားသုံးခဲ့ပြီး အခြေခံနိုင်ငံတကာ ဆက်ဆံရေး စံနှုန်းများကို ချိုး ဖောက်ခဲ့သည်။ ၂၀၁၆ ရွေး ကောက်ပွဲတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းရင်း အမေရိကန်၏ အချုပ် အခြာကို ထိပါးခဲ့သည်။ နျူကလီး ယားလက်နက် မပြန့်ပွားရေး ခိုင် မာသော နိုင်ငံတကာ သဘောတူ ညီချက်ကို မြောက်ကိုရီးယားက ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ သည်။ ဆီးရီးယားနှင့် ယီမင်၌ လူ သားချင်း စာနာထောက်ထားမှု အိပ်မက်ဆိုးများကို ကမ္ဘာကြီးက ရပ်ကြည့်နေသည်။ ဆီးရီးယား အစိုးရက ဓာတုလက်နက်များ အသုံးပြုမှုအပေါ် ကုလသမဂ္ဂနှင့် အခြားနေရာများ၌ တုံ့ပြန်မှု မရှိ သလောက်ဖြစ်သည်။ ဗင်နီဇွဲလား နိုင်ငံသည် ယိုယွင်းပျက်စီးလာ သော နိုင်ငံဖြစ်လာနေပြီး ကမ္ဘာ ပေါ်မှ လူ ၁၀၀ တွင် တစ်ဦးသည်ဒုက္ခသည် (သို့မဟုတ်) နိုင်ငံတွင်းမှာပင် ထွက်ပြေးတိမ်းရှောင်နေ ရသူဖြစ်နေသည်။

ဤအရာများအားလုံး ဘာ ကြောင့်ဖြစ်ပေါ်နေသနည်း၊ ဘာ ကြောင့် ယခုအချိန်တွင် ဖြစ်နေ သနည်းဆိုခြင်း နောက်ကွယ်၌အကြောင်းပြချက်အများအပြားရှိ သည်။ လူထုအကြိုက်ဝါဒ (Popu lism) ကြီးထွားလာခြင်းသည် ဝင်ငွေများ ရပ်တန့်နေခြင်းနှင့် အလုပ် ဆုံးရှုံးမှုများကို တုံ့ပြန်မှုဖြစ်သည်။ နည်းပညာသစ်များ၊ ရွှေ့ပြောင်း နေထိုင်မှုနှင့် နိုင်ငံခြားမှ တင်သွင်း မှုများကြောင့် ဝင်ငွေနှင့် အလုပ် အကိုင်များ ထိခိုက်နေသည်ဆို သည်။ အမျိုးသားရေးဝါဒ (Na-tionalism) ကို ၎င်း၏ ဩဇာလွှမ်း မိုးမှု ပို၍ ခိုင်မာအောင် လုပ်ဆောင် လိုသော ခေါင်းဆောင်များက အသုံးချနေသည်။ ထို့အပြင် ကမ္ဘာ လုံးဆိုင်ရာ အဖွဲ့အစည်းများက ပါဝါချိန်ခွင်လျှာ ပြောင်းလဲမှုအ သစ်နှင့် နည်းပညာများနှင့်အမီ လိုက်ပါပြောင်းလဲရန် ပျက်ကွက် နေသည်။

သို့သော် ကမ္ဘာ့လစ်ဘရယ် တည်ငြိမ်မှု အားနည်းလာခြင်း သည် အခြားအရာများထက် အမေ ရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောင်းလဲသွားသော သဘောထား ကြောင့်ဖြစ်သည်။ အမေရိကန် နိုင်ငံက ပစိဖိတ်ဖြတ်ကျော်စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု၌ မပါ ဝင်နိုင် ဆုံးဖြတ်ခဲ့သလို ပါရီရာသီ ဥတုသဘောတူညီချက်မှလည်း နုတ်ထွက်ခဲ့သည်။ ထို့အပြင် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) နှင့် အီရန် နျူကလီး ယားသဘောတူညီချက်မှ နုတ် ထွက်မည်ဟုလည်း ထရန့်က ခြိမ်း ခြောက်ခဲ့သည်။ အခြားလူများ လည်း အသုံးချလာနိုင်သော အမျိုးသားလုံခြုံရေး အကြောင်းပြချက် ဖြင့် သံမဏိနှင့် အလူမီနီယံအ ပေါ် အခွန်အကောက်များ တစ် ဖက်သတ်ချမှတ်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရင်း ကမ္ဘာကြီးကို ကုန် သွယ်ရေးစစ်ပွဲ အန္တရာယ်ရှိစေခဲ့ သည်။ ယင်းအပြင် အမေရိကန် က နေတိုး မဟာမိတ်အဖွဲ့နှင့် အခြားမဟာမိတ် ဆက်ဆံရေးများ အပေါ် မေးခွန်းထုတ်ခဲ့သည်။ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးအ ကြောင်း မပြောသလောက်ဖြစ် ကာ ‘အမေရိကန်ပထမ’ ကြွေး ကြော်သံနှင့် ကမ္ဘာကြီး၏ လစ်ဘ ရယ်တည်ငြိမ်မှုသည် ပြဒါးတစ် လမ်း သံတစ်လမ်းဖြစ်သည်။

ပြောချင်သည်မှာ အမေရိ ကန်တစ်နိုင်ငံတည်းကို ဝေဖန်လို ခြင်းမဟုတ်ပေ။ အီးယူ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်အပါအဝင် ယနေ့ခေတ် အင်အားကြီးနိုင်ငံများ ကို ၎င်းတို့ လုပ်ဆောင်နေသော အရာ၊ လုပ်ဆောင်မှုမရှိသောအ ရာ (သို့မဟုတ်) နှစ်ခုစလုံးအ တွက် ဝေဖန်၍ ရနိုင်ပါသည်။

သို့သော် အမေရိကန်သည် သာမန်ကာလျှံကာ အခြားနိုင်ငံ တစ်နိုင်ငံမဟုတ်ပေ။ အမေရိကန် သည် ကမ္ဘာ့လစ်ဘရယ်တည်ငြိမ်မှု အဓိကဗိသုကာဖြစ်ကာ အဓိကက ကျားကန်ပေးထားသူလည်းဖြစ် သည်။ အဓိကအကျိုးအမြတ်ရနေ သူလည်းဖြစ်သည်။

နှစ်ပေါင်း ၇၀ ကျော် ၎င်း ပါဝင်လှုပ်ရှားခဲ့သော အခန်းကဏ္ဍ ကို စွန့်လွှတ်ရေး အမေရိကန်၏ ဆုံးဖြတ်ချက်သည် အချိုးအကွေ့ တစ်ခုဖြစ်သည်။ ကမ္ဘာ့လစ်ဘ ရယ်တည်ငြိမ်မှုသည် ၎င်းဘာသာ မရှင်သန်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် အခြားနိုင်ငံများက ယင်း ကို ထိန်းသိမ်းရန် စိတ်မဝင်စား (သို့မဟုတ်) အင်အားမရှိသော ကြောင့် ဖြစ်သည်။ ယင်းအတွက် ရလဒ်သည် အမေရိကန်နိုင်ငံသား များနှင့် အခြားလူများအားလုံးအ တွက် လွတ်လပ်မှု ပိုနည်းသော၊ စည်ပင်ဝပြောမှု ပိုနည်းသော၊ ငြိမ်းချမ်းမှု ပိုနည်းသော ကမ္ဘာကြီးပေါ် ထွက်လာခြင်းဖြစ်ပေမည်။

—Ref: Liberal World Order, RIP