ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ်ဇူကာဘက်နှင့်တွေ့ဆုံခြင်း

‘‘ကျွန်တော်တို့မှာ လူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ အခြေခံကျတဲ့ တာဝန်တစ်ရပ်ရှိပါတယ်’’
KAY NIETFELD / EPA

သမ္မတဒေါ်နယ်ထရန့်ရဲ့ ၂၀၁၆ မဲဆွယ်ရေးအဖွဲ့နဲ့ အဆက်အ သွယ်ရှိတဲ့ အချက်အလက် စုဆောင်းရေး လုပ်ငန်းတစ်ခုဖြစ် တဲ့ Cambridge Analytica ဟာ ဖေ့စ်ဘွတ်ခ်ကမသိဘဲနဲ့ ဖေ့စ် ဘွတ်ခ်သုံးစွဲသူ သန်း ၅၀ ရဲ့ သတင်း
အချက်အလက်တွေဆီကို ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာပြီး ရက်ပိုင်းအကြာမှာ စီအင်န်အင်န်သတင်းဌာနက ဖေ့စ်ဘွတ်ခ်တည်ထောင်သူ အမှု ဆောင်အရာရှိချုပ် မာ့ခ်ဇူကာ ဘက်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


အဲဒီအရှုပ်တော်ပုံအတွက် မာ့ခ်ဇူကာဘက်က တောင်းပန်ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မှာ မကောင်းသူတွေ ကြားဝင် နှောင့်ယှက်တာကို ကာကွယ်ဖို့ ဖေ့စ်ဘွတ်ခ်ရဲ့ ကြိုးစားအားထုတ် မှုတွေအကြောင်း ဆွေးနွေးထားပြီး သူ့ရဲ့ စိတ်မကောင်းဖြစ်ရပုံကို ပြောပြထားပါတယ်။

ကျွန်မ အခြေခံကျတဲ့ မေးခွန်းတစ် ခုနဲ့ပဲ စပြီးမေးပါမယ်။ မာ့ခ် ဘာ ဖြစ်သွားတာလဲ။ ဘာမှားသွားတာ လဲရှင့်။

အင်း...ဒါက ယုံကြည်မှုကို ကြီးကြီးမားမားချိုးဖောက်မှုတစ်ခု ပါ။ ပြီးတော့ ဒီကိစ္စဖြစ်ခဲ့တာအ တွက် ကျွန်တော် တောင်းပန်ပါ တယ်။ ကျွန်တော်တို့မှာ လူတွေရဲ့ အချက်အလက်တွေကို ကာကွယ် ဖို့ အခြေခံကျတဲ့ တာဝန်တစ်ရပ်ရှိ တာ ခင်ဗျားသိပါတယ်။ ကျွန် တော်တို့ အဲဒါကို မလုပ်နိုင်ဘူးဆို ရင်တော့ လူတွေကို ဝန်ဆောင်မှု ပေးမယ့်အခွင့်အရေး ကျွန်တော် တို့ မရထိုက်ပါဘူး။ ဒါကြောင့် အခုကျွန်တော်တို့ရဲ့ တာဝန်က ဒါမျိုး ထပ်မဖြစ်အောင် အသေအချာ လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲဒါကို အသေအချာလုပ်ဖို့ ကျွန် တော်တို့ လိုအပ်တယ်လို့ ကျွန် တော်ထင်တဲ့၊ အခြေခံကျတဲ့ ကိစ္စ နည်းနည်းရှိနေပါတယ်။ တစ်ခုက တော့ သတင်းအချက်အလက်တွေ အများကြီးရသွားပြီးတော့ မလျော် မကန်သုံးခဲ့တဲ့ အလက်ဇန်းဒါးကို ဂန်လို ဆော့ဖ်ဝဲရေးသူမျိုးတွေ နောက်ထပ်သတင်းအချက်အ လက်များများ မရအောင်၊ သေချာ အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ ကြောင့် ဆော့ဖ်ဝဲရေးသူတွေ နောက်ထပ်သတင်းအချက်အ လက်များများစားစား မရနိုင် အောင် တားမြစ်မယ့်ဟာတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါပေမဲ့ တခြားဟာကတော့ နောက်ထပ် တခြား Cambridge Analytica လုပ်ငန်းလိုမျိုး မရှိတော့အောင် သေချာလုပ်ဖို့လိုပါတယ်။

ကျွန်တော်တို့ အက်ပလီကေး ရှင်းထောင်နဲ့ ချီပြီးတော့ ပြန်သုံး သပ်သွားပါမယ်။ ဒါကြောင့် ဒါ ဟာ အထူးဆောင်ရွက်မှုတစ်ခုဖြစ် ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အရေး ကြီးပါတယ်။

Cambridge Analytica လုပ်ငန်း ကို ရှင်တို့ တရားဥပဒေအရ အရေးယူသွားမှာလား။

အင်း... ကျွန်တော်တို့လုပ်ဖို့ ပထမဆုံး လိုအပ်တာကတော့ ဖြစ်ခဲ့တာကို တကယ်နားလည် သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျား သိလား။ လောလောဆယ်မှာ Cambridge Analytica ဟာ သတင်းအချက်အ လက်တွေကို ရယူနိုင်ဆဲပဲဆိုတဲ့ တိုင်းမ်၊ ဂါးဒီးယန်းနဲ့ ချန်နယ်ဆဲ ဗင်းသတင်းဌာနတွေက သတင်း တွေ ကျွန်တော်တို့ ရထားတယ်။ ဒါပေမဲ့ ပထမဆုံး ကျွန်တော်တို့ လုပ်ဖို့လိုတာကတော့ စစ်ဆေးမှု ပြီးစီးဖို့ပဲ ဖြစ်ပါတယ်။ အတိုဖြေရ ရင် ကျွန်တော်တို့ ဝင်ရောက်ပြီး တော့ Cambridge Analytica လုပ်ငန်းက အဲဒီအချက်အလက် တွေကို ရယူနိုင်ဆဲပဲဆိုတာ စစ် ဆေးတွေ့ရှိရင် ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းထဲက လူတွေရဲ့ အချက်အလက်တွေ ကာကွယ်ပြီး သားဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် တရားဥပဒေ နည်းလမ်းအားလုံး ကျွန်တော်တို့ လုပ်ပါမယ်။

ရှင်ဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီမှာပြောနေလို့ အဲဒီဖြစ် ရပ်ရှေ့မှာ မားမားမတ်မတ်မရပ်ခဲ့ ဘူးလို့ ပြောနေကြတဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကို တုံ့ပြန်ပေးပါ။

အင်း... အဲဒီလိုအဆင့်တွေ ကို ကျွန်တော်တို့ စောစောပိုင်းက တည်းက ဆောင်ရွက်ခဲ့ချင်တာ ရှင်းပါတယ်။ ကျွန်တော်ဆိုလိုတာ က အဲဒါဟာ ကျွန်တော်တို့ လုပ်ခဲ့ ဖူးသမျှထဲမှာ အကြီးဆုံးအမှားဖြစ် နိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်အသိုင်း အဝိုင်းရဲ့ တုံ့ပြန်မှုတွေနဲ့ ကမ္ဘာကြီး က တစ်ခဲနက်ဖြစ်နေတာတွေမှာ ခင်ဗျားတို့ အချက်အလက်တွေကို ယူလို့ ရနိုင်အောင်နဲ့ မိတ်ဆွေတွေ ဆီက တချို့အချက်အလက်တွေ ဟာ တခြားတစ်ဖက်မှာ လူမှုရေး အတွေ့အကြုံတွေရှိရမယ်။ တစ် ဖက်မှာ အက်ပလီကေးရှင်းတွေ ရယ်ကို ဟန်ချက်ညီအောင်လုပ် မယ်ဆိုရင် ဒါက အချက်အလက် တွေ ရွှေ့ပြောင်းနိုင်မှု ဖြစ်နိုင်ခြေ လိုမျိုးပဲ ကျွန်တော်တို့ ဒီမှာ လုပ် ထားပါတယ်။ တခြားတစ်ဖက်မှာ ခင်ဗျားတို့ရဲ့ အချက်အလက်တွေ အမြဲတမ်းလုံခြုံနေအောင် သေချာ လုပ်ရပါတယ်။ 

ရှင့်ရဲ့ လုပ်ငန်းပုံစံက ဒီမှာ အစမ်း သဘောလား။

ခင်ဗျား သိလား။ ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်လို့ တလွဲယူဆချက်က ကျွန်တော်တို့က အချက်အလက် တွေကို ရောင်းစားနေတယ်ဆိုတာ ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သတင်းအချက်အလက်ကို မှ၊ ဘယ်သူ့ဆီကိုမှ မရောင်းပါဘူး။ အဲဒါဟာ ဒီလုပ်ငန်းပုံစံရဲ့ တကယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှစ်ခုစလုံးက လူတွေရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကာကွယ် ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ အများကြီးရဲ့ အပြိုင်အဆိုင်အကျိုး ကျေးဇူးကို ခင်ဗျားသိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် တည်ဆောက်နိုင်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့က အချက်အလက်တွေကို ထုတ်ယူလို့မရစေ ချင်ဘူး။ အဲဒီလိုဖြစ်တဲ့ အချိန်မှာ အဲဒါဟာ ကျွန်တော်တို့ အသိုင်းအ ဝိုင်းထဲက လူတွေအတွက် မကောင်းဘူး။ အဲဒါဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းအတွက် မကောင်း ဘူး။ 

ရုရှားကြားဝင်စွက်တာ (ဒါမှ မဟုတ်) သတင်းအတုတွေ စကား ကိစ္စတွေမှာ ကျွန်တော်တို့ဟာ ကိစ္စအတော်များများမှာရှိသင့် သလောက် အမြင့်ဆုံးမှာ မရှိခဲ့ ဘူးဆိုတာ ၂၀၁၆ က ရှင်းရှင်း လင်းလင်းဖြစ်ခဲ့တယ်လို့ ကျွန် တော်ထင်တယ်။ ဒါပေမဲ့ အဲဒီ နောက်ပိုင်းမှာ ကျွန်တော်တို့ မြင် တွေ့ခဲ့ရတာက လပိုင်းအကြာမှာ အရေးပါတဲ့ ပြင်သစ်ရွေးကောက် ပွဲကျင်းပခဲ့တယ်။ ရုရှားရဲ့ အေး ဂျင့်တွေကို ဖော်ထုတ်ဖို့နဲ့ ဖြစ်နိုင် တဲ့ ရုရှားကြားဝင်စွက်မှုကို ဖော် ထုတ်ဖို့ အများကြီး ပိုလုပ်ဆောင် တဲ့ မှတ်ဉာဏ်တု ဆော့ဖ်ဝဲတချို့ ကျွန်တော်တို့ တပ်ဆင်ထားခဲ့ပါ တယ်။ 

အဲဒါအလုပ်ဖြစ်ခဲ့ပုံနဲ့ပတ် သက်လို့ ကျွန်တော်တို့ အများကြီး ပျော်ရွှင်ခဲ့ရပါတယ်။ ၂၀၁၇ က အလာဘားမားပြည်နယ် လွှတ် တော်အမတ်နေရာအတွက် အထူး ရွေးကောက်ပွဲမှာ သတင်းအတု တွေဖြန့်ဖို့ ကြိုးစားတဲ့အကောင့် အတုတွေကို စစ်ဆေးဖော်ထုတ်ဖို့ ကျွန်တော်တို့ တည်ဆောက်ထား တဲ့ မှတ်ဉာဏ်အတု ဆော့ဖ်ဝဲ အသစ်တချို့ တပ်ဆင်ထားခဲ့ပါ တယ်။ မက်ဆီဒိုးနီးယားပြည်နယ် က မတူတဲ့အကောင့်တွေ အများ ကြီးထွက်ပေါ်လာခဲ့တာ ကျွန် တော်တို့ တွေ့ခဲ့ရတယ်။ ရုရှားလို နိုင်ငံရေးအစိုးရတွေအတွက် ရွေး ကောက်ပွဲ ကြားဝင်စွက်ဖက်ဖို့ ပို ခက်ခဲလာစေအောင် ကျွန်တော် တို့ လုပ်ဆောင်ဖို့ လိုအပ်တဲ့၊ ခက် ခဲတဲ့ အလုပ်တွေ အများကြီးရှိနေ ပါတယ်။ ၂၀၁၈ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုအတွက် ပဲမဟုတ်ဘဲနဲ့ အိန္ဒိယ၊ ဘရာဇီး စတဲ့ ကမ္ဘာတစ်ဝန်းက ကြီးကျယ် တဲ့ ရွေးကောက်ပွဲတွေအတွက် ကျွန်တော်တို့ ဆောင်ရွက်ဖို့ လို အပ်တဲ့ဟာတိုင်းကို ဆောင်ရွက် ပေးသွားဖို့ ကျွန်တော်တို့ တကယ် ကတိပြုထားပါတယ်။

ခုအချိန်မှာ မကောင်းသူတွေက အမေရိကန် ကြားဖြတ်ရွေး ကောက်ပွဲမှာ ကြားဝင်စွက်ဖို့ ဖေ့စ်ဘွတ်ခ်ကို သုံးနေကြတယ်လို့ ရှင် ထင်လား။

တစ်ယောက်ယောက် ကြိုး စားနေမယ်ဆိုတာတော့ ကျွန် တော် သေချာသိတယ်။ မှန်လား။ ၂၀၁၆ က ရုရှားကြိုးပမ်းခဲ့တဲ့ ပုံစံ ရဲ့ ပုံစံနှစ်မျိုးရှိနေတာ သေချာ တယ်။ အဲဒါကို သူတို့ ကြိုးစားနေ တာသေချာတယ်။ ကျွန်တော်တို့ စောင့်ကြည့်လေ့လာပြီး ရှေ့က ဝင်ရပ်ပေးဖို့၊ အသေအချာလုပ် ဆောင်ဖို့ လိုအပ်တဲ့ နည်းလမ်း သစ်တချို့ ရှိပါလိမ့်မယ်။ ကျွန် တော်တို့ အဲဒီလိုလုပ်မှာ သေချာ ပါတယ်။ 

ရှင်သိလား။ သူတို့ရဲ့ရှေ့မှာ ဝင် ရောက်မယ့်အကြောင်း ပြောတာ သူတို့က ဘာလဲဆိုတာ ရှင်သိ လား။

ဟုတ်ကဲ့။ ကျွန်တော်တို့ ရှေ့ က ဝင်ဖို့လိုအပ်တယ်ဆိုတဲ့ ခြား နားတဲ့ စိတ်ခံစားချက်တချို့ ကျွန် တော်တို့မှာ ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့မှာ၊ ကုမ္ပဏီမှာ မတူညီတဲ့ လူတွေ အများကြီးရှိတယ်။ 

နည်းပညာတွေ တည်ဆောက် တဲ့လူတွေ ဒီလိုကိစ္စအတော်များ များက ကိစ္စတွေကို လူတွေက ပြန်သုံးသပ်ဖို့လိုတယ်။ ကုမ္ပဏီ မှာ လုံခြုံရေးနဲ့ပတ်သက်လို့ အလုပ် လုပ်နေတဲ့ လူအရေအတွက်ကို ဒီနှစ်မှာ ကျွန်တော်တို့ နှစ်ဆတိုး ထားပြီး အကြီးမားဆုံး ကတိပြုမှု တွေထဲက တစ်ခုလုပ်ထားပါ တယ်။ ကျွန်တော်တို့မှာ လုံခြုံရေး နဲ့ပတ်သက်လို့ အလုပ်လုပ်တဲ့လူ ၁၅,၀၀၀ လောက် ရှိပါတယ်။ ကျန်တာတွေကို အခုသုံးသပ်နေ ပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖို့ အခုကြိုးစားနေတဲ့ မကောင်းသူတွေကို ရှင်အတိ အကျမြင်နေပြီလား။

ကျွန်တော်တို့ မြင်ထားတာ က ကွဲလွဲမှုတွေကို ပြုပြင်ဖို့ ကြိုး ပမ်းနေသူတွေ အများကြီးပဲ ဟုတ် လား။ ဒါကြောင့် အဲဒါဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက အသုံး ချဖို့ ကြိုးစားတာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အဓိကနည်းပဲ။ တကယ်တော့ သူတို့လုပ်ဆောင်တာ အများစုက တိုက်ရိုက်မဟုတ်ဘူး။ ကျွန်တော်တို့ တွေ့ထားတဲ့ အချက်အလက်တွေဆီကနေ ပြောပြနိုင် သလောက် ပြောရရင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိုက်ရိုက်မဟုတ် ပေမယ့် လူတွေကို သဘောကွဲ အောင် ပိုပြီးလုပ်နေတာပါ။ ခင် ဗျားသိလား။ သူတို့က ရွှေ့ပြောင်း နေထိုင်မှု လိုလားတဲ့ ပြုပြင်ပြောင်း လဲရေး အဖွဲ့တစ်ဖွဲ့ သူတို့ဖွဲ့ပြီး တော့ လူတွေအချင်းချင်း အချင်း များစေအောင် ကြိုးစားတာအနေ နဲ့ ရွှေ့ပြောင်းနေထိုင်မှု ပြုပြင် ပြောင်းလဲရေး ဆန့်ကျင်ရေးအဖွဲ့ တစ်ဖွဲ့ကို သူတို့ ဖွဲ့မယ်။ ပြီးတော့ ဒီဟာ အတော်များများကို အ ကောင့်အတုတွေနဲ့ လုပ်ခဲ့တာဖြစ် တယ်။ ကျွန်တော်တို့ အရာအား လုံးကို ရှာဖွေတွေ့ရှိမယ်လိုတော့ ကျွန်တော် ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် ကတိပေးနိုင် တာတော့ အဲဒီလူတွေ အဲဒီလိုလုပ် ဖို့ ခက်ခဲနိုင်သလောက် ခက်ခဲ အောင် ကျွန်တော်တို့ လုပ်ဆောင် မယ်ဆိုတာပါပဲ။ 

အမေရိကန်နဲ့ ဗြိတိန်က လွှတ် တော်အမတ်တွေက ရှင့်ကို စစ် ဆေးခံဖို့ ညွှန်ကြားထားတယ်။ လူတိုင်းက ရှင့်ကို ရောက်လာစေ ချင်ကြတယ်။ လွှတ်တော် ရှေ့ မှောက်မှာ ရှင်စစ်ဆေးခံမလား။

အတိုဖြေရရင် ကျွန်တော် ပျော်ပျော်ပဲ စစ်ဆေးခံပါတယ်။ အဲဒါဟာ လုပ်ဖို့မှန်ကန်တယ်ဆို ရင်ပေါ့။ ထင်ရှားတဲ့ ကိစ္စတချို့နဲ့ တချို့ မထင်ရှားတဲ့ကိစ္စအတော် များများနဲ့ပတ်သက်လို့ ဖေ့စ် ဘွတ်ခ်က လွှတ်တော်မှာ ပုံမှန် စစ်ဆေးခံပါတယ်။ ကျွန်တော်တို့ ရဲ့ ဦးတည်ချက်က အရမ်းအရေး ကြီးတဲ့အလုပ်ကို လုပ်နေတဲ့ လွှတ် တော်ကို သူတို့ရနိုင်မယ့် အများ ဆုံး သတင်းအချက်အလက်တွေရ စေအောင် အမြဲပေးဖို့ပဲ ဖြစ်ပါ တယ်။

ဒီနေရာမှာ အန္တရာယ်တွေရှိနေ တော့ ဖေ့စ်ဘွတ်ခ်ကို ဘာလို့ ဥပဒေ မစည်းကြပ်သင့်တာလဲ။

ကျွန်တော်တို့ကို ဥပဒေ မစည်းကြပ်သင့်ဘူးရယ်လို့ ကျွန် တော် တကယ်မသေချာဘူး။ အ ထွေထွေနည်းပညာမှာ ကျွန်တော် ထင်တာက ကမ္ဘာမှာ အရေးပိုကြီး လာတဲ့ လမ်းကြောင်းပုံစံတစ်ခုဖြစ် ပါတယ်။ မေးခွန်းက ဘယ်ဟာက မှန်ကန်တဲ့ ဥပဒေစည်းကြပ်မှုလဲ ဆိုတာပါ။ ဥပဒေစည်းကြပ်သင့် တယ်၊ မကြပ်သင့်ဘူးဆိုတာ မဟုတ်ဘူး။ 

မှန်ကန်တဲ့ ဥပဒေစည်းကြပ်မှုက ဘာပါလဲ။

အင်း... အခြေခံကိစ္စတချို့ ရှိပါတယ်။ ပြီးတော့ အသိဉာဏ် ပညာဆိုင်ရာ အချေအတင်ပြော ဆိုမှုကြီးတချို့ရှိတယ်လို့ ကျွန် တော်ထင်တယ်။ အခြေခံကျတဲ့ ဘက်မှာ ကျွန်တော် မြင်တွေ့ချင် တဲ့ ကြော်ငြာဆိုင်ရာ ပွင့်လင်းမြင် သာမှုရှိရေး ဥပဒေစည်းကြပ်တာ မျိုးလိုကိစ္စတွေ ရှိတယ်လို့ ကျွန် တော်ထင်တယ်။ ရုပ်သံနဲ့ ပုံနှိပ် မီဒီယာမှာ ကြော်ငြာတာတွေကို ဘယ်လောက်ဥပဒေစည်းကြပ် သလဲဆိုတာကို ကြည့်မယ်ဆိုရင် အင်တာနက်ပေါ်မှာ ဘာကြောင့် လျှော့ပြီးလုပ်သင့်တယ်ဆိုတာ မရှင်းဘူး။ ကျွန်တော်တို့မှာ တူညီ တဲ့ ပွင့်လင်းမြင်သာမှုအတိုင်းအ တာလိုအပ်တယ်။ အဲဒီဥပဒေ ကြမ်းက အတည်ဖြစ်လာမလား ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ တကယ်ကြိုး စားနေတဲ့ လွှတ်တော်အမတ်တစ် ယောက်၊ နှစ်ယောက်လောက်ကို တော့ ကျွန်တော်သိထားတယ်။

ဒါနဲ့ ရှင်ဖေ့စ်ဘွတ်ခ်ရဲ့ ခေါင်း ဆောင်ဖြစ်လာတာ ၁၄ နှစ်ရှိပြီ။ ရှင်ဖြတ်သန်းခဲ့တဲ့ အချိန်တွေအား လုံးကို ပြန်ကြည့်ရင် ကျွန်မတို့ ရှင့် ဆီက ကြားခွင့်မရခဲ့လို့ ပုဂ္ဂိုလ်ရေး အရဆိုရင် နောင်တရခဲ့တဲ့ အခိုက် အတန့် ရှင့်မှာရှိလား။

အိုး... ကျွန်တော်မသိဘူး။ ကျွန်တော်ဆိုလိုတာ ကျွန်တော် လုပ်ခဲ့တဲ့အမှားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ဟာ ဒီ ကုမ္ပဏီကို (၁၉)နှစ်အရွယ်က စခဲ့ တာပါ။ ကလေးအရွယ်ကပေါ့။

—Ref: CNN